ခေါင်းဆောင်ကောင်းတွေ ကိုဘယ်လိုမွေးထုတ်မလဲ

blank

လက်ဦးဆရာမည်ထိုက်စွာပုဗာစရိယမိနှင့်ဖဆိုတဲ့ စကားအတိုင်းမိဘတွေဟာကလေးငယ်တွေရဲ့ ပထမဦးဆုံးဆရာပါ။မိဘတွေဆိုတာကလေးတွေအတွက်ပထမဦးဆုံးတွေ့ရတဲ့ ဆရာဖြစ်ပြီးဘဝမှာအလွှမ်းမိုး နိုင်ဆုံးလူသားတွေပါပဲ။ မိဘတွေရဲ့အပြုအမူတွေ အောင်မြင်မှုတွေ ပုံရိပ်တွေကကလေးတွေ အပေါ်မှာအများဆုံးလွှမ်းမိုးနိုင်စွမ်းရှိပြီးတော့ ကလေးတွေရဲ့  ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေကိုအနည်းနဲ့ အများသက်ရောက်မှုဖြစ်ပေါ်လာစေပါတယ်။ ကလေးဘဝကတည်းကသေသေချာချာပြုပြင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကောင်းမွန်သင့်လျော်တဲ့ အချက်အလက်လေးတွေကိုကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ကလေးငယ်တွေကိုသေချာလေ့ကျင့် ပျိုးထောင်ပေးပါ။

သင့်ကလေးငယ်ရဲ့ ဆန္ဒတွေ အိပ်မက်တွေကိုနားလည်ဖို့ အချိန်ယူလေ့လာပါ။ ကလေးတွေနဲ့ အတူတကွ ကိစ္စသေးသေးလေးတွေကိုအရင်လုပ်ဆောင်ကြည့်ပါ။ ကလေးတစ်ဦးစီရဲ့ စွမ်းရည်တွေ၊ လက္ခဏာတွေ အပေါ် သေသေချာချာလေ့လာပြီးဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာမစူးစမ်းမဆင်ခြင်ပဲဖိအားပေးပြုမူလိုက်တာကသူတို့အတွက် ပိုမိုဆိုးရွားသွားစေတဲ့ ရလာဒ်ကို ဖြစ်ပေါ်စေနိုင်တာမို့ သေချာဂရုစိုက်ပြုမူသင့်ပါတယ်။  ဥပမာအားဖြင့် မိဘတွေကမိမိကိုယ်ကိုယ် ယုံကြည်လွန်းနေတာ၊ ကလေးတွေအပေါ် ငါသိငါတတ်ကြောင်းပြနေပြီးကလေးတွေကိုဆုံးဖြတ်ခွင့်တွေ လွတ်လပ်စွာပြောဆိုခွင့်တွေမပေးတာ၊ ရန်မူတာ၊ အုပ်ထိန်းမှုလွန်ကဲနေတာ၊ စတာတွေကဖြောင့်မတ်မှန်ကန်တဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အပြုအမူကောင်းတွေမဟုတ်ပါဘူး။  မိမိကိုယ်ကိုယုံကြည်တတ်အောင် သေချာမသင်ကြားပေးခဲ့ဘူးဆိုရင် တစ်ချိန်ချိန်မှာလိုအပ်တာထက် ရန်မူလွန်းနေတာ၊ အဆိုးမြင်လွယ်နေတာ၊ ယုံကြည်မှုကင်းမဲ့လွန်းနေတာစတာမျိုးတွေကို ကြုံတွေ့လာစေပါလိမ့်မယ်။

၂။ ကလေးငယ် အရည်အသွေးထက်မြက်အောင် လေ့ကျင့်သင်ကြားပေးပါ။

ကလေးတွေ လေ့လာသင်ယူနေတာတွေကိုအချိန်ယူစောင့်ကြည့်ပြီးသူတို့ အလိုရှိတာတွေကိုဖော်ထုတ်ပါ။ အခြေအနေတစ်ခုအပေါ်မှာ ဖြစ်ပေါ်လာတဲ့ အမှန်တွေ အမှားတွေရဲ့ ရလာဒ်တွေကိုလေ့လာသုံးသပ်ပြီးနမူနာယူအသုံးချပါ။ အကျိုးနဲ့ အကြောင်းကိုသေချာသင်ကြားပေးပါ။ အကျိုးဆက်တွေကိုသေချာရွေးခြယ်ခိုင်းပါ။

၃။ ပြဿနာဖြေရှင်းတတ်အောင် သင်ကြားပေးပါ။

ပြဿနာတွေအပေါ် နားလည်သဘောပေါက်စေဖို့နဲ့ အဲဒီပြဿနာတွေကို အစီအစဉ်တကျ ဖြေရှင်းတတ်စေဖို့အတွက် ကလေးတွေအပေါ်  သေချာသင်ကြားပေးပါ။ အခြေခံသဘောတရားတွေ မှန်ကန်တဲ့ ဥပဒေသတွေကို အသုံးချပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချတတ်စေဖို့ နည်းပေးလမ်းညွှန်ပေးပါ။ စည်းမျဉ်းစည်းကမ်းတွေကို နားလည်လိုက်နာလာစေဖို့အတွက်  တဖြေးဖြေးချင်း စည်းရုံးသိမ်းသွင်းပေးတာက မိမိလိုချင်တာကိုပဲ ဦးတည်ပုံသွင်းပေးတာထက်ပိုပြီး ကောင်းမွန်မှန်ကန်ပါတယ်။ သူတို့ လုပ်နိုင်တာကိုပဲ စနစ်တကျ မှန်မှန်ကန်ကန်လုပ်ကိုင်တတ်အောင် သူတို့ဘဝမှာ အမှန်တရားတွေကို လက်ခံသဘောပေါက်အောင် သင်ကြားပြသပေးပါ။

