သက်ရှည် ကျန်းမာပျော်ရွှင်သော ဘဝတည်ဆောက်လိုသူများအတွက်

blank

လူသားတွေဟာ ဘဝမှာ အတက်အကျ ပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။ ဒါကြောင့် ဘဝအမောတွေ ပြေပျောက်ဖို့ စိတ်ချမ်းမြေ့ပျော်ရွှင်စရာတွေကို နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်နေကြပါတယ်။ ဒီလောက် ရှုပ်ထွေးပွေလီပြီး လုပ်ငန်းဆောင်တာတွေများတဲ့ ဘဝမှာ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်မယ့် အကြောင်းအရင်းလေးတွေကို ဂန္ထဝင်မှ မျှဝေပေးလိုက်ရပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားစေမယ့် လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပြီး ကျန်းမာရေးလိုက်စားခြင်း။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာဆိုတဲ့ စကားလိုပဲ ဒီလိုနေထိုင်ခြင်းက ပျော်ရွှင်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။

၂။ လုံလောက်စွာ အနားယူခြင်း။ များပြားလှတဲ့ အလုပ်တာဝန်တွေကနေ ခဏတာ အနားယူခြင်းကလည်း နောက်ထပ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို တက်ကြွပျော်ရွှင်စွာ လုပ်ဆောင်နိုင်ဖို့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို စာသုံးခြင်း။ ကိုယ်စားသုံးလိုက်တဲ့ အစားအသောက်တွေက ကိုယ့်ခန္ဓာကိုယ်ကို အကောင်းဆုံးပုံဖော်သွားပါတယ်။ ဒါကြောင့် ညီညွတ်မျှတစွာ စားသုံးခြင်းက လှပ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေပါတယ်။

၎။ ဘယ်အရာကိုမဆို အတန်အသင့်သာ လုပ်ဆောင်ခြင်း။ ဥပမာ- အရက်သေစာ သောက်စားတတ်ရင်တောင်မှ အလွန်အကျူးမဖြစ်စေဘဲ သင့်တင့်ရုံသောက်သုံးခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်စေသလို အခြားမလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅။ စိတ်ဖိစီးမှုတွေ ကြုံလာရင် စိတ်ညစ်မနေဘဲ မျှတစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းကလည်း ဘဝကို ကျေနပ်ပျော်ရွှင်စေမယ့် အကြောင်းအရင်းတစ်ချက်ပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ စိတ်တွေရှုပ်ထွေးမွန်းကြပ်လာတဲ့အခါ တစ်ရေးတစ်မော အိပ်စက်အနားယူခြင်း။ စိတ်ကြည်လင်စေမယ့် စာအုပ်ဖတ်ခြင်း၊ စိတ်အေးချမ်းစေဖို့ တရားထိုင်ခြင်းတွေက စိတ်ဓါတ်ကျဆင်းမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စေတဲ့ အကြောင်းအရင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

၇။ ရယ်မောခြင်းဟာ စိတ်ကျရောဂါနဲ့၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ၊နာကျင်မှုတွေ သက်သာစေတဲ့ အန်ဒိုဖင်န် ဟောမုန်းတွေကို တိုးပွားစေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေဖို့ အခြေခံကျတဲ့ အကြောင်းအရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

၈။ ကျေနပ် ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိတ်ဆွေ အပေါင်းအသင်းများရှိခြင်း။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ပတ်ဝန်းကျင်မှာ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ သူတွေ မရှိခြင်းကလည်း ဘဝကို နေပျော်စေမယ့် အဓိကအချက်ထဲမှာ ပါဝင်ပါတယ်။

၉။ ကောင်းမွန်တဲ့ စိတ်သဘောထား ခံယူချက်များရှိခြင်း။ ဘဝမှာ အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့သစ်လေးတွေပိုင်ဆိုင်နိုင်ဖို့ဆို အရာရာ အကောင်းမြင်စိတ်လေးနဲ့ ကြည့်တတ်မြင်တတ်ဖို့ က သိပ်ကို အဓိကကျပါတယ်။

၁၀။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုအလေးပေး ဆောင်ရွက်ခြင်း။ ဒီလို ကိုယ်တိုင်က သန့်ရှင်းသပ်ရပ်စွာ နေထိုင်မယ်ဆို မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်အတွက်ပါ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

၁၁။ မိသားစု ရှိသူတွေအတွက် မိမိရင်သွေးလေးတွေနဲ့ ပျော်ရွှင်စွာ နေထိုင်ခြင်းက အသက်ရှည်ကျန်းမာစေဖို့ အတွက် အကြောင်းအရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

၁၂။ မိမိပတ်ဝန်းကျင်ကလူတွေကို ကူညီဖေးမခြင်း။ ဒီလို သူများတွေရဲ့ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းနိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးပွားလာပြီး ဘဝမှာ နေပျော်လာပါလိမ့်မယ်။

၁၃။ ကိုယ် ဘာကြောင့်အသက်ရှင်နေလဲ ဆိုတဲ့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာရှိခြင်း။ တစ်နေ့တစ်နေ့ ကိုယ့်မျှော်လင့်ချက်၊ အိမ်မက်တွေနဲ့ စိတ်လှုပ်ရှားတက်ကြွစွာ နိုးထနိုင်ခြင်းက အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်မှုတစ်ခု ဆီ ဦးတည်နေတာပါ။

၁၄။ လက်ဖက်ရည်၊ ကော်ဖီစတာတွေကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေပါတယ်။ အထူးသဖြင့် ရေနွေး ကြမ်းသောက်သုံးခြင်းက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

၁၅။ လိမ္မာယဉ်ကျေးတဲ့ အိမ်မွေးခွေးတစ်ကောင် ပိုင်ဆိုင်ခြင်း။ ခွေးလေးတွေဟာ စိတ်ပျော်ရွှင်စေမယ့် အဖော်ကောင်းဖြစ်သလို ၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးအတွက် နေ့စဉ် လမ်းလျှောက်ဖော်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် သူတို့လေးတွေရှိနေခြင်းက လည်း ဘဝကို အဓိပ္ပါယ်ရှိစွာ နေပျော်လာစေမယ့် အကြောင်းအရင်း တစ်ရပ်ပါပဲ။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။