(၁၀)နှစ်တာအတွင်း နောင်တမရစေဖို့ သမီးလေး ပြုလုပ်ရမယ့် ရွေးချယ်မှု (၁၀)ခု- အပိုင်း (၁)

blank

မေမေတို့တွေက အဆုံးသတ်မှာတော့ မေမေတို့ မရယူခဲ့တဲ့ အခွင့်အရေးတွေ၊ မေမေတို့ ပိုင်ဆိုင်ရမှာကို ကြောက်ရွံ့ခဲ့တဲ့ relationship တွေ၊ မေမေတို့ အကြာကြီးနေမှ ချမိခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် နောင်တရကြပါတယ်။

သမီးအချိန်ဆွဲနေမိခဲ့တဲ့ အခွင်းအလမ်းကြီးတစ်ခု၊ သမီးစကားမပြောခဲ့တဲ့ သူငယ်ချင်းတစ်ယောက်၊ သမီးမဖွင့်ဟမပြောခဲ့တဲ့ အရေးကြီးတဲ့စကားတွေကို သေချာစဉ်းစားကြည့်ပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မေမေတို့တွေအားလုံးက နောင်တကို ကြုံတွေ့ဖူးကြပါတယ်။ ဒါပေမယ့် အမှန်ကိုပြန်ပြင်နိုင်ဖို့ နောက်မကျသေးပါဘူး။ မေမေတို့ အသက်ရှူနေသေးတာပဲ မဟုတ်လား။ မနက်ဖြန်ကို ပြောင်းလဲနိုင်ဖို့ ဒီနေ့မှာ အခွင့်အရေးရှိတယ်လေ။ အရင်တုန်းက ရခဲ့တဲ့နောင်တတွေကို ဖျက်ပစfနိုင်ဖို့ အခုပဲ မေမေတို့စတင်လိုက်ရအောင်။

နေ့ရက်တိုင်း နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ သမီးစတင်နိုင်အောင် အကြံတစ်ချို့ကို မေမေပေးလိုက်ပါတယ်။ လာမယ့် (၁၀)နှစ်တာအတွင်း သမီးလေး နောင်တတွေ မရစေဖို့ သမီးစတင်ပြုလုပ်ရမယ့် အချက် (၁၀)ချက်ကို မေမေဖော်ပြပေးလိုက်ပါတယ်။

၁။သမီးချစ်မြတ်နိုးတဲ့ အရာကိုရှာဖွေပြီး ပိုင်ဆိုင်လိုက်ပါ။

သမီးရဲ့ဘဝကို တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုရင်း ကုန်ဆုံးနေတဲ့အခါ သမီးလေး စိတ်ဆင်းရဲရမှာပေါ့။ သမီးတတ်နိုင်သလောက် ကြိုးစားရှာဖွေကြည့်ပါ။ သမီး နှလုံးသားကို လှုပ်ရှားစေမယ့် အရာတွေကို ရှာဖွေပြီး သမီးနှစ်သက်ရာကို ပြုလုပ်ပါ။ သမီးချစ်မြတ်နိုးတဲ့အရာ အကြောင်းတွေ ကြိုးစားရှာဖွေပါ။ ဒီအရာကို ချစ်မြတ်နိုးတဲ့ တခြားလူတွေကိုလည်း ရှာဖွေပါ။ လူတွေအထင်ကြီးအောင် သမီးမနှစ်သက်တဲ့ အရာတစ်ခုကို ဟန်ဆောင်နှစ်သက်ပြီး သမီးအချိန်တွေကို ကုန်ဆုံးနေမယ်ဆိုရင် သမီးနဲ့ကိုက်ညီမှုမရှိတဲ့ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကြားကို သမီးရောက်သွားမှာပါ။ သမီးလုပ်တဲ့အရာတွေကို သမီးနှစ်သက်ဖို့လိုပါတယ်။ ကိုယ်ပိုင်ဟန်လေးရှိနေပါ။ ဒါမှ သမီးလေးက စစ်မှန်တဲ့ပျော်ရွှင်မှုကို ပေးနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေတွေ ရရှိမှာပေါ့

