ကိုယ့်ကိုယ်ကို ရဲရင့်တဲ့ အမျိုးသမီးလို့ ဘယ်လို သိနိုင်မလဲ

blank

သင်ဟာ ဘယ်အရာမှကို မကြောက်တတ်ဘူး။ ပြီးတော့ အရေးမပါရင် ဂရုလည်း မစိုက်တတ်ဘူး။ အောက်မှာပေးထားတဲ့ အချက်တွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ သင်ဟာ ရဲရင့်တဲ့ မိန်းကလေးတစ်ယောက်လို့တောင် ပြောနိုင်ပါပြီ။

၁။ သင်ဟာ ကိုယ့်ကြိုက်တဲ့ အဝတ်စားတွေကိုပဲ ဝတ်ဆင်လေ့ရှိတယ်။ အဲ့ဒီအဝတ်အစားတွေကို ဝတ်လို့ သူများရဲ့ ဝေဖန်မှုတွေကိုလည်း သင်နားယောင်လေ့မရှိဘူး။

၂။ သင်ဟာ relationship တွေ၊ သူငယ်ချင်းအကြား ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်လေ့ရှိတယ်။

၃။ အသစ်အဆန်းတွေကို ရင်ဆိုင်ရတော့မယ်ဆိုရင် သင်က စိတ်ပူပန်မှုမရှိဘဲ စိတ်လှုပ်ရှားနေတတ်တယ်။

၎။ အသစ်အဆန်းတစ်ခုခု စလုပ်ဖို့ဆို သင်က အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တယ်။

၅။ သူငယ်ချင်းတွေ လုပ်ချင်တဲ့အရာတွေကို လုပ်နိုင်ဖို့ဆိုရင် သင်ကပဲ အမြဲ အားပေးလေ့ရှိတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ သင့်နှလုံးသားရဲ့ စကားကို သင်အမြဲ နားထောင်လေ့ရှိတယ်။

၇။ သင့်အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဘယ်တော့မှ မကြောက်ရွံ့ဘူး။

၈။ သင်ဟာ ချစ်သူနဲ့လမ်းခွဲဖို့တို့၊ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာပျော်ဖို့ ဘယ်တော့မှ ကြောက်ရွံ့လေ့မရှိဘူး။

၉။ သင့်ခံစားချက်တွေကို သင်အမြဲ ဖော်ပြလေ့ရှိတယ်။

၁၀။ သင့်အပေါင်းအသင်းတွေရဲ့ စိတ်နေသဘောထားကို အကဲခတ်တတ်တယ်။

၁၁။ သင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သင့်အကြောင်းကို သိသင့်သလောက်ပဲ ဖော်ပြတတ်တယ်။

၁၂။ သူများနဲ့ မတူတဲ့ ဆံပင်ပုံစံဖန်တီးချင်ရင်လည်း သင်က လူတွေရဲ့ ဝေဖန်မှုကို ဂရုစိုက်မှာ မဟုတ်ဘူး။

၁၃။ သင်အကောင်းဆုံး ကြိုးစားပြီးလို့ အောင်မြင်မှုမရရင်လည်း သင်မရှက်တတ်ဘူး။ ဘာလို့လဲဆိုတော့ သင်အတက်နိုင်ဆုံး ကြိုးစားခဲ့ပြီပဲ လေ။

၁၄။ သင်လိုချင်တဲ့ အရာတွေကို တောင်းဆိုဖို့ မကြောက်ရွံ့တတ်ဘူး။

၁၅။ သင်က အခက်အခဲတွေတွေ့တိုင်း ထွက်ပြေးမယ့်အစား ရဲရဲရင့်ရင့် ရင်ဆိုင်တတ်တယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။