ရည်းစားဟောင်းကိုမေ့သင့်တဲ့ အကြောင်းအရင်း (၅)ချက်

blank

လမ်းခွဲပြီးခဲ့တဲ့ လက်တွဲဖော်အကြောင်း ပြန်စဉ်းစားပြီး အရင်လိုတူတူပြန်နေချင်တယ် ဆိုတာမျိုးက ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်တုန်းက ချစ်ခဲ့ကြတာပဲလေ။ ဒါပေမယ့် သူ့အကြောင်းပဲစဉ်းစားနေရင်တော့ အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် သူ့အကြောင်းစဉ်းစားတာတွေကို ရပ်တန်းကရပ်နိုင်ဖို့ အကြာင်းပြချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ပြီးဆုံးခဲ့ပါပြီ။

တခါတရံ relationship ကြီးက ပြီးဆုံးသွားပြီးဆိုတာကို လက်ခံဖို့ ခက်ခဲနေတတ်တယ်။ ဒါပေမယ့် အရင်လိုအခြေအနေတွေပြန်ရဖို့ မျှော်လင့်နေတာက အဓိပ္ပာယ်မရှိဘူးလေ။ ဒီလိုဖြစ်နေတာက ကိုယ့်ကိုနောက်ထပ် ဘဝအသစ်စဖို့ ဟန့်တားနေတတ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရည်းစားဟောင်းနဲ့ဇာတ်လမ်းက ပြီးဆုံးခဲ့ပြီမို့ ရှေ့ဆက်သွားတာက အကောင်းဆုံးပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 ၂။လက်တွဲဖော်အသစ်

ချစ်သူအသစ်ရှိနေတဲ့အချိန် ရည်းစားဟောင်းကို ပြန်တမ်းတနေတာ မယဉ်ကျေးရာကျပါတယ်။ အသစ်တည်ဆောက်ထားတဲ့ relationship အပေါ် ကိုယ်ကပြည့်ပြည့်ဝဝ သဘောတူညီမှုမရှိသလို ဖြစ်နေပါတယ်။ ကိုယ့်ရည်းစားဟောင်းကလည်း ချစ်သူသစ်တွေ့နေပြီဆိုရင် ကိုယ်ကအချိန်တွေ ဖြုန်းနေတာနဲ့ တူပါတယ်။ သူ့အကြောင်းစဉ်းစားတာနဲ့ သူ့ကိုပြန်ရမှာမှ မဟုတ်တာ။

၃။ကိုယ်ဖြစ်ချင်သလို သူ့ကိုပြုပြင်လို့မရပါဘူး။

ရည်းစားဟောင်းအကြောင်း ပြန်စဉ်းစားတဲ့အခါ ကျွန်မတို့က သူ့ကို ကိုယ်ဖြစ်ချင်တဲ့ ပုံမျိုးနဲ့မြင်ယောင် တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါက သူမှမဟုတ်တာ။ ဒါကလက်တွေ့လည်း မဆန်ပါဘူး။ လူတစ်ယောက်ကို ကိုယ်ဖြစ်ချင်သလို ပုံသွင်းလို့မရပါဘူး။ ဒါကြောင့် အဓိပ္ပာယ်ရှိတာတွေပဲ စဉ်းစားပြီး ရှေ့ဆက်ဖို့ကြိုးစားပါ။

၎။လမ်းခွဲရခြင်း အကြောင်း

နောင်တတွေ၊ နာကျင်ခံစားရတာတွေကြောင့် ကိုယ်လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို မေ့ဖို့ကလွယ်ကူပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရင်းတွေက ရှိနေပါသေးတယ်။ ရည်းစားဟောင်းက ကိုယ့်ကိုလိမ်ညာခဲ့ရင်လည်း ဒီပြဿနာမျိုးက ရှိနေဦးမှာပါပဲ။ သူ့ကိုဆက်မချစ်နိုင်တော့လို့ လမ်းခွဲခဲ့ရင်လည်း ကိုယ်သူ့အကြောင်းစဉ်းစားနေတာက ချစ်ခင်ယုယတာတွေကို လွမ်းဆွတ်နေလို့ပါ။ ဒါပေမယ့် သူနဲ့ပြန်လက်တွဲတာနဲ့ ပြန်ချစ်သွားမှာ မဟုတ်ပါဘူး။

၅။မျှော်လင့်ချက်တွေ မှားနေခြင်း

တခါတရံ ကျွန်မတို့က ရည်းစားဟောင်းအကြောင်း ပြန်စဉ်းစားပြီး အရင်လိုပြန်ဖြစ်မယ်လို့ မှားယွင်းမျှော်လင့်နေတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ခံစားရတာတွေ သက်သာသွားတဲ့အခါမှ ဒါကကိုယ့်အတွက် မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘူးဆိုတာကို နားလည်လာပါတယ်။ ကိုယ့်ရည်းစားဟောင်းကိုလည်း မျှော်လင့်ချက်တွေ ပေးချင်မှာမဟုတ်ဘူးလေ။ ကျွန်မတို့အတွက်ဆိုလည်း တူတူပဲပေါ့။

ရည်းစားဟောင်းနဲ့ လမ်းခွဲကာစမှာ သူ့အကြောင်းစဉ်းစားရင်း အချိန်ကုန်နေမိတာက သဘာဝပါပဲ။ ကိုယ့်ခံစားချက်တွေ မသေဆုံးသွားသ၍ပေါ့။ ဒါပေမယ့် အစွဲအလမ်းကြီးပြီး အစွန်းမရောက်သင့်ဘူးလေ။ ကိုယ်ဘာလို့ သူ့အကြောင်းဒီလောက် ဂရုစိုက်နေရတာလဲလို့ သိချင်တဲ့အချိန် ရောက်လာမှာပါ။ ပရိတ်သတ်ကြီး ရည်းစားဟောင်းနဲ့ ပြန်လက်တွဲဖူးပါသလား။ ဘယ်လိုတွေ ပြောင်းလဲသွားပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။