၎။ ကျွမ်းကျင်တဲ့ အရာတွေကို အမှတ်သားပြုထားပြီး သေချာညွှန်ပြပေးပါ။

ကလေးတွေက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်မိရင်၊ မှန်ကန်တဲ့ အပြုအမူတွေကို ပြုလုပ်မိရင် သေသေချာချာချီးမြှောက်ပါ။ လမ်းကြောင်းလွဲဖယ်သွားခဲ့မယ် ဆိုရင်လည်း လမ်းမှန်ရောက်အောင် လက်တွဲပြန်ခေါ်ပါ။ အသက်အရွယ်အလိုက် ဆီလျော်တဲ့ လမ်းကြောင်းအမှန်ကို လျှောက်နိုင်စေဖို့အတွက် သူတို့ရွေးချယ်တာတွေကို သင့်တော်ကောင်းမွန်အောင် စနစ်တကျ ညွှန်ကြားပြသပေးပါ။

(မှတ်ချက်- မိမိကိုယ်ကို မိမိတန်ဖိုးထားတတ်ခြင်းဆိုတာ   အပြုအမူတွေတိုင်း လုပ်ရပ်တွေတိုင်းမှာ မှန်ကန်ဖြောင့်မတ်စွာ ပြုလုပ်တတ်ရမယ်။  ပြီးတော့ ပြုလုပ်တဲ့သူတွေကိုလည်း ချီးမွမ်း အသိအမှတ်ပြုပေးရမယ်လို့  ဆိုလိုချင်တာပါ။ အဲဒီလို အပြုအမူကောင်းတွေက ကလေးတွေအပေါ် မကောင်းတဲ့ အထောက်အပံ့ဆိုးတွေ ခြယ်လှယ် အုပ်စိုးမှုတွေ မလုပ်ဘဲကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းတွေချမှတ်ပြီး အပြုအမူကောင်းတွေ သင်ကြားပေးတာမျိုးပါ။

၅။ အစုအဖွဲ့နဲ့ ဆောင်ရွက်တတ်အောင် သင်ကြားပေးပါ။

မိသားစုတွေ့ဆုံပွဲတွေ၊ အသင်းအဖွဲ့ အလိုက် လုပ်ကိုင်တတ်တာတွေကို ပါဝင်ဆောင်ရွက်တတ်စေဖို့ သင်ကြားပေးပါ။ အဲဒီအရာတွေက အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်စေဖို့ သင်ကြားပေးတဲ့ နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ မျှဝေ ခံစားတာ၊ အခြားသူတွေနဲ့ အတူတူ ဆုံးဖြတ်ချက်ကို မျှမျှတတ ချမှတ်နိုင်တာ ပြီးတော့ အလုပ်မှာ အကျင့်ကောင်းတွေရှိလာစေတာ စတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေပါတယ်။

အောင်မြင်မှုတွေ ရှုံးနိမ့်မှုတွေဆိုတာ ဘဝရဲ့ စွန့်စားခန်းတွေထဲက အစိတ်အပိုင်းတစ်ခုပါ။ ကလေးတွေကို ဦးဆောင်နိုင်စွမ်းတွေ တိုးတက်လာစေတာက သူတို့အတွက်၊ သူတို့ရဲ့ အဖွဲ့အစည်းတွေအတွက်၊ နောက် အနာဂတ်အတွက်၊ တိုင်းပြည်အတွက် စတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေမှာပါ။ သူတို့လေးတွေရဲ့ အနာဂတ်တစ်လျှောက်လုံးအတွက် ခေါင်းဆောင်ကောင်းဘဝနဲ့ ရပ်တည်ရှင်သန်စေနိုင်စေလို့ မိဘတွေအပေါ်မှာ အလေးထားလာပါလိမ့်မယ်။ သူတို့ဘဝတွေမှာ အဓိပ္ပါယ်တွေနဲ့ ပြည့်စုံနေစေပြီး အရေးပါ အရာရောက်လာပါလိမ့်မယ်။

တစ်နေ့မှာတော့ ကလေးတွေ အရွယ်ရောက်လာတဲ့ အခါ  ဘဝတိုးတက်ရေးအတွက် အိမ်ကနေထွက်ခွာကြရမှာပါ။  အကောင်းဆုံး ပြင်ဆင်ပေးနိုင်တာတွေ ပြင်ဆင်ပေးလိုက်တာက မိဘတွေရဲ့ ဘဝပေးတာဝန်တွေပါပဲ။ အမြဲတမ်း ကယ်ဆယ်နေတာ၊ အကောင်းဆုံးအကြံဥာဏ်ပေးနေတာ ထာဝရမလုပ်နိုင်ပါဘူး။  အခု အချိန်မှာပဲ သူတို့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်အောင်မြင်မြင်ရောက်ရှိနိုင်ဖို့ ကောင်းရာညွှန်ပြ သွန်သင်ဆုံးမပေးနိုင်မှာပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်က သူ့လူတွေကို ကောင်းကောင်း သွန်သင်ပေးနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ခေါင်းဆောင်သစ်တွေကို ဘယ်လို လေ့ကျင့်သင်ကြားပေးရမလဲဆိုတာ သူသိနေလို့ပါ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