နာမည်ကျော် ပုဂ္ဂိုလ်တွေပြောခဲ့တဲ့ အချစ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာ

blank
photo credit: pixabay.com

၁။ relationship ရှိနေပေမယ့်လည်း ကိုယ်ကိုယ့်ကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ကြိုးစားပါ။ လူနှစ်ယောက် ပေါင်းစည်းခြင်းက လက်တွဲဖော်ပဲ ဖြစ်သင့်ပါတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်ဖို့ မသင့်ပါဘူး။ – ကတ်ထရီနာ ဒဗလူ (Katrina W)

၂။ တစ်စုံတစ်ယောက်ကြောင့် ခံစားရဖူးတိုင်း နောက်လူကလည်း ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ တစ်ထစ်ချ မယူဆလိုက်ပါနဲ့။ ကိုယ့်အစွဲကြောင့် မဆိုင်တဲ့သူကို မထိခိုက်မိပါစေနဲ့။ – အန်နီတာ အမ် (Anita M)

၃။ မိမိချစ်သူက မိမိအပေါ် တစ်ခုခု မယုံကြည်စရာ လုပ်မလာသေးသရွေ့ သူ့အပေါ် ယုံကြည်မှုရှိပါ။ အကြောင်းမရှိဘဲ မယုံသင်္ကာ လုပ်နေခြင်းက နှစ်ဦးကြား ဆက်ဆံရေးတွေ ပျက်ပြားစေနိုင်ပါတယ်။ – လေစီ ဒဗလျူ (Lacy W)

၎။ relationship တစ်ခုမှာ ကာယကံရှင်နှစ်ဦး လက်ခံထားတဲ့ ခံယူချက်ကသာ အရေးအကြီး ဆုံးဖြစ်ပါတယ်။ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကို အဲဒီလောက် ဂရုစိုက်နေဖို့ မလိုအပ်ပါဘူး။ – တာရာ လင်း ဘီ ( Taya Lynn B)

၅။ တစ်စုံတစ်ယောက်ကို တစ်ကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ သင့်ဆီ ပြန်လာခဲ့မယ်ဆိုရင်တော့ သင့်ကိုသူ တကယ် ချစ်မြတ်နိုးလို့ပါ။ ပြန်မရောက်လာခဲ့ရင်တော့ သင်နဲ့ မထိုက်တန်လို့ပဲ ဆိုတာ သိလိုက်ပါ။ – အက်ရှလေ အိတ်ရှ် (Ashley H) ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ပြဿနာတစ်ခု ဖြစ်လာခဲ့ရင် မဆိုင်သူတွေရဲ့ စကားတွေ၊ ထင်မြင်ယူဆချက်ချက်တွေ နားထောင်နေမယ့်အစား ကာယကံရှင်ဖြစ်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းပါ။ ပို အကျိုးရှိပါလိမ့်မယ်။ – အဲလစ်ရှာ ဂျေ (Alicia J)

၇။ relationship တိုင်မှာ ချစ်သူတွေဟာ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပြီး ဂရုတစိုက်နဲ့ ကြင်နာနွေးထွေး ကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဒီထက် အများကြီး သာယာလှပလာမှာပါ။ – ဂျက်ဆီကာ ဂျေ (Jessica J)

၈။ ကိုယ်မှားတဲ့ အခါ မှားတဲ့အကြောင်း ဝန်ခံလိုက်ပါ။ မှန်နေခဲ့တဲ့ ဆိုရင်တောင် မော်ကြွားနေဖို့ မလိုပါဘူး။ – ကာရိုးလ် (Carole S)

၉။ မနာလို သဝန်တိုခြင်းက အချိန်ကိုရော လူကိုပါ ပန်းစေပါတယ်။ – ကိုဒီ တီ (Codi T.)

၁ဝ။ တစ်ယောက်နဲ့ တစ်ယောက်မတူညီမှုတွေ ဆိုတာတော့ ရှိကြမှာပါပဲ။ အရေးကြီးတာက ကိုယ်နဲ့ မတူတဲ့အရာတွေမှာ သူ့ယူဆချက်တွေကို လေးစားတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆောင်ရွက်တတ်ဖို့ပါပဲ။ – ဒန်နီကာ တီ ( Danica T)

၁၁။ လူတိုင်းမှာ အတိတ်က အရိပ်ဆိုးတွေဆိုတာ ရှိနေနိုင်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ အရိပ်ဆိုးတွေက ကိုယ့်ကို လာမထိခိုက်ဖို့တော့ အရေးကြီးပါတယ်။ – ကန်းမ် ဂျီ (Camz G)

၁၂။ ကိုယ့်ချစ်သူထက် အမြဲတမ်း စမတ်ကျလှပ နေအောင်နေတတ်ပါ။ – ရိုးစ် အမ် (Rose M)

၁၃။ ဖြေရှင်းစရာရှိတဲ့ ပြဿနာကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အတတ်နိုင်ဆုံး အလျှင်အမြန် ဖြေရှင်းပါ။ – မာလာကေ( Mala K)