သင့်ကလေးငယ်ဟာ ဘယ်လိုအမူအကျင့်တွေရှိတဲ့ ကလေးလဲဆိုတာကို သိချင်ပါသလား… ဂန္ထဝင်မေမေတို့ရေ။ အောက်မှာ ဖော်ပြထားတဲ့ မေးခွန်းလေးတွေက သင့်ကလေးရဲ့ ပုံစံ၊ အမူအကျင့်လေးတွေကို ဖော်ပြပေးနိုင်ပါတယ်။ အဖြေလေးတွေ ရွေးကြည့်လိုက်ရအောင်နော်။
၁။ သင့်ကလေးမှာ ဘယ်လိုအမူအကျင့်လေးတွေ အများဆုံးတွေ့ရသလဲ။
- အကောင်းမြင်တတ်တဲ့အကျင့်
- ဇွဲရှိရှိနဲ့ ကြိုးစားတတ်တဲ့အကျင့်
- ကြင်နာတတ်တဲ့အကျင့်
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အကျင့်
၂။ သူ့ကျောင်းက အိမ်စာတွေ မပြီးရတဲ့ အကြောင်းရင်းက
- အကောင်းဆုံးလုပ်နိုင်ဖို့ အစီအစဉ်တွေချမှတ်ပြီး တကယ်မလုပ်ဖြစ်သေးလို့
- သူနားမလည်တဲ့အကြောင်းအရာတွေကို နားလည်အောင်ကြိုးစားရင်း အချိန်ကုန်သွားလို့
- သူ့သူငယ်ချင်းရဲ့အိမ်စာတွေကို ကူလုပ်ပေးရင်း သူ့အိမ်စာတွေလုပ်ဖို့ အချိန်မရလို့
- သူ့ရဲ့ အိမ်စာက သူများတွေထက် အမှတ်ပိုရပြီး အတန်းထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရလို့
၃။ သင့်ကို ဂုဏ်ယူစေတဲ့ သူ့ရဲ့ လုပ်ရပ်တစ်ခုက
- ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိတ်ဆွေဖွဲ့တော်တာ
- အားကစားမှာ ထူးချွန်ပြီး ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာ
- အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းဘက်ကရပ်တည်ပြီး ရန်ဖြစ်နေတဲ့သူတွေကို ဝင်ရောက်ဖျန်ဖြေပေးတာ
- ကျောင်းကပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် အကောင်းဆုံး လုပ်ဆောင်နိုင်တာ
၎။ သူကျောင်းကနေ ငိုကြွေးပြီး ပြန်လာရတဲ့ အကြောင်းရင်းက
- သူအားပေးတဲ့ ကျောင်းအားကစားအသင်းကို သူငယ်ချင်းတစ်ယောက်က အပြင်းအထန်ရှုံ့ချလိုက်လို့
- ဆရာမသင်ထားပေးတဲ့အတိုင်း လုံးဝမလွဲအောင် ဖြေခဲ့ပေမဲ့ စာမေးပွဲရလဒ်က နည်းနေလို့
- ကျောင်းသားတစ်ယောက်ကို အခြားကျောင်းသားတွေက အုပ်စုဖွဲ့အနိုင်ကျင့်နေတာကို တွေ့ခဲ့ရလို့
- သူရမယ်လို့ထင်ထားတဲ့ အတန်းခေါင်းဆောင်နေရာကို ရွေးချယ်မခံရလို့
၅။ သူ့အတန်းပိုင်ဆရာမရဲ့ သူ့ကို ချီးမွမ်းရတဲ့ အကြောင်းရင်းက
- သူ့က ပျော်ပျော်နေတတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိလို့
- သူလုပ်နေတာတွေ မမှန်မချင်း ဇွဲရှိရှိနဲ့ ကြိုးစားတတ်လို့
- ဆရာမပြောသမျှနားထောင်ပြီး လိမ္မာရေးခြားရှိလို့
- ဆရာမပြောသမျှကို နားလည်အောင် နားထောင်ပြီး အခြားကလေးတွေကို ပြန်ရှင်းပြတတ်လို့
၆။ သူကပန်းခြံမှာ သဲတွေနဲ့ လွတ်လွတ်လပ်လပ်ဆော့ရတာကိုကြိုက်တယ်။ ဘာလို့လဲဆိုတော့
- သူငယ်ချင်းတွေနဲ့ စကားတွေကောင်းကောင်းပြောပြီး အတူတူ ဆော့နိုင်လို့
