ဘေဘီလေးတွေ ညဘက်မှာ ဘာကြောင့်မအိပ်ကြတာလဲ။

blank

 ညီမလေးရေ…

ကလေးလေးက  ညဘက်တွေမှာမအိပ်လို့ အိပ်ရေးပျက်နေရတယ်ဆိုလို့ မမရဲ့သားလေး ငယ် ငယ်က အဲ့ဒီလိုကြုံဖူးတာလေးကို ပြန်သတိရသွားမိတယ်။ သားလေးတုန်းကလည်း နေ့ဘက်ဆို တစ် နေကုန်အိပ်ပြီး ညမအိပ်လို့ မမတို့မှာ အိပ်ရေးတွေ ပျက်လိုက်တာ။ သားဦးလေးဆိုတော့ အတွေ့အ ကြုံကလည်း မရှိ။ ဘာလုပ်ပေးရမယ်မှန်းလည်းမသိခဲ့ဘူး။ အဲ့ဒီလိုပဲ အမြဲတမ်းဖြစ်သွားတော့မှာလား ဆိုပြီးတော့လည်း စိတ်ပူခဲ့ရတယ်။ ဒါကြောင့် ညီမလေးကိုလည်း မမကိုယ်ချင်းစာပါတယ်။

မမတုန်းကတော့ ဘာလုပ်ရမှန်းမသိတော့ စာတွေရှာဖတ်တယ်။ အတွေ့အကြုံရှိတဲ့သူတွေကို မေးတယ်။ ဆရာဝန်တွေဆီလည်း ချဉ်းကပ်ခဲ့ရတာပေါ့။ ကလေးတွေ ညဘက်မအိပ်တာဟာ နို့ဆာလို့ လည်းဖြစ်နိုင်သလို မအေက ထွေးပွေ့ချော့သိပ်တာကို လိုချင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အိပ်ချိန်ပုံမှန်ဖြစ်အောင် အလေ့အကျင့်လုပ်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ပြီး တော့ ကလေးအများစုက တော်တော်ကြီးတဲ့လသားအရွယ်အထိ အကြောင်းမရှိဘဲ အဲ့ဒီလို ညဘက် မအိပ်ဘဲနေလေ့ရှိကြတယ်ဆိုတာတွေကို အဲ့ဒီအချိန်မှ မမလည်း သိတယ်။ ပြောရရင် စိတ်ပူစရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မေမေတွေအနေနဲ့ကျတော့ နေ့ဘက်ပြန်အိပ်တတ်ရင် တော်သေးတယ်။ မအိပ်တတ်တဲ့ မေမေတွေ အနေနဲ့ အိပ်ရေးပျက်ပါများတော့ အားအင်ကုန်ခန်းပြီး ကျန်းမာရေးပါ ထိခိုက်လာတယ်။ တချို့ဆို စိတ် ကျရောဂါအထိပါ ဖြစ်လာကြတယ်တဲ့ ညီမလေးရေ။

အဲ့ဒီလိုမေမေတွေအတွက်ကျတော့ ကလေးအိပ်ဖို့ နည်းလမ်းလေးတွေ သိထားဖို့ လိုလာပါ တယ်။

၁။ နေ့မှာ လှုပ်လှုပ်ရှားရှား ဆူဆူညံညံရှိစေပြီး ညဘက်ကို တိတ်ဆိတ်အောင်နေခြင်းနဲ့ ကလေးကို နေ့နဲ့ည ကွဲပြားအောင် သင်ကြားထားပေးပါ။

၂။ သိပ်ဖို့မကြိုးစားဘဲ ကလေးဘာသာအိပ်သွားတဲ့အခွင့်အရေးကို ပေးပါ။

၃။ အိပ်ခါနီးနာရီဝက်အလိုမှာ တီဗွီပိတ်တာ၊ ဆူညံသံတွေ၊ လှုပ်ရှားမှုတွေ လျှော့ချတာမျိုးလုပ်ပါ။

၎။ ကလေးသေချာအိပ်မောကျတဲ့အထိ အနားမှာစောင့်ပေးပါ။

ညီမလေးရေ… အဲ့ဒီနည်းလမ်းလေးတွေက ညီမလေးအတွက်လည်း အသုံးတည့်လိမ့်မယ်လို့ မမ မျှော်လင့်ပါတယ်။ အဆင်လည်းပြေပါစေ။ တခြားမေမေတွေလည်း နည်းလမ်းလေးတွေ သိရ အောင် ပြန်မျှဝေပေးလိုက်ပါဦးနော်။

ညီမလေးရဲ့ မမ

ဖေဖေမေမေတို့အတွက် ရင်သွေးလေးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင် မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။