ချစ်သူတို့ မနှစ်သက်သော ကျွန်မတို့၏အကျင့်ဆိုးလေးများ

blank

ကျွန်မတို့အမျိုးသမီးတွေ ဘယ်ချစ်သူကောင်လေးကိုမဆို စိတ်တိုအောင် လုပ်နိုင်တဲ့အရာတစ်ချို့ကို လေ့လာတွေ့ရှိချက်တစ်ခုက ပြသထားပါတယ်။ တခါတလေ ကျွန်မတို့ ချစ်သူကောင်လေးတွေက အကြောင်းအရင်းမရှိဘဲ ပြုမူတတ်တဲ့ကျွန်မတို့ကို ပိုပြီးနားလည်ပေးတတ်အောင် ဆုတောင်းမိကြပါတယ်တဲ့။ သူတို့မကြိုက်တဲ့အရာတွေကို မပြုလုပ်မိအောင် ကျွန်မတို့ကြိုးစားပြီး relationship ကိုပိုပြီးခိုင်မာအောင် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးမကြိုက်တဲ့ အရာတွေကို အခုပဲဖတ်ကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ချစ်သူနှစ်ဦးကြားက ပြဿနာလေးတွေကို တခြားလူကိုသွားပြောခြင်း

ကျွန်မတို့အမျိုးသမီးအများစုက ချစ်သူနဲ့ပြဿနာဖြစ်ရင် တခြားလူတွေကို ပြန်ပြောချင်ကြပါတယ်။ အမျိုးသားအများစုကတော့ အချစ်ရေးမှာ ပြဿနာဖြစ်ခဲ့ရင် စိတ်ထဲမှာပဲထားတတ်ကြပါတယ်။

၂။ကိုယ့်ရုပ်ဆင်းအသွင်အပြင်အပေါ် သူ့အမြင်ကို မေးမြန်းခြင်း

ကျွန်မတို့တွေက ကိုယ့်ကိုယ်ကို လှလားမလှဘူးလားဆိုတာကို ကိုယ့်ချစ်သူကိုမေးတတ်ကြပါတယ်။ ဒီလိုမျိုးခဏခဏမေးတာကို အမျိုးသားအများစုက မနှစ်သက်ကြပါဘူး။ အမျိုးသားတွေအတွက်တော့ လှလားတို့၊ ဝနေလားတို့ စတဲ့မေးခွန်းတွေအတွက် အဖြေမှန်မရှိတာများပါတယ်။ သူတို့ဘာဖြေဖြေ ကျွန်မတို့တွေ စိတ်တိုင်းမကျတာကို သူတို့သိတယ်လေ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိပြီး မလုံမလဲမဖြစ်အောင် ကြိုးစားပါ။

၃။သူငယ်ချင်းအကြောင်းကို အတင်းပြောခြင်း

အမျိုးသားတွေမကြိုက်တဲ့ နောက်တစ်ချက်ကတော့ သူတို့ချစ်သူကောင်မလေးတွေက သူငယ်ချင်းအကြောင်းတွေ အတင်းလာပြောတာတို့၊ သူငယ်ချင်းရဲ့ရည်းစားအကြောင်း အတင်းအဖျင်းပြောတာတို့ ပါပဲ။ အတင်းအဖျင်းပြောလာရင် အမျိုးသားတွေအတွက်တော့ အနေရအခက်ဆုံးပါပဲ။ သူတို့သူငယ်ချင်းရဲ့ လျှို့ဝှက်ချက်တွေကို သူတို့တကယ်မသိချင်ပါဘူး။ သူများဒုက္ခရောက်တဲ့အကြောင်းတွေ သူတို့မကြားချင်ကြပါဘူး၊ ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးအနားမှာ အတင်းအဖျင်းမပြောပါနဲ့။

