ချစ်သူရည်းစားကောင်း တစ်ယောက်ရဲ့ တာဝန်ဝတ္တရား (၇) ခု

blank

နားလည်မှုရှိရှိ အပေးအယူမျှတတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ အများကြီးရှိပါတယ်။ တကယ်ချစ်လာတဲ့အခါ ရည်းစားဘဝက ပျော်စရာတွေနဲ့ပဲ ပြည့်နေမှာ မဟုတ်တော့ပါဘူး။ ကိုယ့်ချစ်သူအတွက် ဘာပဲဖြစ်ဖြစ် ရပ်တည်ပေးဖို့လိုအပ်လာပါတယ်။ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ အဲဒါတွေက ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ နားလည်မှုရှိတဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာ မသေချာဘူးဆိုရင် ဒီဆောင်းပါးထဲမှာ သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အချက်အလက်လေးတွေကို ဖော်ပြပေးထားပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ အပြုစုကောင်းတဲ့ သူနာပြုတစ်ဦးကဲ့သို့ ပြုမူတတ်ပါစေ။

သင့်ချစ်သူ နေမကောင်းနေစဉ်မှာ သူ့အတွက် တစ်ဦးတည်းသော ဖေးမဖော်၊ အားပေးဖော်၊ ပြုစုဖော်တစ်ဦး ဖြစ်ပါစေ။ သူ့အနားမှာရှိနေပေးပြီး စွတ်ပြုတ်လုပ်တိုက်ပေးတာမျိုး၊ ဆေးတိုက်ပေးတာမျိုး၊ ကြင်ကြင်နာနာနဲ့ ပြုစုယုယပေးတာမျိုး ပြုလုပ်ပါ။ ကျန်းမာရေး အခြေနေကြောင့် အော့အန်တာမျိုးဖြစ်လာရင်လည်း သူအဆင်ပြေစေဖို့ ထွေးခံယူပေးတာမျိုးတွေ၊ နောက်ကျောကို ဖိနှိပ်ကူညီတာမျိုးတွေ ပြုလုပ်ပေးပါ။ နားလည်ပြီး ဂရုစိုက်တတ်တဲ့ ချစ်သူကောင်းဖြစ်ချင်သူအတွက်တော့ အခုလို ကြင်နာတတ်တာလေးတွေက လိုအပ်ပါတယ်။ သင်တို့နှစ်ဦးက လက်မထပ်ရသေးတာ ဖြစ်နိုင်ပေမယ့်လည်း နေမကောင်းနေစဉ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီနိုင်တာ အကောင်းဆုံးပါ။

၂။ အားပေး ကူညီဖေးမတတ်ပါစေ။

အကယ်လို့များ သင့်ချစ်သူက အနုပညာချစ်စိတ် အရမ်းကို ထက်သန်တယ်ဆိုပါစို့။ သူ့ရဲ့ ပန်းချီဆွဲ စုတ်တံကို ဘာအတွက်နဲ့မှ စွန့်လွှတ်မခံပါနဲ့။ သူ့အလုပ်တွေ အရမ်းကို များပြားလွန်းနေတာမျိုးကြောင့်ဆိုရင်လည်း သူ့ရဲ့စိတ်ကူး အိပ်မက်တွေကို ဘယ်တော့မှ အရှုံးမပေးခိုင်းပါနဲ့။ သူ့အတွက် သင်အမြဲရှိနေတယ်ဆိုတာ သူသိရှိနေပါစေ။ သူစိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သူလုပ်နိုင်တယ်ဆိုတာ လုံးဝယုံကြည်ပေးတဲ့ ချစ်သူတစ်ယောက် အဖြစ်ရှိနေပေးပါ။

၃။ ပြဿနာတိုင်းအတွက် တိုင်ပင်ဖော်ဖြစ်နေပါစေ။

သင့်ချစ်သူရဲ့ ပြဿနာတွေအတွက် ရင်ဆိုင်ပေးမယ့်သူ၊ ဖြေရှင်းပေးမယ့်သူ၊ နားထောင်ပေးမယ့်သူဟာ သင်ပဲ ဖြစ်နေပါစေ။ အရာအားလုံးကို သင်ရင်ဆိုင်ဖြေရှင်းပေးနေရဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သူ့အတွက် အနားနားမှာ တိုင်ပင်ဖော်အဖြစ် ရှိနေပေးပါ။ တစ်လောကလုံးနဲ့ သူတစ်ယောက်တည်းနဲ့ ဖြစ်နေပါစေ သင့်ချစ်သူဖက်က ရပ်တည်နေနိုင်အောင် ကြိုးစားပါ။

