ရင်သွေးငယ်ငယ် ဒေါသအိုးလေးတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ

blank
၁။ မွေးကင်းစအရွယ်

တချို့မွေးကင်းစကလေးငယ်တွေက တခြားကလေးငယ်တွေထက် ဒေါသပိုကြီးနေတာဟာ ကလေးမိခင်နဲ့လည်း ဆက်စပ်နေပါတယ်။ မိခင်တွေဟာ ကိုယ်ဝန် ဆောင်နေစဉ်အတွင်းမှာ စိတ်ဖိစီးမှုတွေဖြစ်တတ်တဲ့အတွက် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းတွေက ဗိုက်ထဲကကလေးအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ ဒါဟာ မွေးကင်းစကလေးငယ်လေး တွေ ဒေါသကြီးရတဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဖြေရှင်းနည်း။ ။ကလေးကို ဂရုစိုက်မှုများများပေးပါ။ မွေးစအစောပိုင်းလတွေမှာ ကောင်းစွာဂရုစိုက် မခံရတဲ့ကလေးငယ်တွေဟာ တခြားကလေးတွေထက် ပိုစိတ်ဆိုးဒေါသထွက်လွယ်တတ်ကြပါတယ်။

၂။ မူကြိုအရွယ်

မူကြိုအရွယ်ဟာ လွတ်လပ်ခွင့်တချို့လိုချင်လာတဲ့ အချိုးအကွေ့အရွယ်ဖြစ်ပါတယ်။ သူတို့အ ရွယ်ရဲ့လက်သုံးစကားကတော့ လူကြီးတွေဘာပြောပြော “ ဟင့်အင်း” ဆိုတဲ့ ငြင်းဆန်စကားပါပဲ။ သူ တို့အရွယ်လေးတွေအတွက်လည်း အဲ့ဒီအချိုးအကွေ့ကခက်ခဲပါတယ်။ သူတို့ခံစားချက်ကိုသူတို့ ကိုယ် တိုင်ကောင်းကောင်းနားမလည်နိုင်သေးတဲ့အတွက် စိတ်ရှုပ်ထွေးမှုတွေ အလွယ်တကူ ဖြစ်ပေါ်နိုင်ပါ တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဖြေရှင်းနည်း။ ။ စည်းမျဉ်းလေးတွေချမှတ်ပေးပြီး ဖြေရှင်းသင့်ပါတယ်။ ဥပမာ- ကလေးက နံရံပေါ်မှာ စာရေးနေတယ်ဆိုရင် မိဘတွေအနေနဲ့ “ နံရံပေါ်မှာ စာရေးရင် ညစ်ပတ်တာပေါ့ သားရဲ့။ စာရွက်ပေါ် မှာပဲ စာရေးနော်။ နောက်တစ်ခါ နံရံပေါ်မှာထပ်ရေးရင် အပြစ်ပေးခံရမယ်နော် ” ဆိုတာမျိုး ပြောပြပါ။ ဒါမှသာ ကလေးအနေနဲ့ လွတ်လပ်ခွင့်မှာ အကန့်အသတ်ရှိတယ်ဆိုတာ နားလည်သွားမှာဖြစ်ပါတယ်။

၃။ ကျောင်းနေအရွယ်

ကျောင်းနေအရွယ်ကလေးတွေကတော့ ဆင်ခြင်တွေးဆနိုင်ပြီဖြစ်တဲ့အတွက် သူတို့ဒေါသ ထွက်ရတဲ့ အကြောင်းရင်းကို သူတို့သိနေပြီဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်း ဖို့ ပိုအဆင်ပြေပါတယ်။
ဖြေရှင်းနည်း။ ။ ကလေးဒေါသထွက်နေရတဲ့အကြောင်းရင်းကို သိအောင်လုပ်ပြီး ပြေလည်အောင် သေချာရှင်းပြပါ။ ဥပမာ- သူ့ထက်ငယ်တဲ့ကလေးလေးကို မိဘတွေက ပိုချစ်မှာစိုးရိမ်တာမျိုးဆိုရင် မိဘတွေအနေနဲ့ ခါတိုင်းထက်ပိုတဲ့ဂရုစိုက်မှုတွေနဲ့ ကလေးရဲ့ခံစားချက်ကို ပြေပျောက်အောင်ဖယ် ရှားပေးနိုင်ပါတယ်။

၎။ ဆယ်ကျော်သက်အရွယ်။

ဒီအရွယ်ဟာ သတ္တဗေဒအရ ဟော်မုန်းတွေရုန်းကြွလာပြီး ပုန်ကန်ချင်လာတတ်ပါတယ်။ ဒါ့အ ပြင် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်ပေါ်စေတဲ့တစ်စုံတစ်ရာက တွန်းကန်ချင်တဲ့သတ္တိတွေကို လှုံ့ ဆော်ပေးတဲ့အတွက် ကိုင်တွယ်ရခက်တဲ့အရွယ်လည်းဖြစ်ပါတယ်။ အဖြစ်များဆုံးကတော့ အရွယ် ရောက်လာတဲ့ ဆယ်ကျော်သက်ကလေးများနဲ့ အသက်ကြီးလာတဲ့မိဘတွေကြားမှာ တွေးခေါ်ယူဆမှု ကွာဟချက်ပြဿနာတွေပါ။

ဖြေရှင်းနည်း။ ။ မိဘနဲ့ကလေးတွေကြားမှာ ခိုင်မြဲတဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်မယ်ဆိုရင် နားလည်မှုတွေနဲ့ ညှိုနှိုင်းဖို့ ပိုမိုလွယ်ကူပါတယ်။ ကလေးဒေါသထွက်နေရတဲ့အကြောင်းကို သေချာလေ့ လာစူးစမ်းပါ။ ကျောင်းမှာ စာမလိုက်နိုင်တာ၊ အပေါင်းအသင်းကိစ္စအဆင်မပြေတာမျိုးဆိုရင် ကူညီနိုင် မယ့်နည်းလမ်းတွေ ရှာဖွေပါ။ မိသားစုပြဿနာတွေကြောင့်ဆိုရင် ပိုမိုနွေးထွေးမှုတွေပေးပါ။ အချိန်ပေး ပါ။ မိဘတွေအနေနဲ့ ကလေးအတွက် မနိုင်ဝန်တွေဖြစ်စေမယ့် အလွန်အကျွံဖိအားပေးမှုတွေကို ရှောင် ကြဉ်ပါ။ ဒီလိုမဟုတ်ဘဲ ကလေးအနေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတဲ့၊ ဒါမှမဟုတ် ယုံကြည်မှု အားနည်းလွန်းတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုမျိုးကြောင့် ဒေါသထွက်နေတာဆိုရင် ဒေါသပြေပျောက်စေ မယ့်နည်းလမ်းလေးတွေကို လမ်းညွှန်ပေးပါ။ ဖတ်စရာစာအုပ်လေးတွေလမ်းညွှန်ပေးတာ၊ တရားထိုင် တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ အားကစားတစ်ခုခုလိုက်စားစေတာမျိုးတွေက စိတ်ပျော်ရွှင် စေတဲ့ အန်ဒေါ်ဖင် (endorphins)  ဓာတ်တွေကို ထုတ်လွှတ်ပေးပြီး စိတ်ဓာတ်ကျမှု၊ မောပန်းနွမ်းလျမှုနဲ့ ဒေါသထွက် မှုတွေကို လျော့ပါးသက်သာစေပါတယ်။

ယခုဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။