မောင်နှမတွေထဲမှာ အလတ်ဖြစ်ရတဲ့ ကောင်းကျိုး ၁၄ ဖြာ

blank

သင်က မောင်နှမတွေထဲမှာ အလတ်ဖြစ်နေပါသလား။ ဟုတ်တယ် ဆိုရင်တော့ ဒီစာစောင်လေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်မှာ ရေးသားတင်ဆက်ထားတာကတော့ မောင်နှမတွေကြား အလတ်ဖြစ်ရတဲ့အ ကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ တာဝန်ယူတတ်တယ်။

အကြီးတွေက အမှားတွေလုပ်တော့ အလတ်တွေက အဲ့ဒီအမှားတွေကနေ သင်ယူကြတယ်။ ဒီတော့ အလတ်ကို တာဝန်ယူစိတ် ဖြစ်စေလာတတ်ပြီး အကြီးတွေလုပ်တဲ့ ထပ်တူညီတဲ့ အမှားမျိုးကိုလည်း မလုပ်တော့ဘူး။

၂။ ဆွေးနွေးတိုင်ပင်မှုတွေလည်း ကောင်းတယ်။

အကြီးတွေက တောင်းဆိုတတ်ပြီး အငယ်တွေက ငြီးတွားတတ်တဲ့အချိန်မှာ အလတ်တွေက မိဘတွေ ဒါမှမဟုတ် မောင်နှမတွေနဲ့ဆို အမြဲတိုင်ပင် နှီးနှောလေ့ရှိတယ်။ ကိုယ်လိုချင်တဲ့အရာရဖို့ဆို သူတို့က အမြဲငြိနှိုင်းတတ်လာကြတယ်။

၃။ စာနာတတ်တဲ့ လူတစ်ယောက်ဖြစ်တယ်။

သင်က ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာတွေကို လိုအပ်သလောက်မရလိုက်တာကြောင့် သူများတွေကိုလည်း စာနာတတ်လာတယ်။ ပြီးတော့ တစ်ယောက်ယောက်က စိတ်ညစ်နေရင်တောင်မှ သူ့ကို သွားပြီး ဖြေသိမ့်ပေးတတ်တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၎။ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာတတ်ကြတယ်။

ကျန်တဲ့ မောင်နှမတွေ ရန်ဖြစ်နေတာတွေကို ဖြေရှင်းရတာ များလာတော့ ပြဿနာ ဖြစ်ရင်လည်း ဦးဆောင်ပြီး ဖြေရှင်းတတ်လာတယ်။ ပြီးတော့ သူတို့က ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း သိတတ်လာတယ်။

၅။ ဘယ်အရာကို မဆို မျှမျှတတလုပ်တတ်လာတယ်။

တရားမမျှတတာတွေကို ခံရတာတို့၊ အကြီးရဲ့ အဝတ်အစားအကျတွေကို ဝတ်ရတာတို့၊ အရုပ်တွေကို ဝေငှပြီး ကစားရတာတို့ကြောင့် အလတ်တွေက ဘယ်အရာကို မဆို မျှမျှတတနဲ့ လုပ်တတ်လာကြတယ်။

၆။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်မရှိကြဘူး။

အလတ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပေမယ့် သူတို့မှာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တော့ မရှိပါဘူး။

၇။ တော်လှန်တတ်ကြတယ်။

အလတ်တွေကို မိဘတွေက သိပ်ပြီးအလေးမပေး တတ်ကြဘူး။ အဲ့ဒါကြောင့် အလတ်တွေက အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမြဲ တော်လှန်တတ်ကြတယ်။ အဲ့ဒီလိုတော်လှန်ခြင်းက သိပ်တော့မကောင်းပါဘူး။ ဒါပေမယ့်လည်း အဲ့ဒါအကြောင်းက မှန်ကန်မှုအတွက်ဆို အငြင်းပွားဖို့လည်း သတ္တိကောင်းလာစေပါတယ်။

၈။ လွတ်လွတ်လပ်လပ် နေထိုင်တတ်ကြတယ်။

အလတ်တွေက ကလေးဘဝမှာဆို မောင်နှမတွေနဲ့ပဲအတူတူ နေခဲ့ရတယ်။ ပြီးတော့ မောင်နှမတွေ အချင်းချင်းလည်း ရင်းရင်းနှီးနှီး ပေါင်းသင်းကြတယ်။ အဲ့ဒါကြောင့် သူတို့ တစ်ယောက်တည်း ရှိနေတဲ့အချိန်ဆိုရင် အရမ်း တန်ဖိုးထားတတ်ကြတယ်။ သူတို့က တစ်ယောက်တည်းဆိုလည်း နေတတ်ကြသလို တစ်ကိုယ်တည်းနေရတဲ့ အရေးကြီးပုံတွေကို သူတို့သိကြတယ်လေ။