၎။ စိတ်ပျော်ရွှင်စေနိုင်တဲ့ဖျော်ဖြေမှုတွေ ရှိပါစေ။

သင့်ချစ်သူက အချိန်တိုင်း သင်နဲ့ အတူတူရှိနေဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် သင်နဲ့အတူရှိနေစဉ်မှာတော့ သူ့အတွက် ပျော်ရွှင်မှုတွေဖန်တီးပေးပါ။ အတူတူရှိနေရတာရဲ့ ရလဒ်က ပျော်ရွှင်ကြည်နူးဖွယ်ရာလေးတွေနဲ့ အမှတ်ရနေဖို့ တည်ဆောက်ပါ။ အဲဒါကလည်း ပေါင်းသင်းဆက်ဆံရေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပျင်းရိငြီးငွေ့မသွားစေဖို့ သူ့အတွက် အမြဲတမ်းလန်းဆန်းနေအောင် ကြိုးစားပါ။

၅။ အရေးပါတဲ့သူတစ်ယောက်အဖြစ် ခံစားမိအောင်ကြိုးစားပါ။

သင်တို့နှစ်ဦးမှာ ကောင်းမွန်ပျော်ရွှင်တဲ့ ဆက်ဆံရေးရှိကြမယ်ဆိုရင် တစ်ယောက်က တစ်ယောက်ရဲ့ဘဝမှာ အရေးပါသူအဖြစ် အပြန်အလှန်သတ်မှတ်ကြမှာပါ။ ဘဝမှာ တစ်ယောက်မရှိရင်တစ်ယောက် မရှင်သန်နိုင်တော့တဲ့အထိ မလိုအပ်ပေမယ့် နှစ်ကိုယ့်တစ်စိတ် ဘဝမျိုးဖြစ်အောင်တော့ တည်ဆောက်ပါ။ သူအကူညီလိုအပ်နေချိန်မှာ ကူညီပါ။ သူကလည်း ပြန်လည်ဖြည့်ဆည်းပေးပါလိမ့်မယ်။ အဲဒီလိုမျိုးတွေက အပေးယူမျှတတဲ့ ဆက်ဆံရေးတွေပါပဲ။

၆။ သူ့အပေါ် ရိုးရှင်းစွာလက်ခံနိုင်ပါစေ။

သင့်ချစ်သူရဲ့စိတ်နေသဘောထားတွေ အပြုအမူတွေက ဘယ်လိုပဲရှိနေပါစေ သင်လက်ခံနိုင်အောင်ကြိုးစားပါ။ ပြီးတော့ အဲဒီစိတ်နေသဘောထားတွေအပေါ်မှာ နှစ်သက်မြတ်နိုးပါ။ သင့်အကြိုက် သင့်စရိုက်နဲ့ ကိုက်ညီပြီး သင်နဲ့ ပြီးပြည့်စုံစွာ လိုက်ဖက်မယ့်သူကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲလှပါတယ်။ သူပုံစံ သူ့စရိုက်တွေအတိုင်း သင်လက်ခံနိုင်တယ်ဆိုရင် သင်လျှောက်နေတဲ့လမ်းက မှန်ပါတယ်။

၇။ သူငယ်ချင်းကောင်းတစ်ယောက် အဖြစ်လည်း ရပ်တည်နိုင်ပါစေ။

ချစ်သူရည်းစားတွေရဲ့ ဘဝတွေမှာလည်း သူငယ်ချင်းကောင်းတွေရဲ့ဆက်ဆံရေးမျိုးတွေ လိုအပ်ပါတယ်။ သူ့အတွက် သင်က အနမ်းပေးဖို့နဲ့  ကြင်ကြင်နာနာယုယုယယ ဆက်ဆံဖို့တင်မကပါဘူး။ ဘဝရဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ်ပါ ရပ်တည်နိုင်ဖို့ကြိုးစားပါ။ ပျော်စရာတွေ သူပြောပြနေတဲ့အခါ စိတ်ပါလက်ပါရယ်မောပါ။ ပျင်းစရာကောင်းတဲ့ ပုံပြင်တွေ ပြောပြနေရင်တောင် သေချာဂရုတစိုက်နဲ့နားထောင်ပါ။

သင့်ချစ်သူရဲ့ ဘဝတစ်သက်တာ လက်တွဲဖော်ဖြစ်ချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အဘက်ဘက်က  အနစ်နာခံ ပေးဆပ်တတ်ရပါမယ်။ အသုံးအဖြုန်းကြီးကြီး ပေးဆပ်နေတာမျိုး အိုဗာဖြစ်လွန်းတာမျိုးတွေ အထိတော့မလိုအပ်ပါဘူး။ သူ့ကြောင့် ဘဝတွေ အနာဂတ်တွေ အဓိပ္ပာယ်ရှိရှိ ရှင်သန်လှပလာတာမျိုးတွေပါ။ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေး ကြာချိန်က လပိုင်းလောက်လား နှစ်ရှည်လများလားဆိုတာ သင်တို့ရွေးချယ်ဖို့ပဲလိုအပ်ပါတယ်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