သမီးလေးအတွက် – တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ အကြံပေးစာ

blank

သမီးရေ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ မေမေတို့အမျိုးသမီးတွေဟာလည်း ပြုမူပြောဆိုပုံတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ စိတ်နေသဘောထားတွေ အားလုံးလည်း ပြောင်းလဲလာကြတယ်။ ဒါပေမယ့်လည်း ဒီစာဆောင်လေးမှာတော့ မိန်းကလေးပီသပြီး ဆွဲဆောင်မှုရှိတဲ့၊ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးဖြစ်လာအောင် သမီးကို မေမေက နည်းလမ်းကောင်းလေးတွေ ပြောပြပေးသွားမှာပါ။

၁။       မိတ်ကပ်တွေကို ပုံမှန်လေးပဲလိမ်းပါ။

မိတ်ကပ်တွေကို တအားကြီးလိမ်းခြယ်ထားတာမျိုး မလုပ်ပါနဲ့ သမီး။ မှားယွင်းတဲ့အထင်ကြီးမှုပေးစေနိုင်လို့ပါ။ သမီးလေးရဲ့သဘာဝအလှလေးအတိုင်း လှအောင်ပြင်ပါ။ မိတ်ကပ်တွေလိမ်းပြီး မိတ်ကပ်အစွမ်းနဲ့ လှနေတာမျိုးမပြင်ဆင်ပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။       သမီးလေးရဲ့ သိက္ခာကို ထိန်းသိမ်းထားပါ။

သမီးစိတ်တွေကို မထိန်းနိုင်ဘဲ ဒေါသတွေ ပေါက်ကွဲထွက်လာတာမျိုး မဖြစ်စေပါနဲ့။ ဒီလိုအပြုအမူမျိုးက မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူမျိုး မဟုတ်ဘူးလေ။ သမီးစိတ်လေးကို အမြဲတည်ငြိမ်အေးချမ်းနေအောင်ထားရင် အရာရာကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်သွားတာပေါ့။

၃။       ကိုယ်ဟန်အနေအထားလေးကိုလည်း ထည့်စဉ်းစားပါ။

သမီးလမ်းလျှောက်တဲ့အခါ တည့်တည့်မတ်မတ်လေးရပ်ပြီး ထိုင်ရင်လည်း မတ်မတ်လေးထိုင်တာက သမီးလေးကို ပိုပြီးကျက်သရေတိုးစေပါတယ်။ အမြဲမတ်မတ်လေးနေတတ်တဲ့ ကိုယ်ဟန်အနေအထားလေးက သမီးလေးကို ယုံကြည်မှုတိုးစေပြီး မိန်းကလေးပီသစေပါတယ်။ သမီးရဲ့ နောက်ကျောအတွက်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းပါတယ်။ ခါးနာတာတွေ၊ ကျောနာကျင်တာတွေ မဖြစ်တော့ဘူးလေ။

၎။       အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပါ။

ကြမ်းတမ်းတဲ့ စကားလုံးတွေ၊ အော်ငေါက်ပြောဆိုတာတွေ ဘယ်တော့မှ မလုပ်ရဘူးနော်သမီး။ သမီးဆိုလိုချင်တာကို အသိဥာဏ်သုံးပြီး ပြောဆိုရမယ်။ စကားလုံးတွေကို မြင့်မြင့်ပြောလို့ရတယ်၊ အသံကိုတော့ မမြင့်ရဘူး သမီး။ ပန်းလေးတွေကို ပွင့်စေတာက မိုးပေါက်တွေပါ၊ မိုးကြိုးတွေကြောင့် မဟုတ်ဘူး၊ ဒါလေးကို သမီးအမြဲအမှတ်ရပါ။ သမီးလေးရဲ့ အမျိုးသမီးပီသတဲ့ အပြုံးလေးတွေက သမီးရဲ့လက်နက်တွေပါပဲ။ ကြမ်းတမ်းရိုင်းစိုင်းတာတွေထက် ပိုပြီး နူးညံ့သိမ်မွေ့ခြင်းက သမီးကို အောင်မြင်မှုတွေ ရရှိစေပါတယ်။

