သူ့အချစ်သာစစ်ခဲ့ရင် အသနားခံစရာမလိုပါဘူး။

  • သင့်အနားမှာ နေပေးဖို့ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့။
  • သင့်ကိုဂရုစိုက်ပေးဖို့၊ ချစ်ဖို့၊ အချိန်ပေး ဖို့၊ လက်ထပ်ဖို့အတွက်လည်း ဘယ်တော့မှ မတောင်း ဆိုလိုက်ပါနဲ့။
  • ပြတ်သွားတဲ့ရည်းစားကိုလည်း သင့်ဆီပြန်လာပြီး သင်နဲ့အတူ ဘဝကို ဖြတ်သန်းပေးဖို့ မတောင်းပန်ပါနဲ့။

သင့်ကို တကယ်ချစ်တဲ့သူတစ်ယောက်ဆိုရင်  ဒီအရာတွေကို သင့်နှုတ်ကထုတ်ပြောပြီး တောင်းဆိုစရာတောင်မလိုဘဲ လုပ်ပေးနေမှာပါ။

အချစ်ရေးမှာ အသနားခံတယ်ဆိုတာ သင့်တန်ဖိုးကို သင်ကိုယ်တိုင်လျှော့ချပစ်နေတာပါ။ သင့်ကို ဂရုမစိုက်ချင်တဲ့သူတစ်ယောက်ဟာ သင်အသနားခံလိုက် လို့လည်း ဂရုစိုက်မှုတွေပေးလာမှာမဟုတ်ပါဘူး။

ဒါကြောင့် အချစ်ရေးမှာ ဘယ်သူ့ကိုမှ အသနားမခံ လိုက်ပါနဲ့နော်။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။