ချစ်သူနှစ်ဦးကြား ဆက်ဆံရေး ပိုပြီးလှပလာအောင် လုပ်ပေးနိုင်မယ့် အချက် (၁၀)ချက်

blank

[pull_quote_center]လှပပျော်ရွှင်တဲ့ relationship တစ်ခုဆိုတာ သူ့ဟာသူဖြစ်လာတာမဟုတ်ပါဘူး။ လုပ်ယူထားရတာပါ။ ဟုတ်ပါတယ်၊ လှပတဲ့ ဆက်ဆံရေးတစ်ခုရဖို့ အချစ်နဲ့ သံယောဇဉ်က လိုအပ်ပါတယ်။ ဒါပေမယ့် သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကလည်း လိုအပ်ပါသေးတယ်။ လှပပျော်ရွှင်တဲ့ relationship တစ်ခုဆိုတာဟာ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝကို အတိုင်အဖောက်ညီပြီး ရှေ့သွားနောက်လိုက်ညီကြတာပေါ့။ တကယ့်ကို နှစ်ကိုယ့်တစ်စိတ်ပါ။[/pull_quote_center] ဒီလိုအခြေအနေမျိုးလေးဆီကို ချဉ်းကပ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ နည်းလမ်းကောင်းတွေကို ဖတ်ကြည့်လိုက်ရအောင်။

၁။       သင့်ရဲ့ယုံကြည်မှုတွေကို ပြသပြီး သစ္စာရှိပါ။

သံသယတွေ၊ မသင်္ကာခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးက ရေရှည်မှာ မတည်တံ့နိုင်ပါဘူး။ ကိုယ့်လက်တွဲဖော်အပေါ် အမြဲတမ်း စောင့်ကြည့်နေရခြင်းက ကိုယ့်ကိုပဲ ပင်ပန်းစေတာပါ။ လိုအပ်တဲ့ ယုံကြည်မှုတော့ ရှိသင့်ပါတယ်။ ဒါမှလည်း နှစ်ယောက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားရှိပြီး တစ်ယောက်ကိုတစ်ယောက် နာကျင်စေတဲ့အပြုအမူတွေ ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။       သင့်အချစ်တွေ၊ သဘောထားပြည့်ဝခြင်းတွေ နဲ့ ကြင်နာတတ်ခြင်းတွေကို နေ့စဉ်ပြသပါ။

လူတော်တော်များများက နေ့စဉ် ကိုယ့်လက်တွဲဖော်ကို ဖော်ပြပေးနိုင်တဲ့ သေးငယ်တဲ့ အကြင်နာတရားတွေရဲ့တန်ဖိုးကို လျှော့တွက်တတ်ကြတယ်။ တကယ်လိုအပ်လာတဲ့အခါ နွေးထွေးစွာ ပွေ့ဖကရုံ၊ ကြင်ကြင်နာနာ ဆက်ဆံရုံနဲ့ လုံလောက်ပါတယ်။ ကိုယ်က ဂရုစိုက်တယ်ဆိုတာကို အားစိုက်ပြီးလုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းတွေ ဖော်ပြတာ၊ သဘောထားကြီးတာ၊ ကြင်နာတတ်တာတွေက ဆက်ဆံရေးကို ခိုင်မြဲတည်တံ့စေနိုင်ပါတယ်။

၃။       နာကျင်ခြင်းတွေကို မေ့ဖျောက်လိုက်ပါ။

အချိန်တွေကြာလာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက် မှားတာတွေရှိပြီး ထိခိုက်နာကျင်စေပါလိမ့်မယ်။ ဒါပေမယ့် ဒီနာကျင်ခြင်းတွေအပေါ်မှာ ခံစားရပ်တန့်မနေပါနဲ့။ တမင်မရည်ရွယ်ဘဲနဲ့လည်း ဖြစ်တတ်ပါတယ်။ အလှပဆုံး ဆက်ဆံရေးတွေတောင် အချိန်တိုင်း ပြီးပြည့်စုံနေတယ်လို့မှ မရှိတာ။ ခွင့်လွှတ်ရမယ်၊ မေ့ဖျောက်ရမယ်၊ ပြီးတော့ ရှေ့ဆက်ကြရမယ်လေ။

၎။       တစ်ယောက်ထံမှ တစ်ယောက် သင်ခန်းစာတွေ ယူကြပါ။

လက်တွဲဖော်ကို ကြည့်ခြင်းက ကိုယ့်အကြောင်းတွေ ပိုပြီးသင်ယူခွင့်ပေးပါတယ်။ သင့်လက်တွဲဖော် စိတ်မကောင်းဖြစ်အောင် သင်ဘာပြောခဲ့လဲ။ နောက်တစ်ကြိမ်ကျရင် ဒီလိုမဖြစ်အောင် သင်ဘာလုပ်နိုင်မလဲ။ စကားများပြီဆိုရင် သင့်လက်တွဲဖော်အမှားတွေပဲလို့ အမြဲမယူဆပါနဲ့။ ကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီး သုံးသပ်ပါ။ လိုအပ်ခဲ့ရင် တောင်းပန်ဖို့ မတွန့်ဆုတ်ပါနဲ့။ သင့်ဆက်ဆံရေးကို သင့်အတ္တထက်ပိုပြီး တန်ဖိုးထားပါ။

