လမ်းခွဲပြီးတဲ့နောက် ရခဲ့ဖူးတဲ့ အချစ်တွေကို မေ့ပြီး ဘဝကို ရှေ့ဆက်နိုင်စေဖို့…

blank

၁။ ပြီးသွားတဲ့ Relationship နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပြန်တွေးကြည့်ပါ။ Relationship အဆင်မပြေရတဲ့ အကြောင်းတွေကို ချရေးကြည့်ပါ။  အကောင်းထက် အဆိုးတွေများနေတဲ့ အချစ်ရေးတစ်ခုကို ဖက်တွယ်ထားလိုစိတ်တွေ လျော့နည်းလာတာကို သင်ကိုယ်တိုင် သတိထားမိလာပါလိမ့်မယ်။

၂။ လမ်းခွဲခြင်းကြောင့် ဘာမှမခံစားရဘူးလို့  ဟန်ဆောင်နေမယ့်အစား ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းခွင့်ပေးလိုက်ပါ။ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ ဒါပေမဲ့ ဝမ်းနည်းကြေကွဲနေရတဲ့ အဆင့်ကို အကြာကြီးဆွဲမထားမိဖို့တော့ လိုပါလိမ့်မယ်။

၃။ ရည်းစားဟောင်းနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးနဲ့ အဆက်အသွယ်ဖြတ်ပစ်ပါ။ နောက်ပြန်လှည့်မကြည့်တော့ဘဲ ဘဝအသစ်ကိုစနိုင်ဖို့ ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ချစ်သူမရှိတဲ့အချိန်ဟာ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီးအချိန်ပေးဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ပန်းတိုင်အသစ်တွေ ချမှတ်ပြီး ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားပါ။

၅။ ဖူးစာမပါခဲ့ဘူးဆိုတာကိုလက်ခံလိုက်ပါ။ နာကျည်းမုန်းတီးနေမယ့်အစား အကောင်းမြင်စိတ် မွေးမြူပါ။

၆။ လှလှလေးပြင်ပါ။ အပြင်ထွက်ပြီးလူသစ်တွေနဲ့ တွေ့ဆုံပါ။ လူသစ်တွေနဲ့ တွေ့ဆုံစကားပြောတာက စိတ်ကိုအပြောင်းအလဲဖြစ်စေပါတယ်။ အသည်းကိုဒဏ်ရာပေးတဲ့သူရှိရင် အသည်းကိုကုစားပေးနိုင်တဲ့သူကလည်း သင့်ကိုတစ်ထောင့်တစ်နေရာကနေ စောင့်ကြိုနေပါတယ်။