ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်ကို ချစ်မိရင် ဒါတွေမလုပ်ပါနဲ့။

blank
၁။ သူမကို ပြောင်းလဲဖို့မကြိုးစားပါနဲ့။

သင့်အနေနဲ့ သူမကိုပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် သူမကသင့်ကို စွန့်ခွာသွားပြီး ကိုယ်ပိုင်ဘဝတစ်ခုကို တည်ဆောက်မှာ အသေအချာပါပဲ။ သူမကို အရှိအတိုင်းလက်ခံပေးပါ။ သူ့နည်းသူ့ဟန်နဲ့ တိုးတက်အောင် ကြိုးစားနေတာကို အားပေးပါ။ ဒီလိုအားပေးရင်းကနေ သင့်ဘဝအတွက်တောင် အတုယူမှတ်သားစရာတွေ တွေ့ချင်တွေ့လာမှာပါ။

၂။ သူမရဲ့ ဝါသနာတွေကို အပေါ်ယံမကြည့်ပါနဲ့။

သူမဘာတွေကို စိတ်ဝင်စားတယ်၊ သူမ ဘာတွေလုပ်နေတယ်၊ သူမရဲ့အတွေးတွေ ဘယ်လိုရှိတယ်ဆိုတာကို စိတ်ဝင်စားကြောင်း ပြသပါ။ ဒီလို ထဲထဲဝင်ဝင် သိထားတာက အချစ်ရေးအတွက် ပိုပြီး အဆင်ပြေစေပါတယ်။

၃။ လျှို့ဝှက်ချက်တွေ မထားပါနဲ့။

ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်တဲ့ ခပ်ထက်ထက်မိန်းမတစ်ယောက်အတွက်ကတော့ ချစ်သူထားတယ်ဆိုတာ ကမ္ဘာသစ်တစ်ခု တည်ဆောက်သလိုပါပဲ။ ဒါကြောင့် ဘာကိုမှ လျှို့ဝှက်မထားပါနဲ့။ စိတ်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ၊ ကောင်းကွက်ဆိုးကွက်တွေ အားလုံးကို ပြောပြထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သူမကို အထင်မလွဲပါနဲ့။

ခပ်ထက်ထက်မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့ အပြုအမူတွေက နားလည်ရ ခက်ကောင်းခက်လိမ့်မယ်။ ညနေခင်းတွေမှာ တစ်ယောက်တည်းထိုင်ငေးနေတတ်တာ၊ ကမ်းခြေကိုလာပြီး စာဖတ်နေတတ်တာတွေဟာ စိတ်မပါတဲ့ သဘောမျိုးမဟုတ်ပါဘူး။ သူမရဲ့ စိတ်နဲ့ဦးနှောက်အတွက် အားဖြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။

၅။ သူမကို တွန်းအားမပေးပါနဲ့။

သင့်ကို လက်တွဲဖော်အဖြစ်ရွေးချယ်ထားတယ်ဆိုတာ သင့်အရည်အချင်းတွေကို အသိအမှတ်ပြုပြီး အနာဂတ်ကို မျှော်မှန်းထားလို့ပါ။ ပြီးတော့ လက်ထက်ဖို့ထိလည်း ရည်ရွယ်ထားပါတယ်။ သူမဘက်ကနေ သူမဖြစ်ချင်တာတွေကို အကောင်အထည်မဖော်နိုင်ခင်မှာ လက်ထပ်ဖို့ ဇွတ်အတင်းတွန်းအားမပေးပါနဲ့။

သင်ကအမှီအခိုကင်းတဲ့ မိန်းမသားဆိုရင် သင့်ချစ်သူသိရအောင် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။