နိုင်ငံတကာ စာအုပ်အညွှန်း

“How to Win Friends and Influence People”
စာရေးသူ – ဒေးလ် ကာနက်ဂျီ (Dale Carnegie)

“How to Win Friends and Influence People” ဆိုတဲ့ စာအုပ်က ထုတ်ဝေခဲ့ဖူးသမျှ တက်ကျမ်းတွေထဲမှာ အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ရေးသားသူကတော့ တက်ကျမ်းရေးသားရာမှာ ဘုရင်တစ်ဆူဖြစ်တဲ့ စာရေးဆရာ ဒေးလ် ကာနက်ဂျီ (Dale Carnegie) ဖြစ်ပြီး သူဟာ ၁၉၅၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၉၃၆ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာ စာအုပ်ရေ သန်း ၃ဝကျော် ထုတ်ဝေရောင်းချပြီး ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ Time Magazine က ထုတ်ပြန်တဲ့ ၂ဝ၁၁ ခုနှစ်ရဲ့ ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံး စာအုပ် ၁ဝဝ စာရင်းမှာ အဆင့် ၁၉ ချိတ်ခဲ့ပါတယ်။

ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် အောက်ဖော်ပြပါအတိုင်း ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

၁။ အတွေးအမြင်သစ်တွေ၊ ရည်မှန်းချက်အသစ်တွေကို တွေ့ရှိလာမယ်။

၂။ အလွယ်တကူ မိတ်ဆွေဖွဲ့နိုင်မယ့် နည်းလမ်းတွေ ရရှိလာမယ်။

၃။ အသိုင်းအဝိုင်းကြားမှာ ထင်ပေါ်ကျော်ကြားလာမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လူတွေကို သင်တွေးသလို တွေးတတ်လာအောင် စည်းရုံးနိုင်စွမ်းတွေ ရှိလာမယ်။

၅။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လွှမ်းမိုးနိုင်လာမယ်။

၆။ လုပ်ငန်းမှာ ဖောက်သည်အသစ်တွေ၊ စီးပွားဖက်အသစ်တွေ တိုးပွားစေနိုင်တဲ့ နည်းလမ်းတွေ တွေ့လာမယ်။

၇။ အကျိုးအမြတ်များများ ရှာဖွေနိုင်ဖို့ နည်းလမ်းတွေ တွေ့လာမယ်။

၈။ အရောင်းသမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ၊ ပြောဆိုဆက်ဆံပုံတွေကို သိလာမယ်။

၉။ သူများတွေရဲ့ စောဒကတက်တာတွေ၊ ငြင်းခုံမှုတွေ၊ ရန်စကားတွေကို ရှောင်ကြဉ်နိုင်ပြီး ဆက်ဆံရေးပြေပြစ်ချောမွေ့စေနိုင်တဲ့ နည်းလမ်းကောင်းတွေ တွေ့လာမယ်။

၁ဝ။ ကိုယ့်စကားကို လူအများနားထောင်ချင်အောင်၊ နားလည်လက်ခံလာအောင် ပြောဆိုရမယ့် နည်းလမ်းတွေ တွေ့လာမယ်။

၁၁။ နေ့စဉ်ဘဝရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ တစ်ဖက်လူရဲ့ စိတ်သဘောကို နားလည်ပြီး ကိုယ်လိုချင်တဲ့အချက်ကိုရောက်အောင် ဆွဲခေါ်နိုင်မယ့် နည်းလမ်းတွေ ရလာမယ်။

၁၂။ လက်ရှိလုပ်နေတဲ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ဖို့ စိတ်ခွန်အားတွေ ရလာမယ်။

ဘဝအောင်မြင်တိုးတက်လိုသူတိုင်း၊ ဖောက်သည်တွေနဲ့ အမြဲလိုလိုဆက်ဆံနေရတဲ့ လုပ်ငန်းရှင်တိုင်း၊ ဝန်ထမ်းတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်တာကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ညွှန်းဆိုလိုက်ပါတယ်ရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။