Relationship တစ်ခုရေရှည် ချောမွေ့အဆင်ပြေလိမ့်မယ်ဆိုတာကို ပြသသော အချက်များ

blank

ဒီစာစောင်လေးက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး အမြဲတမ်းလန်းဆန်းနေကြတဲ့ relationship မျိုးကို လိုချင်တဲ့ကျွန်မတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လက်တွဲဖော်တွေကို ရည်ညွှန်းပါတယ်။ ဒါပေမယ့် အရင်းခံ ထားရှိတဲ့တန်ဖိုးတွေကတော့ ကျွန်မတို့တွေနဲ့ တူတူပါပဲ။ သူတို့တွေဟာလည်း ကျွန်မတို့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်၊ မိဘကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တန်ဖိုးထားခြင်းများ

တစ်ကမ္ဘာလုံးက လက်ခံထားကြတဲ့ တန်ဖိုးထားခြင်း (၇)မျိုးရှိပါတယ်။ ဒါကြောင့် ကိုယ်ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ကိုယ်ပိုင်တန်ဖိုးထားတဲ့အရာတွေရှိရင် နေရာ(၇)မျိုးမှာ ကြံ့ခိုင်တယ်လို့ ဆိုနိုင်ပါတယ်။ တန်ဖိုးထားခြင်းအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ relationship က တည်တံ့ခိုင်မြဲတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ချစ်တတ်ကြတဲ့ ချစ်သူတွေကတော့ အချစ်အကြောင်းပဲပြောပြီး စိတ်လှုပ်ရှားနေပေမယ့် တန်ဖိုးထားတတ်တဲ့လူကတော့ စိတ်လှုပ်ရှားစရာတွေ မရှိတော့ရင်တောင် ကိုယ့်အနားမှာပဲ ရှိနေမှာပါ။

Relationship တစ်ခုက ကိုယ်မျှော်လင့်သလို ဖြစ်မလာခဲ့ရင် ဒါမှမဟုတ် အိပ်ခန်းထဲက ထွက်လိုက်တာနဲ့ ကိုယ့်ချစ်သူက ကိုယ်ချစ်ရတဲ့သူ မဟုတ်သလို ခံစားနေရရင် ဒါမှမဟုတ် သူ့ရင်ခွင်ထဲမှာပဲ အိပ်စက်ရင်းအချိန်ကုန်တော့မယ်လို့ စဉ်းစားနေရင် ဒီခံစားချက်တွေက စိတ်လှုပ်ရှားမှုသက်သက်ပါ။ တန်ဖိုးထားခြင်း မပါဝင်ပါဘူး။

ကိုယ်ဘာကို တန်ဖိုးထားပါသလဲ။

ကိုယ့်အတွက် အရေးအပါဆုံးတန်ဖိုးတွေကို သိရဖို့ဆိုရင် ကိုယ်ပိုင်အတွေ့အကြုံ၊ relationship တစ်ခုရဲ့ အတွင်းနဲ့အပြင်အတွက် ကိုယ့်မျှော်လင့်ချက်တွေကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ပြီးတော့ အောက်ဖော်ပြပါ နမူနာကိုကြည့်ပြီး ကိုယ့်တန်ဖိုးထားတာတွေကို ရေးချပါ။ ကိုယ့်လက်တွဲဖော်ကိုလည်း ဖြစ်နိုင်ရင် လုပ်ကြည့်ဖို့ တိုက်တွန်းပါ။ ကိုယ့်လက်တွဲဖော်က မလုပ်နိုင်ဘူးဆိုရင် ကိုယ့်တန်ဖိုးကိုကြည့်ပြီး သူကကိုယ်နဲ့ကိုက်ညီမကိုက်ညီ ကြည့်ပါ။ ဒီလိုလုပ်ခြင်းဖြင့် ကိုယ့် relationship ကရှေ့ဆက်ဖို့ အဆင်ပြေရဲ့လား၊ ပြုပြင်ဖို့လိုနေပြီလားဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

  • ၁။ တစ်ဖက်သားကို ဂရုစိုက်တတ်ခြင်း – ဥပမာ ကိုယ်စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာ အားပေးနှစ်သိမ့်ပေးတတ်တာမျိုးပါ။
  • ၂။ တစ်ဖက်သားကို ထိခိုက်အောင် မလုပ်တတ်ခြင်း – ဥပမာ တခြားလူတွေကို မလိမ်ညာတတ်တာမျိုးပါ။
  • ၃။ ပျော်ရွှင်တတ်ခြင်း – ဥပမာ ကိုယ်နဲ့တူတူ ပျော်တတ်နောက်တတ် တာမျိုးပါ။
  • ၄။ အောင်မြင်မှုများ ပိုင်ဆိုင်ထားခြင်း – ဥပမာ သူ့ကိုကြည့်လိုက်တာနဲ့ အောင်မြင်ချင်ရင် အလုပ်ကြိုးစားဖို့လိုပါလားဆိုပြီး ခံစားရတာမျိုးပါ။
  • ၅။ နားလည်လက်ခံပေးတတ်ခြင်း – ဥပမာ ချစ်သူရဲ့ အရှုံးတွေအပေါ် နားလည်ပေးပြီး ဆက်ချစ်နေတာမျိုးပါ။
  • ၆။ လွတ်လပ်စွာ တွေးခေါ်နိုင်ရှိခြင်း – ဥပမာ နှစ်ဦးသဘောတူ လက်တွဲကြတဲ့ စုံတွဲဖြစ်ခဲ့ရင်တောင် လက်တွဲဖော်ရဲ့ အတွေးတွေ အပြုအမူတွေ ယုံကြည်မှုတွေကို ထိန်းချုပ်တာမျိုးမရှိတာပါ။
  • ၇။ လုံခြုံစိတ်ချရခြင်း – ဥပမာ လက်တွဲကြတဲ့အခါ နှစ်ဦးနှစ်ဘက် ကျေကျေနပ်နပ် ဘယ်လိုလက်တွဲကြမယ် ဘယ်လိုအလုပ်လုပ်ကြမယ် ဆိုတာမျိုးကို အချိန်ပေးဆွေးနွေးကြတာပါ။

ကိုယ့်ဘဝ ကိုယ့်လိုအပ်ချက်တွေနဲ့ တစ်နှစ်၊ တစ်ပတ်ကိုက်ညီတဲ့ လက်တွဲဖော်က အမြဲတမ်းကိုက်ညီမှာ မဟုတ်ဘူးနော်။ တန်ဖိုးဆိုတာ ခိုင်မာစွာ ချည်နှောင်ထားတဲ့ ယုံကြည်မှုပါပဲ။ တစ်စုံတစ်ယောက်ကို မြင်မြင်ချင်းပဲ ချစ်မိသွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တကယ်လိုအပ်တာက မနက်အိပ်ယာထတဲ့အချိန် ခဏလေးမှေးချင်တဲ့အချိန်မျိုးမှာ ကိုယ့်အတွက်ကော်ဖီဖျော်ပေးမယ့်လူ၊ ကလေးတွေကို ထမင်းကျွေးပေးမယ့် လူမျိုးပါ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