တစ်ယောက်တည်းအပြင်ထွက်ရာမှာ အန္တရာယ်ကင်းစေဖို့ နေထိုင်နည်းလေးများ

blank

သင်တစ်ယောက်တည်း အပြင်ထွက်တော့မယ်ဆိုရင် –

၁။ သင်ဘယ်သွားမယ်၊ ဘယ်လောက်ကြာမယ်ဆိုတာကို တစ်ယောက်ယောက်ကိုပြောထားခဲ့ပါ။

၂။ တစ်နေရာရာကို တစ်ယောက်တည်းကားမောင်းသွားရမယ်ဆိုရင် ကားဘီးအပိုတစ်ခုပါပါ့စေ။

၃။ သင့်ကား သို့မဟုတ် စက်ဘီးကို လုံခြုံစိတ်ချရတဲ့နေရာမှာရပ်ခဲ့ပါ။ လူရှင်းတဲ့လမ်းကြား၊ အမှောင်ရိပ်ကျတဲ့နေရာတွေမှာ ရပ်မယ့်အစား လူမြင်သူမြင်နေရာတွေမှာ ရပ်ခဲ့ပါ။

၎။ ခြေလျင်လမ်းလျှောက်မယ်ဆိုရင်လည်း အလင်းရောင်ကောင်းကောင်းရတဲ့ လမ်းကနေသွားပါ။

၅။ လမ်းလျှောက်နေတဲ့အချိန်မှာ နားကြပ်နဲ့သီချင်းနားထောင်တာတို့၊ ဖုန်းကိုငုံ့ပွတ်နေတာမျိုးတို့ မလုပ်ပါနဲ့။ ပတ်ဝန်းကျင်ကို သတိရှိရှိနဲ့ နားစွင့်ထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ လူပြတ်တဲ့နေရာမျိုးမှာ ပိုက်ဆံအိတ်ပေးဖို့ အကြပ်ကိုင်ခံရရင် သင့်ပိုက်ဆံအိတ်ကို လူဆိုးနဲ့ခပ်ဝေးဝေးတစ်နေရာကို လွှင့်ပစ်လိုက်ပါ။ သူပိုက်ဆံအိတ်သွားကောက်နေတုန်း သင်လွတ်အောင်ပြေးပါ။

၇။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ကိုလည်းလေ့ကျင့်ထားပါ။ ကာရာတေးမှာ ခါးပတ်နက်ရဖို့မလိုပေမယ့် အချိန်ပြည့်သတိရှိရှိနဲ့နေတတ်အောင် လေ့ကျင့်ထားပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်နက်အဖြစ်အသုံးချပါ။

လုံခြုံစိတ်ချရမှုတွေတစ်စတစ်စပျောက်ဆုံးနေတဲ့ ဒီလိုခေတ်ကြီးမှာ တစ်ယောက်တည်းအပြင်ထွက်ရတာတောင် မလုံခြုံတော့သလို ခံစားလာရပါတယ်။ မလုံမခြုံဖြစ်တဲ့စိတ်ခံစားမှုက သင့်ရဲ့ပျော်ရွှင်စရာအချိန်တွေကို ထိခိုက်စေနိုင်သလို ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပါ ပျောက်ဆုံးစေနိုင်ပါတယ်။ အထက်မှာ ဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကို  ကာကွယ်နိုင်ကြပါစေရှင်။

ဗဟုသုတရစေတဲ့ ဒီစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။