- သဲတွေနဲ့ အိမ်ပုံစံလေးတွေ၊ အရုပ်ပုံစံလေးတွေလုပ်ရတာကို ကြိုက်လို့
- သူဆော့နေတဲ့အခါ သင့်ကို အနားမှာထိုင်နေစေပြီး တခြားကလေးတွေ သူ့အရုပ်တွေကို ယူတဲ့အခါ သတိပေးနိုင်အောင်လို့
- သူငယ်ချင်းတွေကို သဲအိမ်ပုံစံအသစ်လေးတွေ ဆောက်ပြချင်လို့
၇။ ပိတ်ရက်တွေမှာ သူ့အခန်းကို မရှင်းချင်ဘူးဖို့ သင့်ကိုပြောတယ်။ ဘာလို့လဲဆိုတော့
- သူငယ်ချင်းတွေအကြောင်း အချိန်ယူပြီး သင့်ကို ပြောပြချင်လို့
- သူရှင်းထားပြီးသားဖြစ်နေလို့
- ဘယ်ကစပြီးရှင်းရမှန်း မသိလို့
- သင်အိမ်သန့်ရှင်းရေးစမလုပ်မချင်း သူလည်း သူ့အခန်းကိုမရှင်းဘူးလို့ ဆုံးဖြတ်ထားလို့
၈။ တခြားလူတွေက သင့်ကလေးကို ဒီလိုမြင်ကြတယ်
- စိတ်အားထက်သန်ပြီး အမြဲတမ်းလန်းဆန်းနေတတ်တဲ့ ကလေး။
- တိကျပြီး အသေးစိတ်ကအစဂရုစိုက်တတ်တဲ့ ကလေး။
- အမြဲတမ်းတွေးတောနေတတ်ပြီး အမြင်ကျယ်တဲ့ကလေး။
- ထက်မြက်သွက်လက်ပြီး ဦးဆောင်နိုင်တဲ့ကလေး။
မေးခွန်းလေးတွေကို ဖြေပြီးပြီဆိုရင်တော့ အောက်မှာ အဖြေလေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။
သင်က A ကို အများဆုံးရွေးထားတယ်ဆိုရင် – သင့်ကလေးဟာ လူမှုဆက်ဆံရေးကောင်းမွန်တယ်၊ စကားပြောသွက်တယ်၊ တက်ကြွလန်းဆန်းတဲ့ကလေးဖြစ်ပြီးတော့ စိတ်ကူးယဉ်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ အပေါင်းအသင်းမက်ပြီး ပျော်ပျော်နေတတ်တဲ့ ကလေးလည်းဖြစ်ပါတယ်။
သင်က B ကို အများဆုံးရွေးထားတယ်ဆိုရင် – သင့်ကလေးက စကားနားထောင်တတ်ပြီး လေးစားသမှုရှိတဲ့ ကလေးတစ်ယောက်ပါ။ ဇွဲရှိပြီး အရာရာကို အသေးစိတ်ကအစ လေ့လာတတ်တဲ့သူလည်း ဖြစ်ပါတယ်။ အမှန်တရားကို မြတ်နိုးပြီး မဟုတ်မခံစိတ်ရှိသူလည်းဖြစ်ပါတယ်။
သင်က C ကို အများဆုံးရွေးထားတယ်ဆိုရင် – သင့်ကလေးဟာ တွေးတောဆင်ခြင်နိုင်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကလေးပါ။ ဖြစ်လာသမျှကိုလက်ခံပြီး ပညာရှိစွာ တုံးပြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးရဲ့ စိတ်ခံစားမှုတွေကို ဦးစားပေးစဉ်းစားတတ်တဲ့ ကရုဏာရှင်လေးဖြစ်ပါတယ်။
သင်က D ကို အများဆုံးရွေးထားတယ်ဆိုရင် – ဆုံးဖြတ်ချက်ပြတ်သားပြီး အားလုံးထက်သာအောင် အမြဲကြိုးစားနေတတ်တဲ့ ကလေးပါ။ စိတ်ဓာတ်ခိုင်မာပြီး စွန့်စားရတာကို ကြိုက်တယ်။ လူအများရဲ့ အာရုံစိုက်ခံရတာကို ကြိုက်တယ်။ နေရာတကာဆရာလုပ်ပြီး ဦးဆောင်တတ်တဲ့ ကလေးတစ်ယောက်ပါ။
မှန်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။
http://www.focusonthefamily.com/parenting/schoolage-children/your-childs-personality/determining-your-childs-personality-type