သင်၏ ဘဝလက်တွဲဖော်ထံမှ အတုယူဖွယ်ရာအကျင့် (၅)ခု

blank

[pull_quote_center]အမျိုးသမီးတွေကတခါတရံ အရာရာတိုင်းမှာ အမျိုးသားတွေထက် ပိုသိတယ်၊ ပိုတတ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေဆီကနေ သင်ယူရမယ့် အချက်တွေ ရှိနေပါတယ်။ ကျွန်မတို့တွေ ကိုယ့်ချစ်သူကို တခါတရံမှာ သူတို့လုပ်လေ့လုပ်ထမရှိတဲ့ အရာတွေ (ဥပမာသန့်ရှင်းရေး လုပ်တာမျိုးပေါ့) ကိုဆရာလုပ်ပြီး သင်ပေးတတ်ကြတယ်လေ။ အခုတော့ နေရာချင်းတစ်ခါလောက် လဲကြည့်ပြီး အမျိုးသားတွေဆီကနေ သင်ယူစရာအချို့ကို လေ့လာကြည့်လိုက်ရအောင်[/pull_quote_center]

၁။ ပွင့်ပွင့်လင်းလင်းပြောဆိုပါ။

အမျိုးသမီးအများစုဟာ သူတို့နဲ့ အနီးစပ်ဆုံး ချစ်သူ၊ ရည်းစား လင်ယောက်ျားနဲ့ သူငယ်ချင်းတွေအပေါ် အလိုမကျဖြစ်နေတာမျိုးကို စိတ်ထဲမှာပဲ သိမ်းထားလေ့ရှိကြတယ်။ အမျိုးသားတွေကတော့ ယေဘုယအားဖြင့် ကိစ္စတစ်ခုကို စိတ်ထဲမှာမျိုသိပ်ထားခြင်းမရှိဘဲ ပွင့်လင်းစွာပြောဆိုလေ့ရှိကြတယ်။

ပွင့်လင်းစွာ ကိုယ်ပိုင်ခံစားချက်ကိုပြောဆိုနိုင်ခြင်းက စိတ်ကိုပေါ့ပါးစေပါတယ်။ စကားလွန်သွားမလားဆိုပြီးတွေးတောပူပန်မနေပါနဲ့။ သင်၏ခင်မင်ရင်းနှီးမှုက စစ်မှန်နေမယ်ဆိုရင် ဒီလိုရိုးသားစွာပြောဆိုသောစကားကို တစ်ဖက်လူက လက်ခံပေးမှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်မှားယွင်းခဲ့သည်ရှိသော် Sorry ပြောပြီးတောင်းပန်ဖို့ ဝန်မလေးပါနဲ့။

၂။ တခါတရံအမြင်ကျယ်ကျယ်ထားကြည့်ပါ။

အမျိုးသမီးတွေက ကိစ္စတစ်ခုကို အလွန်အမင်းတွေးတော ပူပန်တတ်ကြတယ်။ ဒီလိုစိတ်ပူစရာ အတွေးတွေထဲက (၇၀) ရာခိုင်နှုန်းက ဘဝမှာ ဘယ်သောအခါမျှလည်း ကြုံတွေ့ရတာမဟုတ်ပါဘူး။ အမျိုးသားတွေကတော့ ကိစ္စတစ်ခုကို အပေါ်စီးကနေ အားလုံးမြင်နိုင်အောင် ကြည့်လေ့ရှိကြတယ်။ စိတ်ပူစရာတွေ၊ အသေးစိတ်ကိစ္စတွေကို မလိုအပ်ဘဲမတွေးမိတော့ စိတ်ပေါ့ပါးနေရတာပေါ့။

၃။ အတင်းအဖျင်းပြောတာတွေ လျှော့ချပါ။

သူတပါးအကြောင်း အတင်းအဖျင်းပြောဆိုရခြင်းကို လူတကာနှစ်သက်ကြပါတယ်။ ဒါကတော့ လူတွေရဲ့သဘောသဘာဝပဲလေ။ အထူးသဖြင့် အမျိုးသမီး အများစုတွေပေါ့။ ဒီထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ ဒီလို အတင်းအဖျင်းပြောဆိုခြင်းက ဘယ်သူမှအကျိုးမရှိပါဘူး။ အချိန်ဖြုန်းတီးမှု သက်သက်ပါပဲ။ ကိလေသာများတယ်၊ စိတ်ဒုက္ခရောက်တယ်။

ကျွန်မတွေ့အကြုံအရ အမျိုးသားသူငယ်ချင်း အများစုဟာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံတဲ့အခါ အနာဂတ်ကိစ္စတွေကို တိုင်ပင်ကြတယ်။ တစ်ဦးနဲ့တစ်ဦး အားပေးစကားတွေဆိုကြတယ်။ ဒါကြောင့် စကားဝိုင်အပြီးမှာ လူတိုင်းလိုလို စိတ်အားထက်သန်မှုကို ခံစားရပါတယ်။ အနာဂတ်မှာ သူတပါးအတင်းအဖျင်း မပြောဆိုမှီ တစ်ကြိမ်တစ်ခေါက် စဉ်းစားပါ။ ကိလေသာပွားမလား၊ စိတ်အားထက်သန်မှုကို ရှာမလား။

၎။ ဒေါသတွေကို မျိုသိပ်မထားပါနဲ့။

ကိုယ့်ချစ်သူက အခါ တစ်ရာတောင်းပန်နေရင်တောင် ဒေါသမီးတွေ အတွင်းမှာတောက်လောင်နေတာကြောင့် ခွင့်မလွှတ်နိုင်ဖြစ်ခဲ့ရတာကို လူတကာကြုံဖူးမှာပါ။ ဒေါသဆိုတာမျိုးက ကောင်းတာဘာမှမပေးပါဘူး။ အမျိုးသားတွေက ဒေါသဖြစ်ရင် ပေါက်ကွဲလိုက်တယ်။  မှားသွားရင်လည်း ပြန်တောင်းပန်ကြတယ်။ နောင်တစ်ခါ ဒေါသထွက်ရင် ကျွန်မတို့လည်း ဒီနည်းလမ်းကို စမ်းသပ်ကြည့်ရအောင်။ စိတ်ပေါ့ပါးမှုကို ရစေမလားမသိဘူးနော်။

၅။ ကိုယ်လိုချင်တာကိုထုတ်ပြောပါ။

လုပ်ငန်းခါင်တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေ ရာထူးတက်သွားတာကို အမျိုးသမီးအများစု သတိထားမိမှာပါ။  တချို့အမျိုးသမီးတွေဟာ အလုပ်လုပ်တဲ့နေရာမှာ တကယ်တော်ကြပေမယ့် အမျိုးသားတွေက အကျိုးခံစားခွင့် ပိုရှိနေကြပါတယ်။ အမျိုးသားတွေက သူတို့လိုချင်တာကို ထုတ်ပြောကြတယ်လေ။ ဒါကြောင့် အမျိုးသမီးတွေလည်း ရာထူးတိုးဖို့၊ လစားတွေးဖို့ ထိုက်တန်တယ်လို့ ယူဆရင် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုပါ။ အချိန်ကောင်း အခါကောင်းကိုစောင့်ပြီး အလုပ်ရှင် စိတ်ကြည့်လင်နေတဲ့အချိန်ကို ရွေးချယ်ပြောဖို့တော့ မမေ့ပါနဲ့။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။