အိမ်ထောင်ပြုခြင်း နှင့် ပတ်သက်နေတဲ့ ကျန်းမာရေးဆိုင်ရာရလဒ်ကောင်းများ

blank

[pull_quote_left]ဒီအချက်ကိုသတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးပျော်ရွှင်လန်းဆန်းနေတဲ့ လူတွေမရေမတွက်နိုင်အောင် များပြားတာကိုတွေ့ရပါတယ်။ အခုဖော်ပြပေးမှာကတော့ အိမ်ထောင်ပြုခြင်း၏ မမျှော်လင့်ထားတဲ့ ကျန်းမာရေးဆိုင်ရာရလဒ်ကောင်းတွေ ဖြစ်ပါတယ်။ [/pull_quote_left]

၁။ အသက်ရှည်ခြင်း

အဆင်ပြေနေတဲ့ အိမ်ထောင်ရေးတစ်ခုသို့မဟုတ် ရေရှည်လက်တွဲလာကြတဲ့ relationship တစ်ခုမှ လူတွေဟာတစ်ကိုယ်တည်းနေသူတွေထက် သက်လတ်ပိုင်းမှာသေဆုံးခြင်းထက်ဝက်နည်းပါးပါတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒီလိုသေဆုံးခြင်းတွေမှာလူမှုရေး၊ စီးပွားရေးပြဿနာတွေ ပါဝင်သလိုကျန်းမာရေးပြဿနာတွေလည်းပါဝင်ပါတယ်။လက်တွဲဖော်တစ်ယောက်ရှိထားခြင်းကစိတ်ပိုင်းဆိုင်ရာအားအင်ရှိစေသလို၊ လူမှုရေးအရလည်းဆက်နွယ်ပတ်သက်နေတော့ ဒီလှုံ့ဆော်မှုတွေအားလုံးကကျန်းမာရေးကောင်းစေဖို့ တစ်ခုကိုတစ်ခုချိတ်ဆက်နေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ စိတ်ဖိစီးခြင်း level နည်းပါးလာခြင်း

စိတ်ဖိစီးရမယ့် အခြေအနေတစ်ခုမှာစိတ်ဖိစီးစေသည့် ဟော်မုန်းကော်တီစော (stress hormone cortisol) ဟာရေရှည် relationship ရှိသောလူတွေမှာထက် တစ်ကိုယ်တည်းနေသူတွေမှာကပိုပြီးများပြားတယ်လို့ တွေ့ရှိရပါတယ်။စိတ်ဖိစီးခြင်း level မြင့်ခြင်းကအစာခြေပေးသည့် လုပ်ငန်းများအတွက်ကိုယ်ခံအားနည်းပါးစေတဲ့အပြင် အခြားပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။အိမ်ထောင်ရေးတိုင်းကတော့ အဆင်ပြေတာရှိသလိုအဆင်မပြေတာတွေလည်းရှိပါတယ်။ သုသေတနပြုသူတွေကတော့ အိမ်ထောင်ပြုခြင်းကစိတ်ဖိစီးစေသည့် ဟော်မုန်းတွေရဲ့ အာနိသင်ကိုလျှော့နည်းသွားစေတယ်လို့ပြောပါတယ်။ တစ်ကိုယ်တည်းသမားတွေက ပြဿနာတစ်ခုကိုတစ်ယောက်တည်းရင်ဆိုင်နေရချိန်မှာအိမ်ထောင်သည်တွေက နှစ်ယောက်တွဲပြီးအခက်အခဲတွေကိုရင်ဆိုင်နိုင်တယ်လေ။

