မိမိချစ်သူက ရိုးသားတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြတဲ့ အချက် (၆)ချက်

blank

တကယ်မိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ အရာရာပြည့်စုံတဲ့ အမျိုးသားမျိုးပေါ့။ ဒီလိုချစ်သူကောင်လေးတစ်ယောက် ရရှိတာကြောင့် သူငယ်ချင်းတွေကိုလည်း သူ့အကြောင်း ပြောမိမှာပါပဲ။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ နည်းနည်းလေး မတင်မကျ ဖြစ်နေတာလေး ရှိနေတယ်။ သူကတကယ် လေးစားဖို့ကောင်းတဲ့ ချစ်သူဟုတ်ရဲ့လား။ ကိုယ့်အပေါ် ရိုးသားရဲ့လား၊ မြတ်နိုးတန်ဖိုးထားရဲ့လားဆိုတဲ့ သံသယလေးတွေပေါ့။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စစ်မှန်တဲ့ အချစ်ရေးကို တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ချစ်သူက မှန်ကန်တဲ့လက်တွဲဖော်ကောင်း တစ်ယောက်ဟုတ်မဟုတ်ဆိုတာ သိရဖို့ လက္ခဏာလေးတွေ ဖော်ပြလိုက်ပါတယ်။

၁။သူ့အာရုံကို ဘယ်တော့မှ အပြည့်အဝမရဖူးဘူး။

တခါတလေ အမျိုးသားတွေက ချစ်သူရှိရင်တောင် ကောင်မလေးတွေကို ကြည့်တတ်ပါတယ်။ ဒါပေမယ့် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ရုတ်တရက် အကြည့်တစ်ချက်ကြည့်လိုက်တာမျိုးနဲ့ အမြဲတမ်း လေ့လာနေတဲ့အကြည့်မျိုးက မတူပါဘူး။

သူက အမြဲတမ်း ပိုကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ရှာနေတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတတ်တယ်လို့ ခံစားနေရရင် ကိုယ့်ကိုယ်ကိုယုံလိုက်ပါ။ သူကတကယ်ကို ဒီလိုလူမျိုးဖြစ်နေပါတယ်။

၂။သူစံထားတာတွေက သိပ်မြင့်နေတယ်။

ကျွန်မတို့လည်း ကိုယ့်စံနဲ့ကိုယ် မြင့်မြင့်ထားကြပါတယ်။ ဒါပေမယ့် သူတို့ဘက်ကနေလည်း တကယ်လက်တွေ့ကျဖို့ လိုပါတယ်။ ပြောဆိုဆက်ဆံလာရင်း သူလိုချင်တဲ့အချစ်မျိုး သူလိုချင်တဲ့ ချစ်သူမျိုးကို ကိုယ်ခံစားသိရှိလာပါလိမ့်မယ်။ တချို့အမျိုးသားတွေက သူတို့လိုချင်တဲ့ စံသတ်မှတ်ချက်တွေကို အရမ်းကိုမြင့်ထားကြပါတယ်။ တကယ်တော့ ဒါက လမ်းခွဲချင်တဲ့အတွက် ဆင်ခြေတစ်ခုအနေနဲ့ သတ်မှတ်ထားတာပါ။ အဆုံးမှာ လက်တွဲဖြုတ်ချင်တဲ့ သဘောပါ။

သူလိုချင်တဲ့ပုံနဲ့ မကိုက်ညီလို့ ခံစားနေစရာမလိုပါဘူး။ ပုံမှန်လူတစ်ယောက် လက်ခံနိုင်စရာမရှိတဲ့ စံတွေကြောင့် ဘယ်လောက်ကောင်းကောင်း သူစံကို မှီမှာမဟုတ်ဘူးလေ။ သူတို့လက်တွဲဖြုတ်ချင်လို့ ကိုယ့်ဘက်ကစပြောအောင် ဆင်ခြေပေးနေတာပါ။

၃။ကိုယ့်အပေါ် ဘယ်တုန်းကမှ မရိုးသားခဲ့ဘူး။

Relationship ဆိုတာ ပျော်စရာကောင်းတဲ့ ကစားပွဲမဟုတ်ဘူးဆိုတာ ပြောစရာမလိုပါဘူး။ အကောင်းတွေ အဆိုးတွေကို တကယ့်လက်တွေ့ဘဝမှာ ရင်ဆိုင်ရတာပါ။ အရေးကြီးတာတွေ မဆွေးနွေးဘဲ ရှောင်ရှားနေတာတွေ၊ နောက်ပြောင်နေတာတွေပဲ ပြုလုပ်နေတဲ့ တစ်စုံတစ်ယောက်နဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝကို တည်ဆောက်လို့မရပါဘူး။

