ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာ (၁ဝ)မျိုး

blank
၁။ ထောပတ်သီး

မမှည့်သေးတဲ့ ထောပတ်သီးတွေကို ရေခဲသေတာထဲ ထည့်ဖို့မသင့်တော်ပါဘူး။ မှည့်ပြီးလို့ ခွဲစိတ်ပြီးသွားရင်တော့ ထည့်လို့ရပါတယ်။

၂။ အာလူး

အာလူးကို ရေခဲသေတ္တာထဲ ထားခြင်းက အာလူးထဲမှာပါဝင်တဲ့ ကစီဓါတ်တွေကို သကြားဓါတ်တွေ အဖြစ်အလျှင်အမြန် ပြောင်းလဲစေပါတယ်။ အေးနေတဲ့ သဲကြမ်းပေါ်မှာထားတာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

၃။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲမှာ ထားခြင်းက မူရင်းအရသာကို လျော့စေပြီး အလျှင်အမြန် ပျော့ရွဲလာစေပါတယ်။

၎။ ပျားရည်

ပျားရည်က ရေခဲသေတ္တာထဲမှာ အလျှင်အမြန်အေးခဲစေတာကြောင့် အလုံပိတ်ပြီး ဘီရိုထဲမှာ သိမ်းထားတာ အသင့်တော်ဆုံးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အုန်းဆီ

အုန်းဆီကိုရေခဲသေတ္တာထဲ ကြာကြာထားရင် အေးခဲသွားနိုင်ပါတယ်။

၆။ ကြက်သွန်နီ

ကြက်သွန်နီကလည်း ရေခဲသေတ္တာထဲမှာ မထားသင့်တဲ့ အရာတစ်မျိုးပါပဲ။ အကြောင်းကတော့ မြန်မြန်ပျော့တွဲသွားစေပြီး ပုပ်သိုးလွယ်တာကြောင့် ဖြစ်ပါတယ်။

 ၇။ ပင်စိမ်းပင်

ပင်စိမ်းပင်ဟာ ရေခဲသေတ္တာထဲမှ ညှိုးနွမ်းလွယ်တာကြောင့် ထည့်ဖို့ မသင့်တော်ပါဘူး။

၈။ ပေါင်မုန့်

ရေခဲ သေတ္တာထဲမှာ ပေါင်မုန့်တွေဟာ ခြောက်သွေ့လွယ်ပါတယ်။

၉။ ကော်ဖီစေ့

ကော်ဖီစေ့တွေဟာ ရေခဲသေတ္တာထဲမှာရှိတဲ့ အခြားအနံ့တွေကို စုပ်ယူတဲ့အပြင် မူရင်းအရသာကိုပါ ပျက်ယွင်းစေပါတယ်။

၁ဝ။ ကြက်သွန်ဖြူ

အေးခဲတဲ့ နေရာမှာ ကြက်သွန်ဖြူ အလွယ်တကူ အညှောင့်ပေါက်လာနိုင်တာကြောင့် ရေခဲသေတ္တာ ထဲမှာ မထားသင့်ပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။