၅။       ဖြည်းဖြည်းနဲ့ မှန်မှန်လေးအလုပ်လုပ်ပါ။

သမီးလေး ကျက်သရေရှိတယ်ဆိုတာက မိန်းကလေးပီသတာနဲ့ တွဲနေတယ်နော်။ ပစ္စည်းတွေ ပြုတ်ကျတတ်တာ၊ မတော်တဆ တိုက်မိတာတွေက မကောင်းပါဘူး။ မလောဘဲနဲ့ အာရုံလေးစိုက်ပြီး ဖြည်းဖြည်းမှန်မှန်လေး လုပ်ပါ။

၆။       သမီးရဲ့ လေးစားမှု၊ ဆင်ခြင်တတ်မှုလေးတွေ ပြသပါ။

သမီးလေးက အမျိုးသမီးပီသတယ်ဆိုတာ ပြသနိုင်တဲ့နည်းလမ်းတစ်ခုကို ပြောပါဆိုရင် သမီးကိုယ်သမီးနဲ့ တခြားလူတွေအပေါ် ရိုသေလေးစားခြင်းပါပဲ။ တစ်ဖက်လူရဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်တွေကို သမီးကိုယ်ပိုင်လို လေးစားဂါရဝထားရမယ်။ ဒါမှ လူတွေကလည်း သမီးကို လေးစားမှာပေါ့။

၇။       ပညာဗဟုသုတအတွက်ဆိုရင် သမီးအမြဲဆာလောင်နေအောင် ကျင့်ကြံပါ။

ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သမီးလေးစိတ်ဝင်စားရမယ်။ ပြီးတော့ သင်ယူလေ့လာရမယ်။ သင်ယူရမယ်ဆိုလို့ အမြောက်ဒုံးကျည်ထွင်တဲ့ သိပ္ပံပညာရှင်ဖြစ်အောင် လေ့လာစရာမလိုပါဘူး သမီး။ ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲဖြစ်ပျက်နေလဲဆိုတာ သမီးလေးနားလည်တဲ့အကြောင်း ပြသနိုင်ရမယ်။ ဒါလေးတွေက သမီးလေးကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလေး ဖြစ်စေတယ်လေ။

၈။       ပွင့်လင်းပြီး ဖော်ရွေရယ်။

ဘဝဆိုတာက ရှုပ်ထွေးတယ် သမီး။ လှပပြီးစွဲမက်ဖွယ်ကောင်းတဲ့ အရည်အချင်းတစ်ခုက ပွင့်လင်းရိုးသားခြင်းပါပဲ။ ဘာမှဖုံးကွယ်ထားတာမရှိတဲ့ လူတစ်ယောက်နဲ့စကားပြောရတာ စိတ်ဝင်စားစရာ ကောင်းပြီး ချစ်စရာကောင်းတဲ့ အချက်လေးတစ်ချက်အဖြစ် ထပ်လောင်းထည့်ပေးပါတယ်။

၉။       အဝတ်အစား ဆင်ဆင်ခြင်ခြင်ဝတ်ဆင်ပါ။

သမီးက မိန်းကလေးတစ်ယောက်ဆိုတာ ပြသဖို့အတွက်လည်း အဝတ်အစားကျပ်ကျပ်လေးတွေ ဝတ်ဆင်သင့်သလို၊ သမီးက ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ပြသဖို့ ချောင်သင့်သလောက် ချောင်ရမယ်လေ။ အဝတ်အစားဝတ်ဆင်တဲ့အခါ မြင်သူရဲ့မျက်လုံးထဲမှာ စဉ်းစားစရာလေးကျန်ခဲ့အောင် ဝတ်ဆင်ရတယ် သမီး။ အားလုံးမြင်အောင် ပြရင်စဉ်းစားစရာ မလိုတော့ဘူးလေ။ ဒီလိုဝတ်ဆင်တာက ပိုပြီး သိမ်မွေ့တယ်။ သမီးရဲ့ အမျိုးသမီးကျက်သရေကို ထိန်းသိမ်းရမယ်လေ။

မေမေပေးတဲ့ အကြံဥာဏ်လေးတွေကို သမီးလေး လိုက်နာပါ။ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံတဲ့ တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက် ဖြစ်လာပါစေမီးလေး။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။