ကိုယ့်ရွေးချယ်လိုက်တဲ့လူက ကိုယ့်ဘဝအနှိမ့်အမြင့်တွေတိုင်းမှာ ကိုယ့်ဘေးမှာရှိနေပေးနိုင်ဖို့ လိုပါတယ်။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမရှိတဲ့လူက ကိုယ့်ချစ်သူ မဖြစ်သင့်ပါဘူး။

၎။သူက အပြောင်းအလဲများတယ်။

တခါတလေ တအားကောင်းနေတတ်ပေမယ့် တခါတလေမှာလည်း ပျောက်သွားတတ်တယ်။ ကိုယ်ထင်ထားသလောက် ကိုယ့်အပေါ်မကောင်းဘူး။ ချစ်သူတွေကြားမှာ မပြောင်းမလဲဘဲရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်အချစ်ကိုရဖို့လည်း သူကမကြိုးစားဘူး။ ကိုယ်လိုအပ်လာရင်လည်း ပျောက်နေတတ်တယ်။ ဒီလိုလူမျိုးက သူတို့ဘဝမှာ ကိုယ့်ကိုဦးစားပေးမှာ မဟုတ်ပါဘူး။ သူတို့က တဒင်္ဂခံစားချက်ကြောင့်သာ ကိုယ်နဲ့တွဲနေတာပါ။ ဒီလိုလူက ကိုယ့်နှလုံးသားနဲ့ရင်းပြီး ယုံကြည်စိတ်ချရမယ့်လူမဟုတ်ပါဘူး။

၅။သူဘယ်တော့မှ မမှားဘူး။

သူမှားခဲ့ရင်တောင် ကိုယ့်အမှားကိုယ် ဝန်မခံဘူးဆိုရင် ဒါကသူ့ရဲ့ခံယူချက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နေပါတယ်။ နောင်အချိန်တွေကျရင် စိတ်တူကိုယ်တူလက်တွဲပြီး အေးအတူပူအမျှ ရုန်းကန်နိုင်မှာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်အပေါ်ပဲ အပြစ်ပုံချတတ်တယ်ဆိုရင်၊ ပြဿနာတိုင်းက ကိုယ့်အမှားကြီးပဲဖြစ်နေတယ်ဆိုရင် သူနဲ့တွဲတာကောင်းဖို့ ဖြစ်လာမှာမဟုတ်ပါဘူး။

ဒီလိုလူမျိုးက ကိုယ့်ကိုယ်ကို မသုံးသပ်တတ်သလို ကိုယ့်အမှားကိုလည်း မဆင်ခြင်တတ်တဲ့လူပါ။ ဒါကြောင့် ဘယ်တော့မှလည်း အပြစ်တင်တာ ရပ်တန့်သွားမှာမဟုတ်လို့ relationship ကလည်း ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ပါဘူး။

၆။သူက ဘယ်လိုကြည့်ကြည့် ရိုင်းစိုင်းကြမ်းတမ်းတယ်။

ဒီလိုအရိပ်လက္ခဏာမျိုး ကြုံတွေ့ရရင် ချက်ချင်းလက်တွဲဖြုတ်ပါ။ ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့လူက စကားနဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ဖြစ်ဖြစ် ကိုယ့်အပေါ် ဘယ်အကြောင်းပြချက်နဲ့မှ ရိုင်းပြစရာမလိုပါဘူး။ ကိုယ့်အပေါ် ရက်စက်တဲ့လူနဲ့တူတူရှိနေတာ ဘာမှမကောင်းတဲ့အတွက် သေချာစဉ်းစားဖို့လိုပါတယ်။

ဒါကြောင့် relationship ကအဆင်ပြေလာတယ်လို့ ထင်နေရင်တောင် ဒီလိုအခြေအနေမျိုးကြုံခဲ့ရင် လက်တွဲဖြုတ်ဖို့ သတ္တိရှိပါ။ သံယောဇဉ်ဖြတ်နိုင်ဖို့ ကြိုးစားပါ။

နောက်တစ်ခါ ကိုယ့်ချစ်သူက စစ်မှန်တဲ့လက်တွဲဖော်၊ ကိုယ့်နဲ့တူတူ အနာဂတ်မှာ လက်တွဲနိုင်မယ့်လက်တွဲဖော်ကောင်းတစ်ယောက် ဟုတ်မဟုတ်သိချင်ရင် အထက်ပါလက္ခဏာလေးတွေကို မှတ်သားပြီး ကိုယ့်ကိုယ်ကိုရိုးရိုးသားသား ဆုံးဖြတ်ပါ။

အမျိုးသမီးတွေရဲ့ အလိုလိုသိတဲ့ဥာဏ်လေးက တကယ်ကိုအစွမ်းထက်ပါတယ်။ ဒါကြောင့် လျစ်လျူမရှုမိပါနဲ့။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