လမ်းခွဲခြင်းကို ဘယ်လိုရင်ဆိုင် ကျော်လွှားရမလဲ

blank

[quote_box_center]ကျွန်မတို့ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့အကောင်းဆုံးအချိန်ပဲလို့ ပြောလို့ရပါတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်သွားတဲ့အခါ ကိုယ်ဘာလိုချင်လဲ၊ ဘ၀မှာဘာတွေ ဖြစ်ချင်လဲဆိုတာတွေ စဉ်းစားနိုင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ [/quote_box_center]

အသည်းကွဲပြီဆိုရင် ကမ္ဘာကြီးပြိုလဲသွားသလိုပါပဲ။ ဒါပေမယ့် ခံစားချက်အသစ်တွေ စိတ်ကူးသစ်တွေအတွက် တံခါးလေးတစ်ချက်ကိုလည်း တပြိုင်တည်းဖွင့်ပေးလိုက်ပါတယ်။ ပိုပြီးခံနိုင်ရည်ရှိပြီး ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ချစ်သူနှစ်ယောက်ကြား ပြေလည်နေတဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုထဲမှာပဲ နှစ်မြှုပ်နေတာဟာ အလွန်ကြောက်စရာကောင်းပါတယ်။ စဉ်းစားကြည့်ပါ ခူကောင်လေးတွေက သူတို့အိမ်ထဲကထွက်မလာဘူးဆိုရင် ဘာဖြစ်သွားမလဲ။ အတောင်လေးတွေနဲ့ လှပတဲ့  လိပ်ပြာလေးတွေဆိုတာ ဖြစ်မလာတော့ပါဘူး။ ကျွန်မတို့လည်းတူတူပါပဲ၊ ကိုယ်သိပ်ကြိုက်တဲ့ ဂါဝန်လှလှလေးရှိပေမယ့် မ၀တ်ရဘူးလေ၊ ဟုတ်တယ်မို့လား။ ဒါကြောင့်ကျွန်မတို့အနေနဲ့ ကိုယ်နဲ့မကိုက်ညီတဲ့ လူတစ်ယောက်နဲ့ပဲ ကိုယ့်ဘ၀ကို နှစ်မြှုပ်မထားသင့်ပါဘူး။

ဘာပဲဖြစ်ဖြစ် လမ်းခွဲကြပြီဆိုမှတော့ စိတ်ညစ်မနေကြပဲ အနားပေးပြီး ရှေ့ဆက်ရမယ့် ဘ၀အသစ်တွေအတွက် ရင်ခုန်စောင့်မျှော်ကြပါ။ ကျွန်မတို့ဖော်ပြပေးမယ့် နည်းလမ်း ၇ခုကလည်း လမ်းခွဲခြင်းကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့ အကောင်းမြင်ပျော်ရွှင်နိုင်ဖို့ ကူညီပေးမှာပါ။

၁။       လမ်းခွဲခြင်းက သင့်ကိုရင့်ကျက်တဲ့သူ တစ်ယောက်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်

လမ်းခွဲခြင်းက ခံစားရခက်ခဲပါတယ်၊ ဒီအခက်အခဲတွေကလည်း သင့်ကို ပိုပြီးရင့်ကျက်စေတာပါ။ ဘ၀မှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ရပါတယ်။ စိတ်ညစ်စရာတွေ၊ ကိုယ်ချစ်ခင်ရတဲ့သူ သေဆုံးသွားတဲ့အခါတွေ၊ သစ္စာဖောက်ခံရတာတွေ အများကြီးကြုံရပါတယ်။ ဒီလိုပြဿနာတွေကနေ ကိုယ်ကသင်ခန်းစာတွေ ရရှိပြီး ပိုရင့်ကျက်တဲ့သူအဖြစ် ရုန်းကန်ရှင်သန်ကြရတာပါ။

၂။       စိတ်အလိုမကျတာတွေကို လမ်းလွှဲလိုက်ပါ။

ကိုယ့်ရဲ့ဒေါသတွေ စိတ်အလိုမကျတာတွေကို စုပုံပြီး ကောင်းသောထွက်ပေါက်တစ်ခုရှာပြီး အသုံးချလိုက်ပါ။ အားကစားတစ်ခုလိုက်စားလိုက်တာတို့၊ စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်တာ၊ စိတ်လွတ်ကိုယ်လွတ်အပြေးလေ့ကျင့်တာ၊ ဘာသာစကားတစ်ခုသင်ယူတာစတာတွေကို ပြုလုပ်ပြီး ကိုယ့်နှလုံးသားအတွက် လေ့ကျင့်ခန်းလုပ်ပေးလိုက်ပါ။

