ချစ်ခြင်းတွေ တည်တံ့စေဖို့ မေးခွန်းလေးတွေ ထုတ်ကြစို့။

blank

Relationship တစ်ခုတည်ဆောက်တဲ့အခါ ကျွန်မတို့တွေ အကြီးမားဆုံး လုပ်မိနေတဲ့ အမှားကတော့ မှန်ကန်တဲ့ မေးခွန်းတွေ မမေးတတ်ကြတာပါပဲ။ မှန်မှန်ကန်ကန် မေးတတ်မှ ကိုယ့်ချစ်သူ လိုအပ်နေတာကို သိနိုင်ပြီး တူတူပျော်ရွှင်ကြမှာပါ။  အောက်ဖော်ပြပါ မေးခွန်းလေးတွေ မေးကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ဘာကူညီပေးရမလဲ။

ကိုယ်အားနေတဲ့အချိန်ကျရင် ကိုယ့်ချစ်သူအတွက် ကိုယ့်အချိန်တွေကို ပေးဖို့ ဘာလို့ မကမ်းလှမ်းဘဲ နေမှာလဲ။ ကျွန်မတို့တွေက ကိုယ်စီကိုယ်စီ လုပ်စရာတွေ ရှိကြပါတယ်။ တစ်ယောက်ယောက်ကသာ အကူအညီပေးနိုင်ရင် အလုပ်ပိုပြီးတာပေါ့။ ဒါ့အပြင် စိတ်ချင်းပိုပြီး နီးစပ်လာပါတယ်။ သံယောဇဉ်တွေ ပိုပြီးခိုင်မာလာပါတယ်။

၂။ကျွန်မအချစ်တွေကို ဘယ်လိုဖော်ပြရမလဲ။

ချစ်သူစုံတွဲတွေကတော့ ချစ်တယ်ဆိုတဲ့ စကားလေးကို ကောင်းကောင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ချစ်တယ်ဆိုတာ ပြသနိုင်တာက ပြောတာထက်ကို ပိုထိရောက်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ဆီကအချစ်တွေကို အနမ်းလေးနဲ့ဖြစ်ဖြစ် မဟုတ်ရင်လည်း ပန်းဥယျာဉ်ထဲမှာ တူတူပန်းစိုက်ကြတာမျိုးဖြစ်ဖြစ် ဖော်ပြစေချင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလေး မေးလိုက်ခြင်းအားဖြင့် ကိုယ့်ချစ်သူကို ဝမ်းမြောက်စေပါတယ်။

၃။ကျွန်မကို ပြောင်းလဲစေချင်တဲ့ အချက်သေးသေးလေး တစ်ချက်လောက် ရှိလား။

ဒီမေးခွန်းမျိုးကတော့ စကားများစေနိုင်တယ်နော်။ ဒါပေမယ့် သေးသေးလေးဆိုတာကို သေသေချာချာလေး အသားပေးပြောတတ်ရင် အခြေအနေက လုံးဝကို ပြောင်းလဲသွားနိုင်ပါတယ်။ တခါတလေမှာ ကျွန်မတို့တွေက သတိမထားမိဘဲ ကိုယ့်ချစ်သူကို စိတ်အနှောက်အယှက်ပေးသလို ဖြစ်နေတတ်ပါတယ်။ သူတို့အနေနဲ့ကလည်း ထုတ်ပြောရအောင်ထိ ကြီးမားတဲ့ ကိစ္စလည်းမဟုတ်တော့ မပြောကြပါဘူး။ ကိုယ်က ဒီလိုမေးခွန်းလေး မေးလိုက်တော့ နောင်တစ်ချိန်မှာ ကြီးထွားလာနိုင်တဲ့ ပြဿနာကို တားဆီးပြီးသားဖြစ်တာပေါ့။

