မြတ်ဗုဒ္ဓရှောင်ရှားစေခဲ့တဲ့ ပျော်ရွှင်ခြင်းအစစ်ရဲ့ ရန်သူများ

၁။ မကောင်းတဲ့အတွေးအမြင်တွေ

မကောင်းတဲ့အတွေးအမြင်တွေက စိတ်နှလုံးကို အမှောင်သွင်း အကျဉ်းချထားသလိုပါပဲ။ တွေးမိမြင်မိသမျှကို အဆိုးဝါးဆုံးဖြစ်သွားစေတယ်။ အရာရာတိုင်းကို ကျရှုံးမှု၊ သစ္စာမဲ့မှုတွေအဖြစ် မြင်လာစေနိုင်ပါတယ်။

အဆိုးမြင်အတွေးတွေကို စွန့်လွှတ်နိုင်ဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ထိုင်ပြီး စဉ်းစားတွေးခေါ်ပါ။ မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ မကောင်းတဲ့ အတွေးတွေကို ချရေးလိုက်ပါ။ အဲဒီအဆိုးမြင်အတွေးတွေအစား အကောင်းမြင်ကြည့်ပါ။

၂။ အတိတ်ဆိုးတွေ

အတိတ်ဆိုးတွေဆိုတာ ဘဝမှာ လုံးဝကို နေရာမပေးသင့်တဲ့အရာတွေပါ။ ဒါပေမဲ့ လူအများစုရဲ့ အတွေးတွေထဲမှာ အတိတ်ဆိုးတွေက နေရာယူထားတတ်ကြတယ်။ တကယ်ဆို အတိတ်ဆိုးတွေကို ပြန်တွေးပြီး အပြစ်ရှိသလို ခံစားနေတာတွေဟာ လုံးဝကို မဖြစ်သင့်တဲ့အရာတွေပါ။

ဘယ်အရာတွေက သင့်ရဲ့အတိတ်ဆိုးတွေကို ပြန်ပြောင်းအောက်မေ့စေတာလဲဆိုတာ သိအောင်ကြိုးစားပါ။ အဲဒီအရာတွေကို ဖယ်ရှားပြီး မှတ်ဉာဏ်အသစ်တွေအတွက် ဦးနှောက်မှာ နေရာပေးလိုက်ပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင့်အပေါ်ကို မကောင်းခဲ့တဲ့သူတွေ

သင့်ကို မကောင်းခဲ့တဲ့သူတွေမှာ အဆိုးမြင်စိတ်ဓာတ်တွေရှိနေပါတယ်။ အဲဒီမကောင်းမြင်စိတ်ဓာတ်တွေ သင့်ဘဝကို လွှမ်းမိုးမလာခင် သူတို့ကို သင့်ဘဝထဲကနေ မောင်းထုတ်လိုက်ပါ။ သူတို့နဲ့ ဘယ်လို ဆက်ဆံရေးပဲ ရှိခဲ့ပါစေ၊ စွန့်ခွာသင့်ရင် စွန့်ခွာလိုက်ပါ။

သင့်အပေါ်ကို မကောင်းခဲ့တဲ့သူတွေကို ရှောင်ရှားနိုင်ဖို့ သင့်မှာ သင့်ဘဝကို အချိန်မရွေးပြောင်းလဲပစ်နိုင်တဲ့ စွမ်းအင်တွေရှိတယ်ဆိုတာကို နားလည်ထားပါ။ သင့်ကို နာကျင်ခံစားစေတဲ့သူတွေကို အချိန်မရွေး အဆက်အသွယ်ဖြတ်ပစ်နိုင်တယ်ဆိုတာကိုလည်း သိထားပါ။ သင့်ကမ္ဘာတစ်ခုလုံးက သင့်လက်ထဲမှာပါ။

၎။ ကိုယ့်ကိုယ်ကို အထင်သေးမှုတွေ

ကိုယ့်ကိုယ်ကို အထင်အမြင်သေးတာဟာ စိတ်ဓာတ်ခွန်အားကို ယုတ်လျော့စေသလောက် လူအများပြုလုပ်နေကြတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အထင်အမြင်သေးခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်က အခြားသူတွေရဲ့ အပျက်သဘောဆောင်တဲ့ဝေဖန်မှုတွေကို နားယောင်နေလို့ပါပဲ။

ကိုယ့်ကိုယ်ကို အထင်မသေးမိအောင်လို့ ကိုယ့်ခွန်အားကို သိအောင်ကြိုးစားပါ။ လူတိုင်းမှာ ပါရမီတစ်ခုစီ ရှိကြပါတယ်။ သင့်မှာလည်း သင်မသိသေးတဲ့ စွမ်းရည်တွေရှိနေပါတယ်။ ထုတ်ဖော်အသုံးချပြီး ကိုယ့်ကိုယ်ဂုဏ်ယူလိုက်ပါ။

၅။ စိုးရိမ်ပူပန်မှုတွေ

လူအများစုဟာ အကြောင်းအရာပေါင်းများစွာကို ကိုယ်နဲ့ သက်ဆိုင်နေသလို မှတ်ယူကြပြီး မဆီမဆိုင် စိုးရိမ်ပူပန်တတ်ကြပါတယ်။ စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်နှလုံးသားကို လေးလံစေပြီး ပျော်ရွှင်မှုကင်းမဲ့စေနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုတွေကင်းဝေးဖို့ ဥပေက္ခာတရားကို လက်ကိုင်ထားပါ။ သင့်ဘဝနဲ့ တိုက်ရိုက်မပတ်သတ်တဲ့ အကြောင်းအရာတွေ၊ သင်ဖြေရှင်းပေးလို့မရတဲ့ ပြဿနာတွေကို ဥပေက္ခာပြုလိုက်ပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ…။ အထက်မှာ ဖော်ပြထားတဲ့ အရာတွေကို စွန့်လွှတ်နိုင်အောင်ကြိုးစားပါ။ သင့်ပတ်ဝန်းကျင်ကို လှပပြီး ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ပြောင်းလဲလိုက်ပါ။ စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်လိုက်ပါလို့ တိုက်တွန်းအကြံပြုလိုက်ပါရစေရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။