သမီးလေးအတွက် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေဖို့ အကြံပေးစာ

blank

နေရာတိုင်းမှာ မျှမျှတတ အချိန်မပေးနိုင်ဘူးလို့ သမီးထင်နေရင် သမီးဘဝကို ပြန်သုံးသပ်ဖို့ အချိန်တန်နေပါပြီ။ သမီးဘဝမှာ အလုပ်ပြီး အလုပ်ဖြစ်နေတဲ့အခါ ခဏလေး နားပြီး မေမေအခုပြောမယ့် အချက် (၉)ချက်ကို ဖတ်ကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ငြင်းတတ်အောင် သင်ပါ သမီး။

သမီးကို လုပ်စရာအလုပ်တွေ ပိုပေးခဲ့တဲ့အခါ သမီးငြင်းဆိုဖို့ မကြောက်ပါနဲ့။ သမီးအနေနဲ့ ဝတ္တရားအရ အပိုလုပ်ပေးတာဖြစ်ဖြစ်၊ မိသားစု သို့မဟုတ် သမီးသူငယ်ချင်းတွေအတွက် လုပ်ပေးတာဖြစ်ဖြစ်ပေါ့။ သမီးဘက်က အချိန်မပေးနိုင်တာကို ရိုးရိုးလေးပြောလိုက်တာက မလုပ်နိုင်ဘဲ လက်ခံလိုက်တာထက် ပိုကောင်းပါတယ်။

၂။အရှုပ်အထွေးတွေကို ရှင်းလင်းပါ။

အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခု ပျောက်နေတဲ့အခါ (ဥပမာ – တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေအောက်မှာ ထားမိတာမျိုးပေါ့) လိုက်ရှာရတာ အချိန်တော်တော်ကုန်တယ်နော် သမီး။ ဒါကြောင့် ရှင်းလင်းရေးလုပ်ဖို့ အချိန်လေးပေးပေးပါ။ ဒါမှ သမီးဘဝက ပိုပြီးလွယ်ကူပြီး စီမံခန့်ခွဲရမှာ လွယ်ကူမှာပေါ့။

၃။သမီးအတွက် တကယ်အရေးကြီးတဲ့အရာကို ပြုလုပ်ပါ။

တချို့လူတွေအတွက် နံပါတ်တစ်အရေးကြီးတာ အလုပ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်က သူတို့ကိုပျော်အောင် လုပ်ပေးလို့လေ။ ဒါပေမယ့် လူတော်တော်များများ အတွက်ကတော့ သူတို့အလုပ်က သူတို့အတွက် အရေးအကြီးဆုံး မဟုတ်ဘူးသမီး။ ဒါကြောင့် သမီးရဲ့ အချိန်အများဆုံးပေးထားတဲ့ အရာတွေကို ကြည့်ပြီး သမီးအတွက်အရေးမကြီးရင် သမီးပြန်ချိန်ဆကြည့်ပါ။

၎။မိသားစုနဲ့ မိတ်ဆွေကို လျစ်လျူမရှုပါနဲ့။

မိသားစုနဲ့ မိတ်ဆွေဆိုတာ အရေးကြီးပါတယ် သမီး၊ ဘယ်တော့မှ လျစ်လျူမရှုမိပါစေနဲ့။ သူတို့ကို အချိန်ပေးပါ၊ သမီးရဲ့ပေါင်းသင်းဆက်ဆံရေးတွေကို ပျိုးထောင်ပါ။ ရေရှည်မှာ သမီးအကျိုးခံစားရမှာပါ။

၅။စမတ်ကျကျ အလုပ်လုပ်ပါ။

အလုပ်တွေကို တစ်ချိန်တည်းမှာ အများကြီးလုပ်တာ မကောင်းဘူးသမီး။ သမီးအာရုံမစိုက်နိုင်ရင် အလုပ်ပြီးဖို့ အချိန်ပိုကြာပါတယ်။ ဒါကြောင့် တစ်ချိန်မှာ တစ်ခုပဲအာရုံစိုက်ပြီး လုပ်ပါ။ သမီးအလုပ်ပိုတွင် ပါလိမ့်မယ်။