၂။နေ့တိုင်း သမီးကိုယ်ပိုင် အတွေးအခေါ်နဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ နေထိုင်ပါ။

သမီးဦးတည်ချက်တစ်ခုကို လျှောက်နေတဲ့အခါ သမီးနဲ့ ဆန့်ကျင်ဘက်လမ်းကြောင်းကို လျှောက်နေတဲ့လူတွေက သူတို့လမ်းကြောင်းကို လိုက်စေချင်ကြမှာပါ။ ဒါကသမီး မလွဲမသွေ ကြုံရမှာပါ။ ဒါပေမယ့် သမီးလေးမှတ်ထားရမှာက သူတို့အတွက် မှန်ကန်တဲ့အရာက သမီးအတွက် မှားချင် မှားနေနိုင်ပါတယ်။ ဒီလိုပဲ သမီးမှန်တယ်ထင်တဲ့အရာကလည်း သူတို့အတွက် မှားနေတယ် ထင်နိုင်တာပဲလေ။ တကယ်တော့ ကမ္ဘာပေါ်မှာ အမှန်တရားဆိုတာ မရှိပါဘူး။ မေမေတို့ အမြင်တွေပဲ ရှိတာပါ။ မေမေတို့တွေအားလုံးက တစ်ယောက်တစ်မျိုးစီ မြင်ကြတယ်လေ။ သမီးဆိုတာ ပျောက်ကွယ်နေတဲ့ ဘဝမှာ သမီးလေးစိတ်ဆင်းရဲပြီး ရှင်သန်နေရရင်၊ ဒါမှမဟုတ် မိဘစေညွန်ရာ၊ ဆရာသမားစေညွှန်ရာ၊ ရုပ်သံလှိုင်းက အမျိုးသမီးတစ်ယောက်ရဲ့ စေညွန်ရာအတိုင်း သမီးဘဝကို ဖြတ်သန်းနေရတယ်ဆိုရင် သမီးဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ သမီးနဲ့ပဲ သက်ဆိုင်တာပါ။ တကယ်တော့ သတ္တိအရှိဆုံး အပြုအမူက သမီးကိုယ်သမီး ဝေဖန်သုံးသပ်ပြီး သမီးအတွင်းစိတ်ထဲကစကားကို နားထောင်ခြင်းပါ။

၃။မနက်စောစောထပြီး မှန်ကန်တဲ့လုပ်ရပ်တွေ ပြုလုပ်ပါ။

သမီးဘဝမှာ ရှင်သန်နေရတဲ့ အဓိပ္ပာယ် ရှိရမယ်။ ဒါကြောင့် သမီးစိတ်ကူယဉ်နေတာတွေကို ရပ်တန့်ပြီး လက်တွေ့လုပ်ဆောင်ပါ။ တစ်ယောက်အပေါ် မှီခိုမယ့်အစား သမီးကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပါ။ သမီးဘဝအတွက် သမီးတာဝန်ယူနိုင်ပြီး ကိုယ့်ဘဝကိုယ် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ သမီးက အရေးပါပြီး မရှိမဖြစ်လိုအပ်တဲ့ လူတစ်ယောက်ပါ။ တစ်ယောက်ယောက်က တစ်နေ့နေ့မှာ တစ်ခုခုလုပ်ပေးဖို့ကို သမီးထိုင်စောင့်ဖို့ အချိန်မရှိတော့ပါဘူး။ အလုပ်ရှုပ်နေဖို့မဟုတ်ဘဲ အလုပ်လုပ်နိုင်ဖို့ သမီးအာရုံစိုက်ပါ။ အရာရာကို ပြီးဆုံးအောင်ပဲ မလုပ်ပါနဲ့။ မှန်မှန်ကန်ကန်ပြီးမြောက်နိုင်အောင် လုပ်ပါ။ ဒါတွေအားလုံးက သမီးရဲ့ ကိုယ်ရေးကိုယ်တာ ဘဝမှာရော ပြင်ပလောကအတွက်ပါ အသုံးချရမယ်ဆိုတာ သမီးလေး မှတ်ထားပါ။

