ချစ်သူက ကိုယ့်အပေါ် လေးလေးနက်နက်ရှိကြောင်းပြတဲ့ အချက် (၈)ချက်

blank
Happy Couple

ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတစ်ခုမှာ နှစ်ယောက်သားအဆင်ပြေနေရင် တစ်ယောက်နဲ့တစ်ယောက် လေးလေးနက်နက်ရှိကြတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် တကယ်လေးနက်ရဲ့လားဆိုတာ တခါတလေကျရင် ဝေခွဲရခက်နေတတ်တယ်။ ကိုယ့် ချစ်သူနဲ့ ကိုယ်နဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးတစ်ခုက ဘယ်ကိုဦးတည်နေလဲဆိုတာသိရအောင် ကျွန်မတို့က လက္ခဏာရပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူက ကိုယ့်အပေါ် စစ်မှန်စွာ စိတ်ဝင်စားခြင်း

သူနဲ့ကိုယ်က အလုပ်ချင်းမတူညီရင်တောင် ကိုယ့်အလုပ်ကို သူကောင်းကောင်းနားလည်ချင်ပါတယ်။ ကိုယ်ဒီအလုပ်ကို ဘာလို့လုပ်တယ်၊ ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လိုနှစ်သက်တယ်ဆိုတာတွေပေါ့။ ဒါလေးတွေက သူကိုယ့်အပေါ် တကယ်စိတ်ဝင်စားကြောင်း ပြသတာပေါ့။

၂။ ကိုယ်ပြောခဲ့ဖူးတာတွေကို သူမှတ်မိနေတတ်တယ်။

ကိုယ်က မြေပဲနဲ့ ဓာတ်မတည့်ဘူဆိုတာ ပြေပြခဲ့ဘူးတယ်၊ ဒါပေမယ့် အချိန်တော်တော်ကြာခဲ့ပြီ ဆိုကြပါစို့။ အပြင်ထွက်ပြီး မုန့်ထွက်စားတဲ့အခါ မြေပဲမပါတဲ့ အစားအစာကို ကိုယ့်အတွက် မှာပေးတာမျိုးတွေ ပြုလုပ်ပေးပါတယ်။ ဒါက ကိုယ့်စကားတွေအပေါ် သူဘယ်လောက် အာရုံစိုက်တယ်၊ ကိုယ့်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ ဖော်ပြပေးပါတယ်။

၃။ သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုခင်မင်စေချင်တယ်။

ကိုယ့်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ကိုယ်နဲ့တွဲနေပါတယ်ဆိုတာကို အားလုံးကို ပြချင်တယ်၊ ကြွားချင်တယ်။ ကိုယ်က သူ့အတွက် အရေးပါတဲ့လူတစ်ယောက်ဆိုတာကို လူတွေကို သိအောင်ပြတဲ့ သူ့ရဲ့နည်းလမ်းတစ်ခုပါ။ တခြားအချက်လေးတစ်ခုရှိပါသေးတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ ထွက်လည်ရင်ဖြစ်ဖြစ်၊ လူမှုရေးအရ တွေ့ဆုံပွဲတွေမှာဖြစ်ဖြစ် သူက ကိုယ့်အပေါ်မှာပဲ အာရုံစိုက်ပြီး ယုယတာလေးတွကို တွေ့ရပါတယ်။

၎။       ကိုယ့်ဆီမှာ အကြံဥာဏ်လေးတွေ တောင်းလေ့ရှိတယ်။

သူ့ကိစ္စတွေအားလုံးမှာ ကိုယ့်ထင်မြင်ချက်လေးတွေ တောင်းတတ်တယ်။ သူ့အိမ်တွင်းရေးကိစ္စတွေမှာအကြံတောင်းတာတို့ အရေးကြီးတဲ့ အင်တာဗျူးတစ်ခုအတွက် သူဘာဝတ်ရင်ကောင်းမလဲဆိုတာတို့ကို ကိုယ့်ဆီမှာ မေးတတ်တယ်။ ဒါတွေက ကိုယ်က သူ့အတွက် အရေးပါတယ်ဆိုတာ ပြသတဲ့ ကောင်းကွက်လေးတွေပါ။

၅။       ကိုယ်ဝမ်းနည်းအားငယ်တဲ့အခါ သူ့ဆီမှာရင်ဖွင့်လိုက်ရင် သက်သာတယ်လို့ ခံစားရခြင်း

အလုပ်မှာ အဆင်မပြေတာဖြစ်ဖြစ်၊ မိသားစုပြဿနာတစ်ခုကြောင့်ဖြစ်ဖြစ်၊ သို့မဟုတ် သူငယ်ချင်းနဲ့ စကားများတာဖြစ်ဖြစ်ပေါ့။ ဒီလိုတွေ ခံစားရတဲ့အခါ သူ့ကို ယုံကြည်ပြီး အားလုံးပြောပြနိုင်တယ်။ ဘယ်လိုဖြေရှင်းလိုက်ရင်ကောင်းမလဲဆိုတာ တိုင်ပင်တယ်ဆိုတာ ကိုယ်အလိုအပ်ဆုံးအရာက သူ့ရဲ့ စာနာနားလည်ပေးနိုင်တဲ့နားတွေကြောင့်ပါ။

၆။       ကိုယ့်ကို အကူအညီပေးဖို့ အမြဲအသင့်ရှိတယ်။

ဒီတစ်ပတ်တော့ ကိုယ်ကအလုပ်တအားများမယ်လို့ သူ့ကိုပြောလိုက်ရင် စနေ၊တနင်္ဂနွေပိတ်ရက်မှာ တွေ့ဖြစ်အောင်တွေ့ဖို့တော့ ပြောတတ်တယ်။ ဒါ့အပြင် တစ်ပတ်လုံးလည်း မက်ဆေ့ခ်ျတွေ မကြာမကြာပို့ပြီး ဘာလုပ်နေလဲ၊ အကူအညီများလိုအပ်မလား စသဖြင့် ပြုလုပ်တတ်တယ်။

၇။       ကိုယ့်ကိုတွေ့နေရတာ ကိုယ့်အသံကြားနေရတာကို သူက နှစ်သက်တယ်။

သူက အမြဲတမ်းပုံမှန် ဖုန်းဆက်တတ်တယ်။ ကိုယ့်အသံကို နှစ်သက်တယ်၊ ဒါကြောင့် မက်ဆေ့ခ်ျပို့တာတွေကို သိပ်မလုပ်ချင်ဘူး။ ကိုယ့်ကိုတွေ့နေရတာကိုလည်း နှစ်သက်တယ်လေ။ သူဘယ်လို မစောင့်နိုင်တာ၊ နောက်တစ်ခါချိန်းဖို့ မျှော်နေရတာ စသဖြင့် အမြဲပြောလေ့ရှိပါတယ်။

၈။       ကိုယ်က သူ့အကြောင်းပြောနေရတာကို နှစ်သက်မြတ်နိုးတယ်။

ယေဘူယျအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အချစ်ရေးနဲ့ပတ်သက်ရင် မိဘတွေကိုပြေဆိုဖို့ တုံ့ဆိုင်းတတ်ကြတယ်လေ။ ဒါပေမယ့် သူ့အကြောင်းနဲ့ပတ်သက်ပြီး မိဘတွေကို ဖွင့်ဟချင်စိတ်တွေဖြစ်လာတယ်။ သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း သူဘယ်လိုကောင်းတယ်ဆိုတာကို တရစပ် ပြေနေမိတယ်လေ။