ရုပ်ရည်ကြောင့် မဟုတ်ဘဲ သူ့အာရုံကို ဖမ်းစားနိုင်မယ့် နည်းလမ်း (၇)သွယ်

blank

ကိုယ်စိတ်ဝင်စားတဲ့ အမျိုးသားကိုတော့တွေ့ပါတယ်။ ဒါပေမယ့်ကိုယ့်ကိုစိတ်ဝင်စားအောင် ဘယ်လိုချဉ်းကပ်ရမှန်းမသိ ဖြစ်နေပါသလား။ စိတ်မပူပါနဲ့၊ သူ့အာရုံကိုဖမ်းစားနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အမျိုးသားတွေကအပေါ်ယံရုပ်ရည်ကိုကြည့်ပြီးစိတ်ဝင်စားတတ်ကြပေမယ့် ကိုယ့်ရုပ်ရည်နဲ့ခန္ဓာကိုယ်မှာထင်ဟပ်နေတဲ့ ကိုယ့်စိတ်နေသဘောထားကိုနားလည်ကြပါတယ်။ အခုဖော်ပြမှာကတော့ အပေါ်ယံအလှတွေကိုထုတ်ပြစရာမလိုဘဲသူစိတ်ဝင်စားလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ သူသိပါစေ။

သူ့အာရုံဖမ်းစားမယ့် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ သူ့ကိုအာရုံစိုက်ခွင့် ပေးလိုက်တာပါပဲ။ သူကိုယ့်ရှေ့ကဖြတ်လျှောက်သွားရင် ကိုယ့်ကိုသတိထားမိအောင် နှုတ်ဆက်ပါ။ စကားပြောဖို့အလှမ်းဝေးနေတယ်ဆိုရင် အပြုံးလေးတစ်ခုဖြစ်ဖြစ်၊ ရိုးရှင်းသောအကြည့်လေးတစ်ချက်ဖြစ်ဖြစ် ပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ရေမွှေးဆွတ်ပါ။

သူ့အာရုံခံစားမှုတွေထဲမှာအမြင်တစ်ခုတည်းပဲရှိတာမဟုတ်ပါဘူး။ ဆွဲဆောင်မှုရှိတဲ့ ရေမွှေးဆွတ်ခြင်းကလည်းသူ့အာရုံကိုဖမ်းစားနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရေမွှေးအနံ့လေးဘယ်မှာပဲရရကိုယ့်ကိုအလိုအလျောက် သူစဉ်းစားနေမိပါလိမ့်မယ်။ ဒီနည်းလမ်းလေးကကိုယ်သူ့အနားမရှိတဲ့အချိန် သူ့စိတ်ထဲမှာနေနိုင်မယ့် နည်းလမ်းလေးတစ်ခုပါ။

၃။ ချိုသာစွာပေါင်းသင်းဆက်ဆံပါ။

သူရှိနေတဲ့အချိန်မှာကိုယ်ကသူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးစွာပြောဆိုဆက်ဆံနေမယ်ဆိုရင် ကိုယ့်ကိုပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်အဖြစ် သူမြင်သွားပါလိမ့်မယ်။ ဒါဆိုရင် ကိုယ့်နဲ့စကားလာပြောဖို့ သူမကြာခဏကြိုးစားလာပါလိမ့်မယ်။

၎။ ယုံကြည်ချက်အပြည့် ပြောဆိုဆက်ဆံပါ။

စကားပြောတိုင်းယုံကြည်မှုရှိပါစေ။စိတ်လှုပ်ရှားနေရင် ဘယ်လိုခံစားရလဲဆိုတာအားလုံးကသိပေမယ့်လည်းလူတွေရဲ့သဘောကကိုယ်ဘာလုပ်နေတယ်ဆိုတာကိုယုံကြည်မှုရှိရှိပြုမူတဲ့လူတွေကိုသဘောကျတတ်ကြပါတယ်။

၅။ ရယ်မောပါ။

အမျိုးသားတွေကဘဝမှာရယ်မောပျော်ရွှင်နေကြတဲ့ အမျိုးသမီးတွေနဲ့နေရတာကိုသဘောကျတတ်ကြပါတယ်။ တစ်ခုခုကြောင့် မရပ်မနားရယ်မောနေတဲ့ ကိုယ့်ကိုမြင်တဲ့အခါ ကိုယ်ဘယ်လောက်ပျော်နေတယ်၊ ဘယ်လောက်စွဲမက်ဖွယ်ကောင်းတယ် ဆိုတာကိုသူသတိထားမိမှာသေချာပါတယ်။

၆။ ပုန်းကွယ်မနေပါနဲ့။

သူနားမှာရှိမနေရင် ဘယ်လိုလုပ် သူ့အာရုံကိုဖမ်းစားနိုင်မလဲ။ သူအလုပ်လုပ်နေတဲ့နေရာကိုသိလို့ အဲဒီနေရာကိုရှောင်နေရင် ဒီလုပ်ရပ်ကကိုယ့်ကိုအကျိုးမဲ့စေပါတယ်။ မကြာခဏအဲဒီနေရာကိုသူ့ကိုတွေ့ဖို့သွားပါ။ အရဲစွန့်လွန်းတယ်လို့ မထင်စေချင်ရင်တော့ တခါတလေမှသွားပေါ့။

၇။ အရှိကိုအရှိအတိုင်းနေပါ။

ဒီနည်းလမ်းကကြားဖူးနားဝရှိပြီးသားလို့ ထင်ရပေမယ့် မှန်ကန်လွန်းတော့ လူကြိုက်များပါတယ်။ ကိုယ်ကသရုပ်ဆောင်တစ်ယောက်ကိုရူးသွပ်နေရင်ဖြစ်စေ၊ ဟာသလေးတွေကိုပြောတတ်ရင်ဖြစ်စေသူကကိုယ့်ကိုသဘောကျအောင်ကိုယ့်အမူအကျင့်လေးတွေကိုပြောင်းလဲလိုက်တာမျိုးမလုပ်လိုက်ပါနဲ့။တစ်စုံတစ်ယောက်ကိုအာရုံဖမ်းစားဖို့ တစ်ခုခုကိုပြုလုပ်နေရပြီဆိုရင် သူကကိုယ့်အတွက် မှန်ကန်တဲ့လက်တွဲဖော် မဟုတ်ပါဘူး။ ကိုယ့်အရှိအတိုင်းနေပေမယ့်လည်းသူကကိုယ့်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်အတွက်တန်ဖိုးရှိပါတယ်။

လှပတဲ့ခြေထောက်လေးတွေနဲ့ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးကအမျိုးသားတွေအတွက် အကောင်းဆုံးဆွဲငင်အားတွေ ဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်နေသဘောထား၊ အမူအကျင့်လေးတွေကလည်းအရေးကြီးပါတယ်။ ကိုယ့်အမူအကျင့်တွေကိုဂရုမစိုက်တတ်တဲ့ အမျိုးသားတစ်ယောက်ကိုဘာလို့လက်တွဲနေမှာလဲ။ ကိုယ်ဘယ်သူလဲဆိုတာဂရုစိုက်ပြီးအပြင်ပန်းအပေါ်ယံတွေထက် အတွင်းကျကျနားလည်တတ်တဲ့ လက်တွဲဖော်တစ်ယောက်ကိုရွေးချယ်ကြပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။