ကိုယ်ဝန်ဆောင်ချိန်မှာ အစားရှေုာင်သင့်လား။ အစုံစားသင့်လား။

စာချစ်သူမိန်းမသားတို့ရေ…

ကိုယ်ဝန်ဆောင်ချိန်မှာ အစုံစားသင့်လား၊ ဒါမှမဟုတ် အစားရှောင်တာကောင်းလားဆိုတာ မိ ခင်လောင်းတွေကြားမှာ ရေပန်းအစားဆုံးမေးခွန်းဖြစ်ပါတယ်။ တချို့ကလည်း စားနိုင်မှ အားရှိမယ်ဆို ပြီး အရင်ကထက် များများပိုစားကြပါတယ်။ တချို့ကတော့ အစုံစားရင် ကလေးကျန်းမာရေးကို ထိခိုက်မှာစိုးလို့ မစားမသောက်ဘဲ အစားရှောင်ကြပါတယ်။

တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို မှန်ကန်မျှတဲ့အာဟာရကိုစားသောက်ပေးဖို့က မိ ခင်လောင်းအတွက်ကော ကလေးကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။ နားလည်တတ် ကျွမ်းတဲ့ ဆေးပညာရှင်များရဲ့အကြံပြုချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးရမယ့် အစားအစာ ဟာ စုံလင်ရပါမယ်။ မျှတရပါမယ်။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝရပါမယ်။ ကလေးအတွက် ဆိုပြီး ပုံမှန်စားနေကျထက် နှစ်ဆစားပေးစရာ မလိုပါဘူး။ နှစ်ဆစားပေးခြင်းဖြင့် အဆီတွေပိုပြီး မိခင် အနေနဲ့ ကိုယ်အလေးချိန်တိုးလာတာပဲ ရှိပါတယ်။ အရေအတွက်ထက် အရည်အသွေးကို ပိုဂရုစိုက် စားပေးသင့်ပါတယ်။ ယင်နားစာ၊ လမ်းဘေးစာ၊ မကျက်တကျက်အသားကင်၊ စားနေကျမဟုတ်တဲ့ ပင် လယ်စာတွေဆိုရင် အရမ်းမစားသင့်ပါဘူး။  ပရိုတင်းဓာတ်၊ သံဓာတ်၊ ကယ်လစီယမ်နဲ့ ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေကို စုံလင်အောင် စားပေးသင့်ပါတယ်။

စားပေးသင့်တာတွေကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ၊ ကြက်၊ ဘဲ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ တိုဟူး၊ ချိစ်၊ အခွံမာသီးတွေနဲ့ အစေ့အဆန်များ၊ ဒိန်ချဉ်၊ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်းနဲ့ နို့ထွက်ပစ္စည်း အမျိုးမျိုးတို့ ဖြစ်ပါတယ်။ ကန့်သတ်ပြီး စားသုံးသင့်တာကတော့ ငါးနဲ့ ကဖိန်းဓာတ်ဖြစ် တဲ့ ကော်ဖီ၊ လက်ဖက်တို့ပဲဖြစ်ပါတယ်။ ငါးဆိုရင်လည်း ပုံမှန်အားဖြင့်တော့ ပရိုတင်းဓာတ်တွေ ကြွယ်ဝ ပေမဲ့ မာကျူရီဓာတ်ကြွယ်ဝတဲ့ ငါးမျိုးတွေဆိုရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။ ပြီးတော့ အရက်ကို လုံး ဝမသောက်သင့်ပါဘူး။

မှန်ကန်စွာ နေထိုင်စားသောက်ခြင်းဖြင့် မေမေနဲ့ရင်သွေးများအားလုံး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတ လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obipluz  တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။