မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ

blank

အပြစ်တင် ဝေဖန်မှုတွေများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့ ကလေးဟာ အပြစ်တင်ရှုံ့ချတတ်လာပါတယ်။

အကြောက်တရားတွေ နဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ ကလေးကတော့ အရာရာ မဝံ့မရဲ ဖြစ်လာပါတယ်။

ရန်ဆောင်မှုတွေ ၊ မပြေလည်မှုတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးကတော့ အမြဲလိုလို ရန်လိုနေတတ်ပါတယ်။

သနားငဲ့ညှာမှုတွေနဲ့ ကြီးပြင်းလာရရင်တော့ အလိုလို ဝမ်းနည်းနေတတ်ပါတယ်။

ပြက်ရယ်၊ လှောင်ပြောင်မှုတွေကြားမှာ ကြီးပြင်းလာခဲ့ရင်တော့ အရာရာ ရှက်ရွံ့နေတတ်ပါတယ်။

မနာလိုဝန်တိုမှုများတဲ့ ပတ်ဝန်းကျင်မှာ ရပ်တည်ခဲ့ရတဲ့ ကလေးက တစ်ပါးသူရဲ့အောင်မြင်မှုတွေ မုဒိတာမပွားနိုင်ဖြစ်နေတတ်ပါတယ်။

အားပေး ချီးမြှောက်မှုတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးကတော့ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှု ရှိနေပါတယ်။

စာနာထောက်ထားမှု၊ သည်းခံမှုတွေနဲ့ ရှင်သန်ရပ်တည်နေကျ ကလေးကတော့ သည်းခံခြင်းနဲ့ ဘဝကို အကောင်းဆုံးရပ်တည်ပါတယ်။

ကိုယ့်အောင်မြင်မှုတွေ အသိအမှတ်ပြုတာ ခံရနေကျ ကလေးဟာ သူများအောင်မြင်မှုတွေကိုလည်း ချီးမြှောက်ဖို့ အသင့်ဖြစ်နေပါတယ်။

အရာရာ နားလည်လက်ခံနိုင်တဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်ခဲ့ရတဲ့ ကလေးကတော့ အရာရာတိုင်းကို ချစ်မြတ်နိုး တတ်လာပါတယ်။

ပေးကမ်းရက်ရောမှု ၊ မျှဝေမှုတွေ နဲ့ ရှင်သန်ခဲ့ရတဲ့ ကလေးကတော့ လူတွေကို စာနာကူညီတတ်လာပါတယ်။

ရိုးသားမှုတွေ ဝန်းရံထားတဲ့ ပတ်ဝန်းကျင်က ကလေးကတော့ အမှန်တရားတွေကို တန်ဖိုးထားတတ်လာပါတယ်။

မျှမျှတတ ဆုံးဖြတ်တတ်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ ကလေးကတော့ အရာရာကို မျှမျှတတ တွေးတောတတ်လာပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျရင် စာစောင်ကို Share လိုက်ပါ။