ထက်မြက်တဲ့ မိန်းမတွေက ဘာလို့ ချစ်သူလွယ်လွယ်မရတတ်ကြတာလဲ

blank

သင်နဲ့ရွယ်တူသူငယ်ချင်းတွေက ချစ်သူကိုယ်စီရှိနေကြတဲ့အချိန်မှာ သင်တစ်ကိုယ်တည်းဖြစ်နေတာဟာ မြားနတ်မောင်က သင့်ကို မမြင်နိုင်ဖြစ်နေတယ်လို့ ထင်နေသလား ဂန္ထဝင်ပျိုပျိုမေတို့ရေ။ တကယ်တမ်းတော့ အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတာက သင်ဟာ သိပ်ကိုရဲရင့်ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပါ။ အချစ်ကိုရှာဖွေမတွေ့ရှိသေးဘဲ တစ်ကိုယ်တည်းရပ်တည်နေတဲ့ ထက်မြက်မိန်းမသားတွေဟာ အိမ်ထောင်ပြုနောက်ကျတတ်ပါတယ်။ သင်နဲ့ကိုက်ညီတဲ့အချက်လေးတွေကို ဘယ်နှချက်ပါလဲ ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ တစ်ယောက်တည်းရပ်တည်ရဲတဲ့အတွက် လက်တွဲဖော်ကို အလျင်စလိုမရွေးချယ်လိုခြင်း။

၂။ ခံယူချက်ချင်းမတူညီတဲ့သူ၊ သတ်မှတ်ထားတဲ့စံကို မမီတဲ့သူတွေကို ပြတ်သားစွာ ငြင်းပယ်တတ်ခြင်း။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကိုဦးဆောင်မယ့်လက်တွဲဖော်ထက် ကိုယ့်ကိုအားပေးကူညီမယ့်လက်တွဲဖော်ကိုပဲ ဦးစားပေးရွေးချယ်တတ်ခြင်း။

၎။ တစ်သက်စာ တည်တံ့စွာ လက်တွဲနိုင်မယ့်သူမျိုးကိုပဲ စောင့်ဆိုင်းနေတတ်ခြင်း။

၅။ အတိတ်ကဒဏ်ရာဟောင်းတွေကြောင့် အနာဂတ်မှာ ထပ်ချစ်ဖို့ ကြောက်ရွံ့နေတတ်ခြင်း။

၆။ ထက်မြက်လွန်းတာကြောင့် တော်ရုံယောက်ျားလေးတွေအနေနဲ့ ပိုးပန်းဖို့ မဝံ့ရဲခြင်း။

၇။ လူတစ်ယောက်ကို အလွယ်တကူမယုံကြည်တတ်ခြင်း။

ဂန္ထဝင်ညီမငယ်တို့ရေ

“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်” ဆိုတဲ့ စကားလေးလိုပါပဲ ထက်မြက်တဲ့မိန်းကလေးတွေဟာ ဖြစ်လွယ်ပျက်လွယ်တဲ့ အချစ်ရေးတွေကို မတည်ဆောက်တတ်ကြပါဘူး။ သူတို့ချစ်မိသွားပြီဆိုရင်လည်း ပြောစမှတ်ပြုစရာအချစ်ရေးတွေ ဖြစ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာကို ဝေဖန်သူတွေနဲ့ ကြုံကြိုက်တဲ့အခါ  သင့် wall ပေါ်မှာ ဒီစာစောင်လေးကို SHARE ပြီး ဝေဖန်မှုတွေကို ချေပလိုက်ပါနော်။