၆။အရာရာတိုင်းက အခုချက်ချင်း ပြီးစရာမလိုပါဘူး။

ပေးထားတဲ့အချိန်အတွင်းမှာ အလုပ်တွေကို ဦးစားပေးသင့်တာ ဦးစားပေးပြီး လုပ်ရတယ် သမီး။ အလုပ်အားလုံး ဒီနေ့ပြီးရမယ်လို့ တွေးတဲ့ အကျင့်လေး မလုပ်ပါနဲ့။ သမီးလေး စိတ်ဓာတ်ကျပြီး လုပ်နိုင်စွမ်းတွေ နည်းပါးသွားလိမ့်မယ်။ ဒါက အချိန်ဆွဲတာလည်း မဟုတ်ဘူး သမီး။ အစီအစဉ်တကျ လုပ်တာပါ သမီး။ သမီးသာ အရာရာကို အစီအစဉ်ချပြီး လုပ်တတ်မယ်ဆိုရင် သမီးအတွက် နားချိန်လေးတွေပါ ထွက်လာနိုင်ပါတယ်။

၇။လျှပ်စစ်ပစ္စည်းတွေကို ရံဖန်ရံခါ အနားပေးပါ။

ချက်ချင်းကြီး ဖုန်းမကိုင်လို့၊ အီးမေးလ် မပြန်လို့ ဘယ်သူမှ စိတ်မဆိုးပါဘူး။ သူတို့လည်း သတိထားမိမှာတောင် မဟုတ်ဘူး။ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ မေမေတို့တွေက (၂၄)နာရီလုံး အချိန်ကုန်နေရသလို ဖြစ်နေကြတယ်လေ။ ဒါကြောင့် သမီးလုပ်နိုင်တာက ဒါတွေကို ပိတ်ထားပြီး အနားပေးလိုက်ပါ။

၈။အနားယူပါ။

အနားယူတာ၊ အနားပေးတာတွေက အလုပ်လုပ်နိုင်စွမ်းကို ပိုပြီးတိုးတက်စေတယ်လို့ လေ့လာမှုတွေ အမျိုးမျိုးက သက်သေထူထားတယ် သမီး။ သမီးတစ်နေ့လုံး အလုပ်ကြိုးစားနေတဲ့အခါ သမီးအလုပ်လုပ်နိုင်စွမ်းတွေက တဖြည်းဖြည်းကျဆင်းလာတယ်။ ဒါကြောင့် ပုံမှန်အနားပေးချိန်လေးထားပြီး ခဏလောက်အနားယူပေးပါ။ ခဏအနားယူတာက သမီးအလုပ်ကို မထိခိုက်ပါဘူး။

၉။အကူအညီတောင်းဖို့ မစိုးရွံ့ပါနဲ့။

လိုအပ်လာလို့ အကူအညီတောင်းရတယ်ဆိုတာ ရှက်စရာမဟုတ်ဘူး သမီး၊ ဒါလေးကို မှတ်ထားပါ။ သမီး အလုပ်တစ်ခုခုကို မပြီးနိုင်ဘူးဖြစ်နေတယ်ဆိုရင် (အလုပ်ထဲမှာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ ဖြစ်ဖြစ်ပေါ့) သမီးအကူအညီမတောင်းဘဲနဲ့ ဘယ်သူကမှ သမီးမှာ အကူအညီလိုအပ်နေပါတယ်ဆိုတာ သိမှာမဟုတ်ဘူး သမီး။

သမီးရဲ့နေ့စဉ်ဘဝလေးတွေ ဘယ်လောက်ပဲအလုပ်များပါစေ မျှမျှတတ စီမံ ကိုင်တွယ်နိုင်မယ်လို့ မေမေ မျှော်လင့်လိုက်ပါတယ်။

ချစ်လှစွာသော

မေမေ

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