ခင်ပွန်းသည်နဲ့ ငွေကြေးကိစ္စ စကားများခြင်း ရှောင်ရှားရန် နည်းလမ်း (၆)သွယ်

blank

ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာမရှိတဲ့ အိမ်ထောင်ရေးဆိုတာ အမှန်တကယ်တော့ ဖြစ်နိုင်ပါတယ်။ စာဖတ်သူကတော့ ဒါကိုမဖြစ်နိုင်ဘူးလို့ ထင်ရင်ထင်နေပါလိမ့်မယ်။ အထူးသဖြင့် သင်နဲ့ သင့်ခင်ပွန်းက ငွေရေးကြေးရေးဆိုင်ရာကို နေ့စဉ် အငြင်းပွားနေရတယ် ဆိုရင်ပေါ့။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို လိုက်နာကြည့်လိုက်ပါ။ စကားများစရာတွေတောင် မေ့ကောင်းမေ့သွားနိုင်ပါတယ်။ ကိုယ့်ခင်ပွန်းသည်နဲ့ ငွေကြေးကို ဘယ်လိုစီမံရမလဲဆိုတာ လွယ်ကူသွားပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       အကြွေးပေးစရာရှိတာတွေကို ဖုံးကွယ်မထားပါနဲ့။

လူတိုင်းလူတိုင်း ငွေကြေးအကျပ်အတည်းကတော့ ကြုံတွေ့ရတာပါပဲ။ ရှက်နေတာတွေကို ဘေးဖယ်ပြီး ကိုယ့်ခင်ပွန်းကို ကိုယ့်ပြဿနာပြောပြပါ။ ငွေကြေးနဲ့ပတ်သက်ပြီး ခင်ပွန်းသည်နဲ့ ပွင့်ပွင့်လင်းလင်း မရှိရင် လင်မယားကြား ရင်းနှီးတဲ့ဆက်ဆံရေးရဖို့ ခက်ခဲပါလိမ့်မယ်။ ရိုးသားခြင်းက အကောင်းဆုံး မူဝါဒပါပဲ။

၂။       ငွေကြေးသုံးစွဲခြင်းကို ကြိုတင်စီမံထားပါ။

ငွေကြေးဆိုတာ ကောင်းကောင်းထိန်းသိမ်းဖို့ လိုပါတယ်။ ငွေရေးကြေးရေးဆိုင်ရာ စကားမများချင်ရင် လင်မယားနှစ်ယောက်စလုံး ငွေကြေးသုံးစွဲခြင်းကို ကြိုတင် အစီအစဉ်ချထားကြပါ။ ဒီလိုလုပ်ခြင်းက ဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်တွေ အားလုံးကို လျာထားပြီးသား ဖြစ်ပါလိမ့်မယ်။

၃။       ကိုယ်ဝယ်ယူထားတာတွေကို မဖုံးကွယ်ပါနဲ့။

အိမ်ထောင်ရေးဆိုတာ ယုံကြည်စိတ်ချမှုအပေါ် အခြေခံထားတာကြောင့် ကိုယ်ဝယ်ချင်တဲ့ အရာအားလုံးကို ကိုယ့်ခင်ပွန်းသည်ကို အသိပေးတာ အကောင်းဆုံးပါပဲ။ ခင်ပွန်းမသိအောင် ဖုံးကွယ်ထားတာကနေ သူသိသွားရင် အပြစ်ရှိသလို ခံစားနေရမှာပါ။ အဲဒီအစား မဝယ်ဘဲနေလိုက်တာကမှ ပိုကောင်းပါတယ်။ တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုရင် ရိုးသားနိုင်ဖို့ ကြိုးစားကြပါ။

၎။       တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေကို တူတူဝယ်ယူဖို့ စီစဉ်ထားပါ။

တန်ဖိုးကြီးတဲ့ အရာတွေကို ခင်ပွန်းသည်နဲ့ တူတူအကုန်အကျခံဖို့ ကြိုတင်သဘောတူထားပါ။ Laptop ဖြစ်ဖြစ်၊ flat TV ဖြစ်ဖြစ်ပေါ့ ပစ္စည်းက အရေးမကြီးပါဘူး။ မဝယ်ယူခင် တစ်ယောက်ကို တစ်ယောက် ဆွေးနွေးတိုင်ပင်ဖို့ပဲ လိုပါတယ်။ ငွေကြေးများစွာ သုံစွဲတော့မယ်ဆိုရင် ခင်ပွန်းသည်နဲ့ တိုင်ပင်တာက ငွေရေးကြေးရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

၅။       ကိုယ်ပိုင်ပိုက်ဆံ အနည်းငယ်ထားရှိပါ။

ကိုယ်ပိုင် ပိုက်ဆံနဲ့ဆိုရင် သေးသေးမွှားမွှားလေးတွေကို ဝယ်ယူဖို့ ခင်ပွန်းသည်သဘောထားကို မေးစရာမလိုတော့ဘူးပေါ့။ လင်မယားနှစ်ယောက်စလုံးမှာ ကိုယ်ရေးကိုယ်တာ သုံးစွဲလို့ရအောင် ကိုယ်ပိုင်ငွေကြေးလေးတော့ ထားရှိသင့်ပါတယ်။ တခါတလေကျတော့လည်း ကိုယ့်ကိုယ်ကို အလိုလိုက်ဖို့ လိုအပ်သေးတယ်လေ။ ဥပမာ စားချင်တာလေး ဝယ်စားတာမျိုးပေါ့။ ဒီလိုနည်းလမ်းလေးက အိမ်ထောင်ရေးမှာ စကားများကြတာတွေကို လျော့နည်းစေပါတယ်။

၆။       လေးစားမှုရှိပါ။

ကိုယ့်ခင်ပွန်းသည်က ငွေကြေးနဲ့ပတ်သက်ရင် ရွေးချယ်မှုတွေမှာ မကျွမ်းကျင်ဘူး ဖြစ်နေပါသလား။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ခင်ပွန်းသည်ကို အပြစ်တင်ဝေဖန်တာတွေ မပြုလုပ်ပါနဲ့။ ငွေရေးကြေးရေး ဘယ်လောက်ပဲအဆင်ပြေပြေ လူတိုင်းက relationship မှာ ငွေကြေးနဲ့ပတ်သက်တဲ့ အမှားမျိုးပြုလုပ်နိုင်ပါတယ်။ ဒီအမှားကို ဝေဖန်ပြောနေမယ်ဆိုရင် ပြဿနာကို ပိုပြီး ပြင်းထန်လာစေရုံပဲ ရှိပါတယ်။ ဒီအပြုအမူမျိုးက မိသားစုတွင်းမှာရှိတဲ့ ယုံကြည်မှုကိုပါ နှောက်ယှက်ပေးနိုင်ပါတယ်။ ကိုယ့်ခင်ပွန်းသည်ရဲ့ လုပ်ရပ်နဲ့ ရွေးချယ်မှုတွေကို လေးစားဖို့ ကြိုးစားပါ။

ခင်ပွန်းသည်နဲ့ ငွေကြေးဆိုင်ရာ စကားမများရအောင် ကာကွယ်နိုင်မယ့် တခြားနည်းလမ်းတွေ သိပါသေးသလား။ ကျွန်မတို့နဲ့တူတူ comment section ကနေ မျှဝေနိုင်ပါတယ်။