၃။ အသက်အန္တရာယ်ရှိသော နှလုံးရောဂါဖြစ်နိုင်ချေ နည်းပါးခြင်း

အိမ်ထောင်သည်တွေက တစ်ကိုယ်တည်းသမားတွေထက်ပိုပြီး နှလုံးရောဂါဖြစ်နိုင်ချေ နည်းပါးပါတယ်လို့ တွေ့ရှိရပါတယ်။ သူတို့နှလုံးရောဂါဖြစ်ခဲ့ရင်လည်း ရောဂါအခြေအနေ ကောင်းမွန်တတ်ကြပါတယ်။ အိမ်ထောင်ရေးကြောင့် ဒီလိုအကျိုးရလဒ်ကောင်း ရစေတာဘာကြောင့်လဲဆိုတာ သုသေတနပြုသူတွေက မှန်းချက်ထုတ်ခဲ့ပါတယ်။ အိမ်ထောင်သည်တွေက များပြားသောမိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ကိုယ့်အိမ်ထောင်ဖက်ဆီကနေ အဆက်မပြတ်အားပေးမှုတွေ ရရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေအပြင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဂရုတစိုက်သိထားနေတဲ့ အိမ်ထောင်ဖက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

၎။ ခွဲစိတ်ခန်းဝင်ပြီးတဲ့အခါ ချောချောမွေ့မွေ့နဲ့ မြန်မြန်ပြန်ကောင်းလာပါတယ်။

အိမ်ထောင်သည်တွေ နှလုံးခွဲစိတ်ပြီးတဲ့အခါ (၃)လပိုပြီးအသက်ရှင်နိုင်မယ့် အခွင့်အရေးဟာတစ်ကိုယ်တည်းသမားတွေမှာထက်ပိုပြီး (၃)ဆပိုများပါတယ်လို့ တွေ့ရှိရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရှိသူတွေမှာစိတ်ပိုင်းဆိုင်ရာတွယ်တာရမယ့်လူတွေရှိနေတာကြောင့် သူတို့အတွက် ပိုကြာကြာအသက်ရှင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်သည်တွေအတွက် ပိုကောင်းတဲ့ ရလဒ်တွေရလာတာပေါ့။

၅။ စိတ်ဓာတ်ကျနိုင်ခြေနည်းပါးခြင်း

ကိုယ်စိတ်ပျက်အားငယ်နေတဲ့အချိန်မှာကိုယ့်ကိုယ်ကိုပြန်ပြီးသတိထားမိဖို့ကမဖြစ်နိုင်ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်ကတော့ ကိုယ့်ခံစားချက်နဲ့ ကိုယ်စိတ်ဓာတ်ကျတဲ့အခါမျိုးတွေကိုသတိထားမိပါတယ်။ သူကကိုယ့်ကိုကောင်းကောင်းနားလည်တာကြောင့် ကိုယ်စိတ်ဓာတ်ကျစေတဲ့ အရာမျိုးတွေမှာကာကွယ်ပေးပါတယ်။

၆။ Dementia ရောဂါဖြစ်နိုင်ချေနည်းပါးပါတယ်။

သက်လတ်ပိုင်းအရွယ်မှာအိမ်ထောင်ဖက်နှင့် အတူတကွနေထိုင်သူတွေဟာဦးနှောက်မှတ်ဥာဏ်များယိုယွင်းပျက်စီးလာမှု (dementia) ရောဂါဖြစ်နိုင်ချေ (၅၀%) နည်းပါးပါတယ်လို့ သိရပါတယ်။ ကွာရှင်းပြီးအိမ်ထောင်ထပ်မပြုသူတွေမှာဆိုရင် ဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်နိုင်ချေ သုံးဆပိုများပါတယ်။ သက်လတ်ပိုင်းမတိုင်ခင်မှာမုဆိုးမဖြစ်နေသူတွေ နောက်အိမ်ထောင်မရှိဘူးဆိုရင် ဆိုးကျိုးကခြောက်ဆထိကိုပိုများလာပါတယ်။ ဒါတွေအားလုံးကဘာကြောင့်လဲဆိုရင် ကိုယ့်ဘေးမှာရှိနေတဲ့ တစ်ဘဝလုံးစာလက်တွဲဖော်ရဲ့ အသိပညာပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာပံ့ပိုးမှုတွေကအသက်ကြီးလာတဲ့အထိထောက်ပံ့ပေးနေလို့ပါပဲ။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။