Relationship အခြေအနေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

blank

Psychosomatic Medicine ဂျာနယ်မှ လက်တလောဖော်ပြထားတဲ့ လေ့လာမှုအရ အဆင်မပြေတဲ့ relationship တွေက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Pittsburgh University မှာ သုတေသနပြုသူတွေက ကျန်းမာတဲ့ လူပေါင်း (၂၈၁)ယောက်ကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ အဆင်မပြေတဲ့ relationship နဲ့ရင်ဆိုင်ရပြီးတဲ့အခါ သွေးကြောတွေ ထိခိုက်လာတာ တွေ့ရပါတယ်။ (ဒီလိုထိခိုက်ခြင်းတွေကြောင့် နှလုံးရောဂါဆိုင်ရာ ရောဂါတွေ ဖြစ်စေပါတယ်။)

လေ့လာမှုမှာ ပါဝင်တဲ့လူတွေက အိမ်ထောင်သည်တွေ ဒါမှမဟုတ်လည်း relationship တစ်ခုခု ရှိထားတဲ့လူတွေပါ။ သူတို့တွေကို (၄)ရက်အတွင်း စောင့်ကြည့်နေပါတယ်။ စုံတွဲတွေကြားထဲက ဆက်ဆံရေးတွေကို လေ့လာပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် မြင်တဲ့အမြင်တွေကို မှတ်သားထားပါတယ်။

ပြီးတော့ သူတို့တွေရဲ့ သွေးကြောတစ်ခုဖြစ်တဲ့ carotic artery ရဲ့ အထူကို တိုင်းတာထားပါတယ်။ Carotic artery ကလည်ပင်းနားမှာရှိပြီး ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းကို အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးတွေ ထောက်ပံ့ပေးနေပါတယ်။ သွေးကြောတွေ ထူလာတာနဲ့ သွေးစီးဆင်းရာလမ်းကြောင်းက ကျဉ်းမြောင်းသွားပါတယ်။ ဒီတော့ သွေးကြောတွေထဲမှာ အဆီတွေစုလာစေလာနိုင်ပါတယ်။ဒီလိုဖြစ်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုမိုများပြားလာစေပါတယ်။

တွေ့ရှိချက်ကတော့  တကယ်ကို အံ့သြစရာပါပဲ။ စုံတွဲတွေထဲကမှ သူတို့လက်တွဲဖော်ကို အဆိုးမြင်နေတဲ့ လူတွေမှာ သွေးကြောနံရံထူနေတာကို တွေ့ရပါတယ်။ ကိုယ့်လက်တွဲဖော်ကို အကောင်းမြင်နေတဲ့ လူတွေနဲ့ယှဉ်ရင် အဆိုးမြင်နေသူတွေက နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ (၈.၅)ရာခိုင်နှုန်းရှိပါတယ်လို့ တိုင်းတာရရှိပါတယ်။ တခြား နှလုံးရောဂါဖြစ်နိုင်ချေတွေကို ထည့်စဉ်းစားပြီးတာတောင် ဒီအဖြေက မှန်နေပါသေးတယ်။

သုတေသနပြုသူတွေ ထောက်ပြထားတဲ့အချက်ကတော့ အဆင်မပြေတဲ့ relationship ထဲရောက်နေရုံနဲ့ နှလုံးရောဂါဆိုင်ရာ ဆိုးကျိုးတွေ အလိုလျောက် တိုးမြင့်လာတာမျိုးမဟုတ်ပဲ အချင်းချင်းကြားမှာရှိတဲ့ အပြန်အလှန်ဆက်နွယ်မှုပေါ်မှာသာ မူတည်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မသာယာတဲ့အိမ်ထောင်ရေးတစ်ခုက ကိုယ့်အသည်းကို ခွဲနိုင်တယ်ဆိုရင် သာယာတဲ့အိမ်ထောင်ရေးက နှလုံးဆိုင်ရာကျန်းမာရေး ပိုကောင်းလာစေနိုင်ပါတယ်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