ဖွင့်မပြောပေမယ့် ကိုယ့်လက်တွဲဖော် လိုချင်တောင့်တနေသော အရာ (၆)ခု

blank

[pull_quote_center]ကျွန်မတို့ရဲ့လက်တွဲဖော်အမျိုးသားတွေ ကျွန်မတို့ဆီကအမှန်တကယ်လိုချင်တောင့်တနေတဲ့ အရာလေးတွေ သူတို့စိတ်ထဲမှာ ရှိတတ်ကြပါတယ်။ ဒါပေမယ့်သူတို့ ဒါတွေကိုဘယ်တော့မှ ထုတ်ဖော်မပြောပါဘူး။ ဒီနေ့တော့ အားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ကျွန်မတို့ရဲ့ လက်တွဲဖော်အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ဆန္ဒလေးတွေကို ကြည့်လိုက်ကြရအောင်။[/pull_quote_center]

၁။       ရိုသေလေးစားမှုခံရခြင်း

အမျိုးသားတွေအားလုံးအတွက် အရေးအကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သူ့အတွေးတွေ၊ သူ့စကားလုံးတွေ၊ သူ့အပြုအမူတွေဟာအရေးပါတယ်၊ အလေးအမြတ်ထားတယ်ဆိုတာသူသိအောင်ပြပါ။ ကိုယ့်လက်တွဲဖော်အမျိုးသားကို နှစ်ဦးကြားမှာဖြစ်စေ၊ လူအများကြားမှာဖြစ်စေအမြဲရိုသေလေးစားပါ။

၂။       ချီးမွမ်းနှစ်သက်သဘောကျခြင်း

အမျိုးသားတိုင်းကသူတို့အမျိုးသမီးတွေထံကနေ အထင်ကြီးသဘောကျခြင်းကိုအလိုရှိကြပါတယ်။ ကျွန်မတို့အမျိုးသမီးတွေလိုပါပဲ ချီးကျူးဂုဏ်ပြုပေးတာကိုလည်းခံချင်ကြတယ်လေ။ မိမိအပေါ် စစ်မှန်စွာရိုသေလေးစာတတ်ရုံသာမကရိုးသားစွာလေးစားအထင်ကြီးတတ်သောအမျိုးသမီးတစ် ယောက်အတွက် ထိုအမျိုးသားကသစ္စာဆောက်တည်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       ထောက်ခံအားပေးခြင်း

အမျိုးသားတွေရဲ့ဘဝမှာလည်းအခက်အခဲကြုံတွေ့ရတဲ့အချိန်တွေဆိုတာရှိပါတယ်။ ချစ်လှစွာသောအမျိုးသမီးဆီကနေ မပြောင်းမလဲခိုင်မာတဲ့ ထောက်ခံအားပေးခြင်းခံရသော အမျိုးသားတစ်ယောက်က အမြဲတမ်းအမျိုးသမီးဝေဖန်အပြစ်တင်တာခံနေရသောအမျိုးသားထက် ပိုပြီး ပြီးပြည့်စုံတဲ့ဘဝမျိုးကိုပိုင်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားလက်တွဲဖော်ကို ယုံကြည်ပြီးထောက်ခံအားပေးလိုက်ပါ။

၎။       အပြုံးလေးပေးခြင်း

အမျိုးသားတွေအတွက်တော့ ချစ်သူရည်းစားရဲ့အပြုံးလေးဟာတစ်နေ့တာအတွက်ပြီးပြည့်စုံစေသလိုချိုမြိန်တဲ့အချစ်တွေ၊ ဂရုစိုက်ခြင်းတွေ၊ နှစ်သက်မြတ်နိုးခြင်းတွေကိုခံစားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်သဘောထားပြည့်ဝစွာနဲ့ ကိုယ့်လက်တွဲဖော်ကိုအပြုံးလေးတွေပေးပါ။ သူ့ဘေးမှာနေရတဲ့အတွက် ကိုယ့်မှာပျော်ရွှင်ပီတိဖြစ်ရကြောင်း ပြသပါ။

၅။       ခင်မင်ရင်းနှီးခြင်း

အိမ်ထောင်ကျပြီးတာကြာခဲ့ပြီဆိုရင်တောင် သို့မဟုတ်လည်းချစ်သူရည်းစားဘဝက ကြာမြင့်ခဲ့ပြီဆိုရင်တောင် အမျိုးသားတွေက ကျွန်မတို့ကိုစစ်မှန်ပြီးသစ္စာရှိတဲ့ မိတ်ဆွေတွေအဖြစ်မြင်ချင်ကြပါတယ်။ သူ့နဲ့တူတူကောင်းတာတွေ၊ ဆိုးတာတွေအားလုံးမျှဝေနိုင်တဲ့ အပေါင်းအဖော်တစ်ယောက်အနေနဲ့ပေါ့။ ဒါကြောင့် တူတူရှိနေတဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုလျစ်လျူမရှုကြပါနဲ့။

၆။       ချစ်ခြင်းမေတ္တာနဲ့ စိတ်ကူးယဉ်ဆန်ခြင်း

နောက်ဆုံးအချက်ကတော့ အမျိုးသားရော အမျိုးသမီးပါ လိုအပ်နေတဲ့ အသိသာအထင်ရှားဆုံးလည်းဖြစ်တဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ကိုယ်ကဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးပြီဆိုရင် ကိုယ့်လက်တွဲဖော်ကို ကိုယ့်အချစ်တွေဖော်ပြပါ၊ ပြီးတော့စိတ်ကူးယဉ်ဆန်ဆန်ချိန်းတွေ့ဖို့တိုက်တွန်းပါ။ ကိုယ့်ခံစားချက်တွေကို သူသိအောင်ပြောပြပြီး သူ့ခံစားချက်တွေကိုလည်း ကိုယ့်ကိုပြောပြဖို့ လှုံဆော်ပေးပါ။ ကိုယ့်အချစ်တွေကိုဖော်ပြတဲ့ အပြုအမူလေးတွေက ကိုယ့်လက်တွဲဖော်ကို ပျော်ရွှင်ကျေနပ်စေနိုင်ပါတယ်။

အမျိုးသားတွေ ဘယ်တော့မှထုတ်မပြောတဲ့ သူတို့ဆန္ဒတွေရှိပါသေးသလား။ အမျိုးသမီးတွေအတွက် ကိုယ်ပိုင်အတွေ့အကြုံလေးတွေမျှဝေချင်တာရှိရင် ကျေးဇူးပြုပြီး comment section ကနေမျှဝေပေးနိုင်ပါတယ်။