Valentine နေ့လေးမှာ တစ်ယောက်ထဲ ဖြစ်နေလို့ အားငယ်နေလား

blank

ဒီလိုနေ့မျိုးမှာ ကိုယ့်ကို ဂရုစိုက်မယ့် တစ်စုံတစ်ယောက် ရှိမနေလို့ စိတ်အားငယ်စရာ မလိုပါဘူး။ အဲဒီနေ့ကို ကိုယ်ချစ်မြတ်နိုးရတဲ့ သူငယ်ချင်းတွေ၊ မိဘ မောင်နှမတွေနဲ့ ပျော်ရွှင်လို့ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ဘဝအတွက် ကိုယ်ဟာ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို ပြန်သုံးသပ်မိသွားတာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကယ်… ဒီစာစောင်လေးမှာ တစ်ကိုယ်တော်သမားများအတွက် Valentine’s Day မှာ အထီးမကျန်စေဖို့ အကာင်းဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။

၁။ ဒီနေ့လေးကို စိတ်ကူးအတိုင်း စိတ်ကြိုက် ဖန်တီးပျော်ရွှင်ပါ။

တစ်စုံတစ်ယောက်ရဲ့ဆန္ဒတွေနဲ့ လိုက်ညှိနှိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ပျော်ရွှင်စွာ ကျင်းပခွင့်ရှိတဲ့ Valentine နေ့လေးပါ။ ဘာကိုမှ ဝမ်းနည်းနေစရာ မလိုပါဘူး။

၂။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ချီးမြှောက်လိုက်ပါ။

အခုလို အမှီအခို ကင်းကင်းရပ်တည် နေနိုင်တာကို အသိအမှတ် ပြုလိုက်ပါ။ ဒါဟာ လူတိုင်း မလုပ်နိုင်ပါဘူး။ ဒီလို ရပ်တည်နိုင်အောင် ဘာတွေက စွမ်းဆောင်နေလဲဆိုတာ Valentine မတိုင်ခင် တစ်ပတ်လောက်ထဲက စာရွက်လေးမှာ ချရေးပြီး ကြိုတင်စာရင်း ပြုစုလိုက်ပါ။ Valentine’s Day နေ့ မနက်မှာတော့ အကျယ်ကြီး အော်ဖတ်လိုက်ပြီး သင့်ကိုယ်သင် ဂုဏ်ပြုလိုက်ပါ။

၃။ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းလိုက်ပါ။

သမရိုးကျ မဟုတ်တဲ့ အရာလေးတွေနဲ့ စတင်လိုက်ပါ။ တစ်ခါမှ မလုပ်ဖြစ်ခဲ့တဲ့ အရာမျိုးပေါ့။ ဥပမာ -အရမ်းလိုချင်ပြီး မဝယ်ဖြစ်ခဲ့တဲ့ ပစ္စည်းတစ်ခု ဝယ်လိုက်တာမျိုး၊ အဖြစ်ချင်ဆုံးဆန္ဒတစ်ခု ကို အကောင်အထည် ဖော်လိုက်တာမျိုးပေါ့။ ဒီတစ်ရက်တော့ ကိုယ့်ကိုယ်ကို အကောင်းဆုံး အလိုလိုက်ပါ။

၎။ စိတ်ကြိုက် ဝတ်စားဆင်ယင်ပြီး တစ်နေ့လုံး ပျော်ရွှင်စွာဖြတ်သန်းပါ။

ကိုယ်တိုင်ဖန်တီးရတာ ဖြစ်တဲ့အတွက် ကိုယ့်ကို တစ်နေ့လုံး စိတ်ပျော်ရွှင်စေမယ့် အစီစဉ်လေးတွေ ကြိုတင်ပြင်ဆင်ထားပါ။ အထီးကျန်တဲ့ ခံစားမှုတွေကနေ ကင်းဝေးစေဖို့ (အနှစ်သက်ဆုံး ဝတ်စုံလေးတွေဝတ်ခြင်း၊ အကြိုက်ဆုံး အစားအစာတွေစားခြင်း၊ အခင်ဆုံးသူငယ်ချင်းနဲ့ စကားပြောခြင်း၊ စိတ်ရွှင်လန်းစေမယ့် နေရာလေးတွေ လျှောက်လည်ခြင်း။) စတာလေးတွေ ပြုလုပ်ပေးပါ။

အသုံးဝင်မယ်လို့ယူဆရင် Share