ကိုယ်ဝန်ဆောင်ချိန်မှာ ငါးစားပေးသင့်လား။

blank

ရင်သွေးလေးကို လွယ်ထားတဲ့မေမေတို့ရေ…

ကိုယ်ဝန်ဆောင်ချိန်မှာ ငါးစားပေးသင့်၊ မစားသင့်ဆိုတာ မေမေတိုင်း သိချင်ကြတဲ့ မေးခွန်းဖြစ် ပါတယ်။ အဖြေကတော့ စားပေးသင့်တယ်လို့ ဖြေရမှာပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်အရ ပင်လယ်စာစားနေကျမဟုတ်တဲ့အမျိုးသမီးတွေတောင် ကိုယ်ဝန်ဆောင်ချိန်မှာ ငါးကို စားပေးသင့် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားမယ့်ငါးအမျိုးအစားကိုတော့ သေချာရွေးချယ်ရမှာပါ။

လေ့လာတွေ့ရှိမှုအရ ငါးဟာ ကလေးဖွံ့ဖြိုးမှုမြန်ဆန်စေဖို့အတွက် အရေးကြီးတဲ့ အာဟာရ ဓာတ်ဖြစ်ပါတယ်။ တခြားအစားအစာတွေဆီက ရဖို့ခက်တဲ့ omega-3 fatty acids၊ DHA နဲ့ EPA တို့ ကို ငါးကနေပဲ ရနိုင်တာပါ။ ငါးဟာ ပြည့်ဝဆီပါဝင်မှုနည်းပြီး ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ကလေး ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ပရိုတင်း၊ ဗီတာမင် D နဲ့ တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

အခြားတစ်ဖက်မှာတော့ မာကျူရီဓာတ်မြင့်မားစွာပါဝင်တဲ့ တူနာ၊ ဆယ်လ်မွန်၊ ငါးမန်းတို့လို ငါး တွေစားရင် ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတဲ့ အချက်တွေလည်း ရှိ နေပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူပညာရှင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ငါးမျိုးစုံကို မ စားဘဲ သင့်တော်တဲ့ငါးတချို့ကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း အကြံပြုထားကြပါတယ်။ ကိုယ်ဝန် ဆောင်မေမေများ စားသင့်တဲ့ငါးတွေကတော့ တီလားဗီးယား၊ ပုစွန်ဆိတ်၊ ပင်လယ်ငါးကြီး၊ ငါးခူတို့လို မာကျူရီဓာတ်နည်းပါးတဲ့ ငါးတွေပဲဖြစ်ပါတယ်။

အမေရိကန်အစားအစာလမ်းညွှန်မှုအဖွဲ့အဆိုအရ ကိုယ်ဝန်ဆောင်နေချိန်အတွင်း၊ ဒါမှမဟုတ် မီးဖွားပြီးစမိခင်များအနေနဲ့ မီသိုင်းမာကျူရီဓာတ်နည်းတဲ့ ပင်လယ်စာအမျိုးမျိုးကို တစ်ပတ်မှာ ၈ အောင်စမှ ၁၂ အောင်စအထိ စားပေးသင့်ကြောင်း ညွှန်းဆိုထားကြပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ကိုယ် ဝန်ဆောင်အားဆေးပါ မှန်မှန်မှီဝဲပေးမယ်ဆိုရင်တော့ ပိုထိရောက်စေမှ အမှန်ပါပဲ။ မှန်ကန်သော နေ ထိုင်စားသောက်မှုနဲ့ မိခင်ကောရင်သွေးပါ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါ စေနော်။

ကိုယ်ဝန်ဆောင်မေမေများ ကျန်းမာရေးဗဟုသုတတိုးစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကိုယ်ဝန်ဆောင် အားဆေး Obipluz တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။