၎။သမီးလေးရဲ့ ဖုန်းလေးကို ချထားပြီး လက်ရှိဘဝကို ပိုပြီးခံစားလိုက်ပါ။

နေရာတစ်နေရာကို ဘယ်လိုရောက်လာမှန်း မသိတာထက် ပိုပြီးဆိုးတဲ့ အခြေအနေရှိသေးလား သမီး။ ပိုပြီးဆိုးတာက ပြီးဆုံးသွားတော့မှ တန်ဖိုးကိုနားလည်တာပါပဲ သမီး။ လက်ရှိအချိန်မှာ နေထိုင်ခြင်းဆိုတာ တကယ့်ကို အခြေခံသဘောတရားလေးပါပဲ။ ဒါပေမယ့် မေမေတို့တွေက ဒီရိုးရှင်းတဲ့ သဘောလေးကို ရှုပ်ထွေးအောင်လုပ်မိနေကြတယ်လေ။ အခုအချိန်မှာ ဖြစ်ပျက်နေတာလေးကို သတိလေးထားပြီး နှစ်သက်ပျော်မွေ့ဖို့က တကယ်တော့ ရှုပ်ထွေးစရာမရှိပါဘူး။ အင်တာနက်စာမျက်နှာပေါ်က (ဖေ့ဘွတ်ပေါ်က) ဓာတ်ပုံလှလှလေးတွေပဲ အတွေးထဲမှာ ရှိမနေသင့်ပါဘူး။ ဖုန်းလေးကို ခဏချပြီး သမီးကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောခဲ့တဲ့စကားလေးတွေအကြောင်း အမှတ်ရလိုက်ပါ။

၅။ကြင်နာတတ်အောင် သင်ယူပါ။

ကြင်နာခြင်းက ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံးတုံ့ပြန်ခြင်းပဲ သမီး။ သမီးလေး အရွယ်ရလာတဲ့အခါ သမီးဘဝကိုသမီး နောက်ပြန်ကြည့်မယ်ဆိုရင် သမီးငယ်စဉ်က အရေးကြီးတယ်လို့ထင်ခဲ့တဲ့ အရာတွေတော်တော်များများကို သမီးမေ့သွားမှာပဲ။ သမီးကျောင်းတုန်းအကြောင်းတွေကိုလည်း သမီးမှတ်မိချင်မှ မှတ်မိတော့မှာပါ။ သမီးအတိတ်တုန်းက တချို့လူတွေက သမီးရဲ့အကောင်းဆုံးသော အရာတွေကို ယူဆောင်သွားခဲ့တာကို သမီးဘာလို့ခွင့်ပြုခဲ့တာလဲ ဆိုတာတွေကိုတောင် ပြန်မှတ်မိဖို့ သမီးခက်ခက်ခဲခဲ ကြိုးစားရမှာပါ။ ဒါပေမယ့် သမီးဘယ်တော့မှ မမေ့တာကတော့ ကြင်နာတတ်တဲ့လူတွေကိုပါပဲ။ သမီးဒုက္ခရောက်တဲ့အခါ ကူညီခဲ့တဲ့လူတွေ၊ သမီးအပေါ် မေတ္တာထားခဲ့တဲ့ လူတွေကိုပေါ့။ ဒါကြောင့် သမီးလည်း တတ်နိုင်သလောက် တခြားလူတွေအတွက် ဒီလိုလူတစ်ယောက် ဖြစ်အောင်ကြိုးစားပါ။ (ကိုယ်ပြုသောကံ ကိုယ့်ထံ ဆိုတဲ့ စကားလေးအတိုင်းပါပဲ။)

မေမေပေးခဲ့တဲ့ အကြံဥာဏ်လေးတွေက သမီးအတွက် အသုံးဝင်မယ်လို့ မေမေမျှော်လင့်ပါတယ်။ သမီးလေး ကိုယ့်ဘဝကို ရှေ့ဆက်ပြီး တိုးတက်ကြီးပွားဖို့ မေမေမျှော်လင့်လိုက်ပါတယ်။

အကောင်းဆုံးတွေ မျှော်လင့်လျက်

မေမေ

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