Toxic Relationship ထဲရောက်နေပြီဆိုတာ ပြတဲ့အချက် (၅)ချက်

blank

Relationship တစ်ခုအစပျိုးပြီဆိုတာနဲ့ ကိုယ်ခံစားရတဲ့ သံသယစိတ်လေးတွေဟာ ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေ၊ ကိုယ့်ချစ်သူအပေါ် ချစ်တဲ့စိတ်တွေ နဲ့ဖုံးလွှမ်းသွားနိုင်ပါတယ်။ အချိန်တွေကြာလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေတဲ့ toxic relationship ထဲရောက်နေတာကြောင့် ချစ်တတ်တဲ့စိတ်တွေကို မှေးမိန်သွားစေနိုင်ပါတယ်။ relationship တစ်ခုဟာ ကိုယ်ထင်ထားသလို အဆင်ပြေနေတာမဟုတ်ဘူးဆိုတာ ပြောပြနိုင်တဲ့ ရိုးရှင်းတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။       ထောက်ခံအားပေးခြင်းတွေ ကင်းမဲ့နေခြင်း

အချိန်အခါတိုင်းလိုလိုမှာ လိုအပ်လာတဲ့အချိန်တိုင်းမှာ ထောက်ခံအားပေးနေဖို့တော့ အမြဲမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်ကူး အိပ်မက်တွေအားလုံးကို ကိုယ့်ချစ်သူက ဝေဖန်ပြီး အားပေးထောက်ခံတာတွေ မပြုလုပ်ပေးဘူးဆိုရင် toxic relationship ဖြစ်နေပြီဆိုတာ ညွှန်ပြပေးပါတယ်။

၂။       အရာရာတိုင်းက သူ့ကိစ္စပဲ ဖြစ်နေတယ်။

ကိုယ့်မှာ ပြဿနာဖြစ်လာတိုင်း သူကကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိဘဲ ကိုယ့်ကို လျစ်လျူရှုထားတယ်၊ အရေးမပါသလို မျက်ကွယ်ပြုထားတာတွေ တွေ့ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       သူနဲ့ ပျော်စရာကိစ္စလေးတွေ မဖန်တီးနိုင်ဘူး။

နေ့စဉ်နေ့တိုင်း စိန်ခေါ်မှုတွေနဲ့ ပြည့်နေတယ်။ သူက အမြဲလိုလို ပြဿနာရှာတတ်တယ်။ သူ့ရဲ့ ဒီလိုအပြုအမူတွေက ကိုယ့်ပျော်ရွှင်ခြင်းတွေကို ထိန်းချုပ်ထားသလိုဖြစ်နေတယ်။

၎။       သူ့အနားမှာနေရတာ အဆင်မပြေဘူး။

ကိုယ့်ခံစားချက်ကို ဖွင့်ပြောဖို့ မဝံ့ရဲဘူး။ သူစိတ်ကျေနပ်ဖို့ ကိုယ်ကဟန်ဆောင်ထားနေရသလို ခံစားရတယ်။

၅။       ပြဿနာဖြစ်လာရင် ဖြေရှင်းရခက်ခဲတယ်။

တစ်ယောက်ကိုတစ်ယောက် နာမည်အော်ခေါ်တာ၊ ပေါက်ကွဲတာ၊ မခေါ်မပြောဘဲနေတာတွေက အဆင်ပြေတဲ့ relationship တစ်ခုမှာ ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ နှစ်ယောက်တူတူရှိတဲ့အချိန် တစ်ယောက်ယောက်ဖြစ်ချင်တာကို ပြောခွင့်မရှိဘူးဆိုရင် ဒီ relationship မှာ တစ်ယောက်ယောက်က ကြိုးကိုင်ထားတယ်ဆိုတာ သေချာပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။