၃။       ၀မ်းနည်းကြေကွဲဖို့ အချိန်ခဏပေးပါ။

စာရေးဆရာ ဂျွန်ဂရင်း(John Green) ပြောခဲ့သလိုပါပဲ။ “နာကျင်ခြင်းတွေက ခံစားဖို့ပါပဲ”တဲ့။ လူတွေရဲ့သဘာဝကိုက စိတ်ညစ်စရာတွေကို ပိုပြီးခံစားတတ်ကြပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး အပြစ်မတင်ပါနဲ့။ ငိုချင်ရင် ငိုချလိုက်ပါ။ ဖွင့်ပြောလိုက်ပါ၊ ရေးချပါ၊ လမ်းခွဲပြီးတော့ ကိုယ့်ရဲ့ဘ၀မှာ ဘာတွေပိုပြီး ကောင်းကျိုးရှိလာလဲဆိုတာ သိသာလာအောင်လုပ်ပေးပါ။

၎။       လမ်းခွဲခြင်းက လွတ်လပ်ခြင်းပါပဲ

လမ်းခွဲခြင်းက ကိုယ်လုပ်ချင်တာတွေအားလုံးကို လုပ်ခွင့်ရသွားပါတယ်။ ကိုယ်ဖြစ်တာတွေကို ဘယ်သူနဲ့မှတိုင်ပင်စရာမလိုတော့ပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်ပါပြီ။ ကိုယ့်လုပ်ချင်တာတွေကိုသာ အားလုံးအစီအစဉ်ဆွဲပြီး တစ်ခုပြီးတစ်ခုလုပ်သွားလိုက်ပါ။

၅။       ကိုယ့်ကိုယ်ကိုချစ်ပါ…ကိုယ့်ကိုယ်ကိုဦးစားပေးပါ

ပြီးခဲ့တာတွေအတွက် စဉ်းစားပြီး ငါဒီလိုလုပ်ခဲ့သင့်တာ၊ ငါဒီလိုမတွေးခဲ့နိုင်တာ စသဖြင့် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကိုယ့်အတွက် ပျော်စရာလေးတွေ ဖန်တီးပေးပြီး ပျော်ပျော်နေပေးပါ။ အင်အားဖြစ်စေမယ့် အစားအစာတွေ၊ အသီးတွေများများစားပေးပါ။ စိတ်ဖိစီးမှုတွေက ဝေးအောင် သင့်တင့်မျှတတဲ့ အစားအစာတွေကိုစားသုံးပေးပါ။

၆။       သူတစ်ပါးကို ကူညီပါ

ကိုယ်က တစ်ယောက်ယောက်အတွက် ကောင်းတာတစ်ခုခုလုပ်ပေးလိုက်ခြင်းက စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။ အကူအညီပေးခြင်းက ကြေကွဲခဲ့ရတဲ့ ချစ်ခြင်းတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။ သူတစ်ပါးအကူအညီဖြစ်စေမယ့် အရာတစ်ခုကို ပြုလုပ်ပေးပြီး ကိုယ့်ရဲ့ချစ်တတ်တဲ့ နှလုံးသားကို ပြန်လည်လမ်းဖွင့်ပေးပါ။

၇။       ပြီးဆုံးသွားတာမဟုတ်ပါဘူး အခုမှစမှာပါ

စာအုပ်တစ်အုပ်မှာ အခန်းတစ်ခုပြီးသွားတယ်ဆိုတာ ဇာတ်လမ်းပြီးသွားတာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ကိုလည်း အခန်းလေးတွေအဖြစ် အကောင်းမြင်လိုက်ပါ။ အခုတွေ့ကြုံနေရတာ သင့်ဘဝစာအုပ်၏ အခန်းတစ်ခုဖြစ်မယ်ဆိုရင်၊ ရင်ခုန်စရာကောင်းတဲ့ အခန်းသစ်က စောင့်ကြိုနေပါပြီ။ပရိသတ်ကြီးဆီမှာလည်း လမ်းခွဲခြင်းအတွက် ဖြေဆေးလေးတွေရှိရင် comment box ကနေတဆင့် မျှဝေဖို့ မမေ့နဲ့ဦးနော်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။