၎။သူ့ကို လွတ်လပ်ခွင့်မပေးခြင်း

ကျွန်မတို့တွေကတော့ တစ်ယောက်တည်းနေတဲ့အခါ ပျင်းဖို့လွယ်ကူပါတယ်။ အမျိုးသားတွေကတော့ သူတို့ကိုယ်သူတို့ အနားပေးဖို့ တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်ပါတယ်။ သူတို့ယောက်ျားလေး သူငယ်ချင်းအချင်းချင်း အချိန်ကုန်ချင်ကြပါတယ်။ ဒါကြောင့် သူတို့ကိုနားလည်ပေးပြီး ကိုယ့်ချစ်သူကို တွယ်ကပ်နေတာမျိုးကို ရှောင်ပါ။

၅။သူတို့စိတ်ဝင်စားတာကို နားမလည်ခြင်း

အမျိုးသားတွေက သူတို့စိတ်ဝင်စားတာတွေကို ချစ်သူကောင်မလေးနားမလည်တဲ့အခါ စိတ်တိုတတ်ကြပါတယ်။ သူတို့အားလပ်ချိန်မှာ သူတို့လုပ်တဲ့အလုပ်ကို ကိုယ်ကသဘောမတူရင်တောင် သူ့ဝါသနာကို လေးစားပေးပါ။ ပြောင်းလဲဖို့မကြိုးစားပါနဲ့။ ကိုယ်လိုပဲ သူတို့လဲ သူတို့ကိုယ်သူတို့ ပျော်ရွှင်စေဖို့ ဆန္ဒရှိတာကို ပြုလုပ်ချင်ကြပါတယ်။

၆။သူ့ကို ပြောင်းလဲဖို့ အဆက်မပြတ် ကြိုးစားခြင်း

အမျိုးသားအများစုက သူတို့ချစ်သူကောင်မလေးက သူတို့ကို ပြောင်းလဲဖို့ကြိုးစားတာ သူတို့ကောင်းဖို့အတွက်ဆိုတာကို သိကြပါတယ်။ သူတို့မကြိုက်တာက သူတို့မနှစ်သက်တဲ့အရာကို ချစ်သူကောင်မလေးက ပြုလုပ်စေဖို့ကြိုးစားတာပါပဲ။ ဥပမာ – ဗီဒီယိုဂိမ်းတွေ ကစားတာကို ရပ်ခိုင်းပြီး အချစ်ဇာတ်ကားတွေ ကြည့်ခိုင်းတာမျိုးပေါ့။

၇။ဘာဖြစ်နေလဲဆိုတာ မပြောဘဲ စိတ်ကောက်နေခြင်း

ချစ်သူကောင်မလေးတွေက သူတို့စိတ်ကို ဖတ်စေချင်တဲ့အခါ အမျိုးသားတွေ မနှစ်သက်ကြပါဘူး။ ကိုယ်ဘာဖြစ်နေလဲဆိုတာကို မပြောဘဲနဲ့ သူတို့မသိနိုင်ပါဘူး။ တစ်ခုခုတော့ မကျေမနပ်ဖြစ်နေတယ်၊ မေးတော့လည်း ဘာမှမဖြစ်ဘူးလို့ ပြန်ဖြေတယ်၊ ဒီလိုဖြစ်တဲ့အခါ အမျိုးသားတွေ စိတ်အဆိုးဆုံးပါပဲ။

လူတိုင်းကတော့ ပြီးပြည့်စုံဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ချစ်သူနဲ့အဆင်ပြေဖို့ အနည်းငယ်တော့ ပြင်ဆင်ဖို့လိုပါတယ်။ ဒါမှလည်း ပျော်ရွှင်တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ရမှာပါ။ သင့်မှာ ဘယ်လိုအကျင့်ဆိုးလေးတွေ ရှိပါသလဲ။ အမျိုးသားတွေ မနှစ်သက်တဲ့ တခြားအကျင့်ဆိုးလေးတွေကို သိပါသေးသလား။ ကျွန်မတို့နဲ့တူတူ comment section လေးကနေ မျှဝေပေးပါဦးနော်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