ဘဝရဲ့အဆိုးဆုံးအခြေအနေမှ အကောင်းဆုံးကို ထိုးထွက်ခဲ့သူ ဝင်နီဟာလို

blank

ဝင်နီဟာလို(Winnie Harlow) ဆိုတာ ယနေ့ကမ္ဘာ့အကျော်ကြားဆုံးမော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

မော်ဒယ်လ်ပေမဲ့ တခြားမိန်းကလေးတွေလို ပြစ်မျိုးမှဲ့မထင်မဟုတ်ဘဲ ကြမ်းတမ်းတဲ့ဘဝခ ရောင်းလမ်းကို ရုန်းကန်ကျော်ဖြတ်လာခဲ့ရသူလေးဆိုလည်း မမှားပါဘူး။ ဟာလိုဟာ အသက် ၄-နှစ်အရွယ်မှာပဲ ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ vitiligo အမည်ရှိတဲ့ အရေပြားရောဂါကို စတင်ရင်ဆိုင်ခဲ့ရ ရှာပါတယ်။ အဲ့ဒီရောဂါဟာ သဘာဝအသားအရေအရောင်ပျောက်သွားပြီး အဖြူကွက်တွေပေါ်လာ တာပါ။ များသောအားဖြင့် လူမည်းတွေမှာ အဖြစ်များပါတယ်။ ဟာလိုနဲ့ သူမရဲ့မိသားစုဟာ ဟာလိုမှာ အဲ့ဒီရောဂါဖြစ်လာတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပါတယ်။ ဒါပေမဲ့ ဟာလိုဟာ ကျောင်းကို ပြန်တက်ခဲ့တယ်။ အကွက်တွေက ဟာလိုခန္ဓာကိုယ်မှာ ပိုထင်သာမြင်သာ တိုးလာခဲ့သလို အရေပြား ဆဲလ်တွေကလည်း လျင်လျင်မြန်မြန်ပဲ သေဆုံးသွားကြတယ်။ ဟာလိုဟာ ကျောင်းမှာလည်း အများနဲ့ မတူတဲ့ အရေပြားကြောင့် မြင်းကျား၊ ဖြူဖွေး စတဲ့နာမည်ပြောင်တွေနဲ့ အခေါ်ခံရပြီး အမြဲတမ်းလည်း အနိုင်ကျင့်ခံခဲ့ရရှာတယ်။ အလယ်တန်းကျောင်းအရွယ်မှာတော့ သူမရဲ့အခြေအနေဟာ အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါပေမဲ့ နှစ်ပေါင်းများစွာကျော်ဖြတ်လာပြီးနောက်မှာတော့ ဟာလိုဟာ ငြင်းဆန်မရတဲ့ သူမရဲ့ အသားအရေကို စတင်ချစ်လာခဲ့တယ်။ သူမဘဝ စိတ်ချမ်းချမ်းသာသာနဲ့နေထိုင်ရဖို့အတွက် သူမရဲ့ လက်ရှိအခြေအနေကို လက်ခံဖို့ ကြိုးစားရမယ်ဆိုတာကိုလည်း သူမ သဘောပေါက်လာခဲ့တယ်။ ဒီလို နဲ့ပဲ ဟာလိုဟာ vilitigo  ရောဂါသည်တို့ရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး ကမ္ဘာကြီးရဲ့ဆိုရှယ်မီဒီယာကဏ္ဍ အရှိန်အဟုန်နဲ့တိုးတက်ဖွံ့ဖြိုးကျယ် ပြန့်လာချိန်မှာ ဟာလိုဟာ သူမရဲ့ဘဝကို ကမ္ဘာကအသိအမှတ်ပြုအောင် ချပြဖို့ အခွင့်အရေးကို သိမြင် လာခဲ့ပါတယ်။ လက်ရှိမှာ ဟာလိုဟာ သူမရဲ့ Instagram account ဖြစ်တဲ့ @winnieharlow မှာ followers ခြောက်သိန်းကျော်ရှိပြီး တွစ်တာ(Twitter) မှာတော့ နှစ်သိန်းကျော်ရှိပါတယ်။ သူမရဲ့ ၅ ပေ ၁ဝလက်မရှိတဲ့ အရပ်အမြင့်နဲ့ အများနဲ့မတူညီတဲ့အသားအရေတွေဟာ ဟာလိုကို မော်ဒယ်လ် လျှောက်လမ်းပေါ်မှာ ထင်ရှားတဲ့ပုံရိပ်တစ်ခုဖြစ်စေခဲ့ပါတယ်။ တခြားသူတွေနဲ့မတူညီတဲ့ သူမရဲ့မျက် နှာအချိုးအစားကလည်း သူမကို ပြိုင်ဘက်ကင်းတဲ့မော်ဒယ်လ်တစ်ယောက်ဖြစ်စေခဲ့တယ်။

စာချစ်သူတို့ရေ…

ဟာလိုဟာ ဘဝရဲ့ လုံးဝအနှုတ်လက္ခဏာအခြေအနေတစ်ခုကနေ အပေါင်းလက္ခဏာဖြစ် အောင် ပြောင်းလဲပစ်နိုင်ခဲ့တယ်။ ဒါဟာ တကယ့်ကို အတုယူအားကျစရာ စိတ်ဓာတ်ကြံ့ခိုင်မှုဖြစ်ပါ တယ်။ ဟာလိုဟာ ကြီးမားလှတဲ့ စိတ်ဓာတ်ကျစရာအခြေအနေ၊ မလိုချင်တဲ့ ကံတရားနဲ့ ပြင်းထန်တဲ့ ဖိအားတွေကို ကြံ့ကြံ့ခံရုန်းကန်ထိုးဖောက်ခဲ့သူလေးဖြစ်ပါတယ်။ လူတိုင်းမှာ အနာဂတ်ရှိသင့်ပြီး အဲ့ဒီ အနာဂတ်ကို လက်ရှိဘဝမှာ ဘယ်လိုပဲကြုံနေရပါစေ၊ ဇွဲလုံ့လရှိရှိနဲ့ ထိုးဖောက်သွားရင် ပတ်ဝန်းကျင် ကိုပါ ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ဟာလိုရဲ့ဘဝဇာတ်လမ်းက မီးမောင်းထိုးပြသွားပါတယ်။

စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာစောင်လေးကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။