၉။ သူတို့က ကလေးတွေကိုလည်း ထိန်းတတ်ကြတယ်။

အလတ်တွေက အငယ်ဆုံးတွေကိုဆို အမြဲဂရုစိုက်တတ်ကြတယ်။ သူတို့က ကလေးတွေကို ဘယ်လိုထိန်းရမလဲ ဆိုတာကိုလည်း အထာနက်နေကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကလေးတွေနဲ့ပဲ နေခဲ့ကြရတာကြောင့်ပါ။

၁ဝ။ ရန်ဖြစ်တာတွေကို ရှောင်ကြဉ်တတ်ကြတယ်။

အလတ်တွေက အကြီးတွေ၊ အငယ်တွေ ရန်ဖြစ်နေတာကို အမြဲမြင်နေရတော့ သူက ရန်ဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို သိနေတတ်တယ်။ အဲ့ဒါက သင်က ကြင်နာတတ်ပြီး သဘောထားကြီးတယ်ဆိုတာကိုလည်း ဖော်ပြနေတယ်။ ဒါပေမယ့် သူတို့က ရန်မဖြစ်တတ်ဘူးဆိုပြီး အခွင့်ကောင်းမယူမိပါစေနဲ့။ မောင်နှမတွေနဲ့ နိုင်ခဲ့တဲ့ပွဲတွေဆို အများကြီးရှိပါတယ်။

၁၁။ သူတို့က ဆုံးဖြတ်ချက်ကို မှန်မှန်ချတတ်ကြတယ်။

အလတ်တွေက အကြီးလိုလဲ တက်ရောင်ကားမလုပ်တတ်သလို အငယ်တွေလိုလဲ အတီးအတ မနေတတ်ကြဘူး။ သူတို့က အကြီးတွေအမှား လုပ်တာတွေကို မြင်ထားပြီး သတိထားတတ်သလို အငယ်တွေရဲ့ သိချင်စိတ်တွေကိုလည်း အမြဲပြောပြနေရာတော့ သူတို့က ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချတတ်လာကြတယ်။

၁၂။ မောင်နှမတွေရဲ့ ချစ်ခြင်းကိုလည်း ခံရတယ်။

အလတ်တွေက အကြီးတွေ၊ အငယ်တွေ မောင်နှမအားလုံးနဲ့ လိုက်ဖက်အောင် ပေါင်းတတ်ကြတယ်။ ဥပမာပြောရရင်တော့ သူတို့က အငယ်နဲ့ဆိုလည်း ဆော့ကစားတတ်ပြီး အကြီးနဲ့ဆိုလည်း တီဗွီတွေ ကြည့်တတ်ကြတယ်။ သူတို့က နှစ်ယောက်လုံးနဲ့ အလိုက်အဖက်နေထိုင်တတ်ကြတယ်။

၁၃။ အရမ်းစိတ်ရှည်ကြတယ်။

အလတ်တွေက အမြဲစောင့်နေရတဲ့သူတွေ ဖြစ်တယ်။ အလှည့်ကျကစားတဲ့ အခါမျိုးမှာဆို သူက အမြဲ အလယ်ကနေပဲ စောင့်နေရတာကြောင့် တစ်ဖြည်းဖြည်းစိတ်ရှည် သီးခံတတ်လာတယ်။

၁၄။ တီထွင်ကြံဆဥာဏ်ကောင်းကြတယ်။

အလတ်တွေက မိဘတွေရဲ့ အလေးထားမှုကို ခံရဖို့ အမြဲစဉ်းစားကြံဆနေတော့ သူတို့ရဲ့ တီထွင်ဥာဏ်က အရမ်းဖွံ့ဖြိုးလာတယ်။ သူတို့ဦးနှောက်မှာ ဘာတွေလုပ်လို့ရှိရင် မိဘတွေ ပိုအလေးထားလာနိုင်မလဲဆိုတာ အမြဲတွေးနေတာ ကြောင့် ပိုပြီးတော့ တီထွင်ကြံဆဥာဏ်တွေ တိုးလာတယ်။

မောင်နှမတွေထဲမှာ အလတ်ဖြစ်တဲ့သူတွေရဲ့ တစ်ခြားအချက်တွေ ရှိနေသေးတယ်ဆိုရင် comment box ထဲထည့်ပေးလိုက်ပါ။

တိုက်ဆိုင်မှုလေးတွေ ရှိတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share လိုက်ပါ။