၎။ထူးထူးခြားခြား သွားချင်တဲ့နေရာ ရှိလား။

နိုင်ငံရပ်ခြားသွားဖို့ ကိုယ့်မှာ အခြေအနေပေးချင်မှ ပေးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ချစ်သူကို ရွေးချယ်ခွင့်ပေးတာက လက်ဆောင်တစ်ခုလိုပါပဲ။ သူသွားချင်တဲ့နေရာက နီးနီးနားနား နေရာတစ်နေရာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်မေးလိုက်လို့ သူဝမ်းသားသွားမှာ သေချာပါတယ်။ အခြေအနေပေးရင် အားလက်ရက်ခရီးတစ်ခုတောင် စီစဉ်နိုင်ပါတယ်။ ပျော်ရွှင်စေတဲ့ အရာတစ်ခုခုကို ယူဆောင်ပေးတာ ကောင်းတဲ့နည်းလမ်းလေးတစ်ခုပါ။

၅။ကျွန်မနဲ့ တူတူလက်တွဲတဲ့အခါမှာ ပျော်ရွှင်စေတဲ့အရာက ဘာလဲ။

ဒီလိုမေးခွန်းလေးက ကိုယ့်ချစ်သူကို ချစ်သူနှစ်ဦးကြားဆက်ဆံရေးက အကြောင်းတွေကို အမှတ်ရစေပါတယ်။ ပျော်ရွှင်စရာလေးတွေ ပြောနေရတယ်ဆိုရင်ပဲ နှစ်ယောက်သား သံယောဇဉ်တွေ ပိုတွယ်လာပါတယ်။

၆။ချစ်ခြင်းမေတ္တာတွေ ခံစားနိုင်အောင် ကျွန်မလုပ်ပေးနိုင်တာလေးများ ရှိလား။

ဒီလို နူးညံ့ချိုမြိန်တဲ့ စကားလေးက ကိုယ့်ချစ်သူကို ခဏလေးဖြစ်ဖြစ် အံ့သြသွားစေပါတယ်။ ကိုယ့်အချစ်ရေးက သိပ်ကိုအဆင်ပြေနေတယ် ဆိုရင်တောင် ကိုယ့်ချစ်သူက ချစ်ခြင်းတွေ ပိုပြီးခိုင်မာလာအောင် လုပ်နိုင်မယ့် အရာတွေကို စဉ်းစားပါတယ်။

၇။အရင်ကမလုပ်ဖူးခဲ့ပေမယ့် ကျွန်မနဲ့တူတူ လုပ်ချင်တဲ့အရာတစ်ခုခု ရှိလား။

ဒီမေးခွန်းလေးက နှစ်ယောက်စလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေနိုင်ပါတယ်။ တူတူလုပ်ချင်တဲ့ အရာတွေ အများကြီး တွေးမိပြီး နှစ်ယောက်စလုံးပျော်ရွှင်စေမယ့် အရာလေးတစ်ခုခုကို တွေ့ရှိသွားနိုင်ပါတယ်။ မလုပ်ဖူးတဲ့အရာတွေကို ကိုယ့်ချစ်သူနဲ့ တူတူစမ်းသပ်ကြည့်တာ သံယောဇဉ်ပိုတွယ်လာစေပါတယ်။

နေ့တိုင်း လုပ်စရာတွေပြည့်နေတဲ့အချိန် လူမှုဆက်ဆံရေး ကောင်းကြတယ်ဆိုတဲ့ စုံတွဲတွေမှာတောင် ကိုယ့်ချစ်သူလိုအပ်တာလေးတွေ မေးဖို့ မေ့နေတတ်ကြပါတယ်။ နှစ်ယောက်စလုံး အချင်းချင်း လိုအပ်ချက်လေးတွေကို မေးမြန်းတတ်ကြမယ်ဆိုရင် ချစ်သူနှစ်ဦးကြားမှာ ပိုပြီးအဆင်ပြေချောမွေ့လာမှာပါ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