အတ္တစိတ်တွေနဲ့ အဆိပ်သင့်နေတဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်နေရပြီလား

blank
asian young Couple not talking after fight in living room

အဆိပ်သင့်နေတဲ့ ချစ်ခြင်းတွေဟာ တစ်ဘဝလုံးကို လှိုက်စားစေနိုင်သလို အဆိပ်ပြေသွားရင်တောင် နှလုံးသားမှာ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ချစ်ခြင်းတွေကလည်း အဆိပ်သင့်နေတဲ့ ချစ်ခြင်းတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ သင်ပိုင်ဆိုင်ထားတဲ့ ချစ်ခြင်းကရော တစ်ကိုယ်ကောင်းဆန်တဲ့အချစ်ရေးလား။ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကို ကြုံနေရပြီဆိုရင်တော့ သင့်အချစ်ရေးက သင့်ချစ်သူရဲ့ တစ်ကိုယ်ကောင်းစိတ်တွေနဲ့ အဆိပ်သင့်နေပြီလို့ သတ်မှတ်လို့ရပါပြီ။

၁။ သင့်ချစ်သူက သင်နဲ့ အမြဲယှဉ်ပြိုင်ပြီး အနိုင်ယူချင်တယ်ဆိုရင်

သင့်ကို အမြဲကြိုးစားနေအောင် စိတ်ဓာတ်ခွန်အားပေးတာနဲ့ အမြဲယှဉ်ပြိုင်ပြီး အနိုင်ယူချင်တာနဲ့ကြားမှာ ကွဲပြားချက်လေးတွေ ရှိပါတယ်။ ချစ်ခြင်းမေတ္တာထက် အတ္တကို ရှေ့တန်းတင်ပြီး သင့်ကို တစ်ကိုယ်ကောင်းဆန်စွာအနိုင်ယူချင်နေတဲ့သူကို ဝေးဝေးကရှောင်တာ အကောင်းဆုံးပါ။

၂။ သင့်ဆန္ဒတွေထက် သူ့စိတ်ဆန္ဒတွေကိုပဲ ဦးစားပေးနေတယ်ဆိုရင်

ဒါဟာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ညှာတာထောက်ထားမှုမရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ အချစ်ရေးတစ်ခုတည်မြဲဖို့ဆိုရင် သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒတွေကို နားလည်မှုရှိရှိနဲ့ မျှမျှတတ ဦးစားပေးသင့်ပါတယ်။ သင့်ချစ်သူနဲ့ပတ်သက်လာရင် သင့်ဆန္ဒတွေကို မျိုသိပ်လိုက်ရတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင့်ချစ်သူကြောင့် သင့်ကိုယ်သင် တန်ဖိုးမဲ့ပြီး ပျော့ညံ့တယ်လို့ ထင်နေမိရင်

သူ့ရဲ့ တစ်ဖက်သတ်ဆန်စွာ အထင်သေးမှု၊ ဝေဖန်မှုတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှုကင်းမဲ့ပြီး အထင်သေးနေမိတယ်ဆိုရင်လည်း သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူလို့ ဆိုနိုင်ပါတယ်။ ကိုယ့်တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင်မြှင့်တင်ဖို့က ဘုရားမဟောတောင် သိထားသင့်တဲ့ သမိုင်းပေးတာဝန်မဟုတ်လား။

၎။ သူ့အမှားကို ဘယ်တော့မှဝန်မခံဘဲ သင့်ကိုတောင် အပြစ်ပုံချတတ်တယ်ဆိုရင်

တစ်ကိုယ်ကောင်းဆန်တဲ့အချစ်ရေးတွေမှာ တွေ့ရအများဆုံးက အမှားကို ဝန်မခံတတ်ခြင်းပါဘဲ။ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ ကိုယ့်အမှားအတွက် တာဝန်မယူဘဲ ချစ်သူကိုတောင် အပြစ်ပုံချချင်ပါတယ်။ ဒီလိုလူမျိုးနဲ့ ချစ်သူဖြစ်ရတာကလည်း ကံဆိုးခြင်းတစ်မျိုးပဲ မဟုတ်လား။

ဘဝဆိုတာ တိုတောင်းပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ တိုတောင်းတဲ့ဘဝကို ပျော်ရွှင်စေဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။ အဆိပ်သင့်နေတဲ့အချစ်ရေးကြောင့် ဘဝကို ထိခိုက်စေတာမျိုးမဖြစ်သင့်ဘူးမဟုတ်လား။

ထောက်ခံတယ်ဆိုရင် SHARE လိုက်ပါ။