ကိုယ့်ရဲ့ချစ်သူကို လိမ်ညာတတ်တဲ့သူ ဖြစ်မလာစေချင်ဘူးဆိုရင် ဘာတွေလိုက်နာရမလဲ။

blank

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လူတိုင်းကတော့ အချစ်ရေးမှာ ပွင့်လင်းရိုးသားစွာ ဆက်ဆံတာမျိုးကို လိုချင်ကြပါတယ်။ ဒါပေမဲ့ တချို့ချစ်သူယောက်ျားလေးတွေက သူတို့ချစ်သူတွေကို လိမ်ညာကြပါတယ်။ သူ့ရဲ့နဂိုအကျင့်အတိုင်း မရိုးမသားလိမ်လည်နေတာ ဖြစ်နိုင်သလို ချစ်သူကောင်မလေးရဲ့ အပြုအမူတချို့ကြောင့်လည်း လိမ်ညာတတ်လာကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူကို လိမ်ညာလှည့်စားတတ်တဲ့သူ ဖြစ်မလာအောင်လိုက်နာရမယ့် အရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ Relationship တစ်ခုထဲရောက်တာနဲ့ ကိုယ့်ဘဝရဲ့ အရာရာအားလုံးကို အချစ်ရေးတစ်ခုတည်းမှာပဲ မြှုပ်နှံပစ်တာမျိုးကို ရှောင်ကြဉ်ပါ။

၂။ ချစ်သူကို ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးဘဲ ထိန်းချုပ်ဖို့ ကြိုးစားတာမျိုး၊ အမြဲတမ်း လွှမ်းမိုးချုပ်ကိုင်နေတာမျိုးကို ရှောင်ကြဉ်ပါ။

၃။ Relationship ကို အမြဲတမ်း အသက်ဝင်နေအောင်၊ နှစ်ဦးနှစ်ဖက် ပျော်ရွှင်စိတ်ချမ်းသာစေမယ့် အရာလေးတွေကို လုပ်ဆောင်ပါ။

၎။ ချစ်သူကို ကိုယ်ပိုင်အချိန်ပေးပါ။ ချစ်သူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး တွယ်ကပ်နေတာမျိုးဟာ သူသင့်ကို လိမ်ညာတတ်လာအောင်၊ ဖုံးကွယ်တတ်လာအောင် တွန်းပို့ခြင်းပါပဲ။

၅။ ကိုယ့်ကို ဘယ်အရာတွေက ဝမ်းနည်းခံစားစေတယ်၊ ထိခိုက်စေတယ် စတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားပေးပါ။ သူ့ကို ထိခိုက်စေတဲ့ အပြုအမူတွေကိုလည်း ရှောင်ရှားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ပြဿနာဖြစ်လာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ပါ။ အခက်အခဲတွေ ကြုံလာရတဲ့အခါ သူ့ဘေးမှာ သင်ရှိနေတယ်ဆိုတာကို ခံစားစေပါစေ။ တစ်ယောက်ရဲ့အားက တစ်ယောက်ဖြစ်နေတဲ့အခါ တစ်ယောက်ကိုတစ်ယောက် လိမ်လည်လှည့်ဖျားတာတွေ လျော့နည်းလာပါလိမ့်မယ်။

၇။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပါ။ ပွင့်လင်းတဲ့ဆက်ဆံရေးကို တည်ဆောက်ထားပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပါ။

သင်ကော…ဘယ်လိုအကြံပြုချက်လေးတွေပေးချင်လဲ။ မျှဝေပေးပါဦး။