ခန္ဓာကိုယ်ကို ပိန်သွယ်သယောင် ထင်ရစေမယ့် ဝတ်စားဆင်ယင်မှု လျှို့ဝှက်နည်းလမ်းများ

blank

 ၁။ အင်္ကျီဆိုဒ်ကို မှန်ကန်စွာ ရွေးချယ်ပါ။ ခန္ဓာကိုယ်ကို ပိုဝသွားသယောင်ထင်စေမယ့် အင်္ကျီအပွကြီးတွေလည်း မဝတ်ပါနဲ့။ ခန္ဓာကိုယ်ပေါ်က အဆီတွေကိုပိုမို ပေါ်လွင်စေတဲ့ ကိုယ်ကျပ်အင်္ကျီတွေကိုလည်း မဝတ်ပါနဲ့။  

၂။ အရည်အသွေးကောင်းတဲ့ ကိုယ်ကျပ်အတွင်းခံအင်္ကျီတွေ၊ ဗိုက်ချပ်ဘောင်းဘီတွေကို ဝတ်ပါ။ ဒါပေမဲ့ သက်တောင့်သက်သာရှိမှုဟာ လှပမှုထက် ပိုပြီး အရေးပါတယ်ဆိုတာကိုလည်း သိထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဂျင်းဘောင်းဘီဝတ်တဲ့အခါ အောက်ခြေအနားက ခြေမျက်စိနဲ့ကွက်တိနေရာမှာပဲ ရှိနေသင့်ပါတယ်။ ဘောင်းဘီတွေပိုအရောင်ရင့်လေ၊ ခြေတံတွေကို ပိုမိုပိန်သွယ်သယောင် ထင်ရလေလေပါပဲ။ စကတ်အတို ဝတ်တဲ့အခါမှာလည်း ဒူးအထက်နား (သို့) ဒူးအတိစကတ်လေးတွေကို ဝတ်ပါ။ စကတ်တိုက ပေါင်တံတွေကို ပိုတုတ်စေသလို၊ ခြေသလုံးနားထိရှည်တဲ့ စကတ်တွေက လူကို ဝပြီး ပုသယောင် ထင်ရနိုင်ပါတယ်။

၎။ ခါးမြင့်ဘောင်းဘီတွေက ခြေတံတွေကို ပိုရှည်ပြီး ပိန်သွယ်သယောင် ထင်ရစေပါတယ်။ အထူးသဖြင့် ခါးတိုအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တဲ့ အခါမှာပေါ့။

၅။ ရိုးရှင်းတဲ့ ထိပ်ချွန်ရှူးဖိနပ်အမြင့်တွေကလည်း ခြေတံတွေကို ပိုမိုသွယ်လျပြီး ရှည်သယောင် ထင်စေနိုင်ပါတယ်။ လက်ဝတ်ရတနာဝတ်ဆင်တဲ့အခါမှာလည်း လည်ဆွဲအရှည်တွေ၊ နားဆွဲအရှည်တွေကို ပိုမို ဝတ်ဆင်သင့်ပါတယ်။

၆။ အထက်အောက် တစ်ရောင်တည်း ဝတ်ဆင်ခြင်းကလည်း ခန္ဓာကိုယ်ကို ပိုမိုပိန်သွယ်သယောင် ထင်ရစေနိုင်ပါတယ်။ အနက်ရောင်၊ အစိမ်းရင့်၊ ကြက်သွေးနဲ့ နက်ပြာရောင် တစ်ဆက်တည်းဝတ်စုံတွေကို ဝတ်ဆင်ပါ။

၇။ A ပုံစံ ခပ်ကားကား ပါဝန်တွေက ခါးသေးပြီး ပိန်သွယ်သယောင် ထင်စေနိုင်ပါတယ်။ A ပုံစံ စကတ်တွေကို ဝတ်ဆင်မယ်ဆိုရင် ဒူးအတိအရှည်က အသင့်တော်ဆုံးဖြစ်ပါတယ်။

၈။ အင်္ကျီအပွတွေ၊ ဂါဝန်အရှည်ပုံစံတွေ ဝတ်မယ်ဆိုရင် ခါးပတ်သေးသေးလေးကို ခါးမှာ ဝတ်ဆင်လိုက်ပါ။ ခါးပတ်အထူတွေက အရပ်ပုသယောင်ထင်စေနိုင်တဲ့အတွက် မဝတ်ဆင်တာအကောင်းဆုံးပါ။

၉။ ခပ်ပွပွ ဘေးလွယ်အိတ်တွေက ခန္ဓာကိုယ်ကို ပိတ်သွယ်သွားစေပါတယ်။ ဒါပေမဲ့ night out ထွက်တဲ့အခါမှာတော့ အရွယ်အစားခပ်လတ်လတ် လွယ်အိတ် (သို့) လက်ပွေ့အိတ်လေးကိုပဲ ကိုင်သွားသင့်ပါတယ်။

၁ဝ။ ဒေါင်လိုက်အစင်းတွေပါတဲ့ ဘောင်းဘီတွေ၊ စကတ်တွေက ခန္ဓာကိုယ်ကို ပိန်သွယ်ပြီး အရပ်ရှည်သယောင် ထင်ရစေပါတယ်။ ခါးကို ပိုမိုသေးသွယ်စေချင်ရင်တော့ ခါးနားလေးမှာ ထောင့်ဖြတ်စင်းတွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်သင့်ပါတယ်။

လက်တွေ့အသုံးချစာစောင်လေး ဖြစ်တာကြောင့် SHARE ပြီး သိမ်းထားဖို့ မမေ့နဲ့နော်။