၅။       သာမန်ဘဝတွေမှာ ပျော်ရွှင်စွာနေထိုင်ပါ။

လှပပျော်ရွှင်တဲ့ relationship တစ်ခုမှာ ချစ်သူနှစ်ဦးလုံး အေးအတူပူအမျှ မျှဝေခံစားကြတယ်။ ပျင်းစရာအကောင်းဆုံး သာမန်ဘဝလေးတစ်ခုမှာတောင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။ ပျော်စရာကောင်းခြင်း၊ ပျင်းစရာကောင်းခြင်းတွေဆိုတာ အမှန်တကယ် ကိုယ်ကလုပ်ယူတာပဲဖြစ်ပါတယ်။

၆။       ကိုယ့်လက်တွဲဖော်ကို ပုံသွင်းဖို့ မကြိုးစားပါနဲ့။

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုတာက သူဘယ်လိုလူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လက်ခံပြီး ချစ်ခြင်းမျိုးပါ။ လူတစ်ယောက်ရဲ့ အမှားလေးတွေကို သူ့ကောင်းတဲ့အချက်လေးတွေချစ်သလို ချစ်လိုက်တဲ့အခါ ထိုသူကိုအလုံးစုံချစ်တတ်သွားပါတယ်။

၇။       ကိုယ့်ကိုယ်ကို မမေ့ပါနဲ့။

ကိုယ်လုပ်နိုင်တာ၊ ကိုယ်လုပ်သင့်တာတွေကို မှတ်ထားပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ စိတ်ဝင်စားတဲ့ ဝါဒနာတွေကို ဆက်လက်လိုက်စားပါ။ တခါတရံမှာ သင်စိတ်ပါဝင်စားတဲ့ ဝါဒနာတွေက တစ်ယောက်ကို တစ်ယောက် အသုံးဝင် အကျိုးရှိစေပါတယ်။ လူတကာသိတဲ့ အကြောင်းအရာလေးဖြစ်ပေမယ့် ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အဘိုးက ဥယျာဉ်စိုက်ပျိုးပြီး အဘွားက ပန်းလေးတွေပြင်ဆင်မွမ်းမံတာမျိုးပေါ့။ ဒါက သူတို့မတူညီတဲ့ ဝါဒနာတွေက ပေါင်းစပ်လိုက်တဲ့အခါ ဖြစ်ပေါ်လာသော လှပတဲ့ သရုပ်ဖော်မှုလေးပါပဲ။

၈။       ကိုယ်ပြောသလောက် ပြန်နားထောင်ပါ။

ဘုရားက သင့်ကို နားနှစ်ဘက် ပေးပြီး ပြောစရာ ပါးစပ်တစ်ပေါက်ပဲ ပေးခဲ့တာပါ။ ကိုယ့်လက်တွဲဖော်ပြောတာကို နားထောင်ပါ။ စဉ်းစားနားလည်ပါ။ ဒါမှလည်း နှစ်ယောက်လုံးက ဘာလိုအပ်လဲ၊ ဘာလိုချင်လဲဆိုတာကို သင်သိရှိနိုင်မှာပါ။

၉။     မယုံနိုင်လောက်အောင် ထူးခြားကောင်းမွန်တဲ့အရာတစ်ခုကို မကြာမကြာပြုလုပ်ပေးပါ။

လူတိုင်းက ကောင်းမွန်ပြီး သာယာတဲ့ အံ့အားသင့်ခြင်းမျိုးကို ကြိုက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ပြသဖို့အကောင်းဆုံး နည်းလမ်းပါ။ ဒါကြောင့် ကိုယ့်လက်တွဲဖော် မမျှော်လင့်ထားတဲ့ အရာတွေကို မကြာမကြာ လုပ်ပေးကြပါ။

၁၀။     အဖွဲ့တစ်ဖွဲ့လို စုစုစည်းစည်း အလုပ်လုပ်ကြပါ။

ဘောလုံးပွဲတစ်ပွဲမှာ ဂိုးသမားနဲ့ ဘောလုံးကန်တဲ့လူလိုပေါ့။ အပေးအယူမျှမျှ တူတူမကန်ကြဘူးဆိုရင် နိုင်ဖို့အခွင့်အရေး နည်းပါးမှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ လှပပျော်ရွှင်တဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုရင် နှစ်ယောက်လုံးမှာ ကိုယ်စီရည်မှန်းချက်တွေရှိကြမယ်။ ဒါပေမယ့် အဖွဲ့တစ်ဖွဲ့လို တူတူအလုပ်လုပ်ကြမယ်ဆိုရင် လှပတဲ့ relationship တစ်ခု ဖန်တီးနိုင်မှာပါ။

သင်တို့မှာလည်း ချစ်သူနှစ်ဦးကြားဆက်ဆံရေးတစ်ခုကို ပိုပြီးလှပလာအောင် ဘယ်လိုပြုလုပ်ရလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွရှိပါသလား။ အောက်ဖော်ပြပါ Comment section လေးကနေတဆင့် လွတ်လွတ်လပ်လပ် မျှဝေပေးပါဦး။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။