လေနာရှိလို့အမြဲငိုနေတဲ့ကလေးငယ်ကြောင့် စိတ်ညစ်နေတဲ့ဖေဖေမေမေတွေဖတ်ဖို့…

blank

ကလေးအမြဲငိုနေလို့ စိတ်ညစ်နေလား ဖေဖေနဲ့မေမေရေ…။

ပုံမှန်အားဖြင့် ကလေးငယ်တိုင်းကတော့ ငိုကြတာပါပဲ။ ဒါပေမဲ့ လေနာရှိတဲ့ကလေးငယ်တွေ ကတော့ တခြားကလေးတွေထက် ပိုငိုကြပါတယ်။ အစာကျွေးပြီးလည်း ငိုတယ်။ နို့တိုက်ပြီး၊ သေစိုလဲပေးပြီးလည်း ငိုနေတုန်းဆိုတော့ မိဘတွေမှာ ကလေးဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ ဘာလုပ်ပေးရမှန်းမသိအောင်ဖြစ်ကြရပါတယ်။ ကလေးနဲ့ပတ်သက်ပြီး ဘာမှားမိလို့လဲ။ ဘယ်အချိန်မှ အငိုတိတ်မှာလဲဆိုတဲ့မေးခွန်းတွေဟာ လေနာရှိတဲ့ကလေးမိဘတိုင်း အမြဲသိချင်နေကြတဲ့ မေးခွန်းတွေပါ။

  • တစ်ရက်ကို ၃ နာရီကျော်ကြာအောင် ငိုတာ
  • တစ်ပတ်မှာ အနည်းဆုံး ၃ ရက်လောက်ငိုတာ
  • ၃ ပတ်ကျော်ကြာအောင်ငိုတာ

ဆိုတဲ့ငိုချိန်ပမာဏအပေါ် မူတည်ပြီး မိမိတို့ရင်သွေးမှာ လေနာရှိတာကို သိနိုင်ပါတယ်။ ဆရာ ဝန်တွေကတော့ ကလေးတွေရဲ့ ၂ဝ%မှာ လေနာရှိတယ်လို့ ဆိုကြပါတယ်။ အာရုံကြောဆိုင်ရာ နုနယ် သေးတဲ့ကလေးတွေဟာ ဆူညံသံတွေ၊ အလင်းရောင်တွေကိုလည်း မခံနိုင်ကြပါဘူး။ လေနာရှိတဲ့ က လေးတွေကတော့ ပိုဆိုးပါတယ်။ နိုးကြားလွယ်ပြီး ဆတ်ဆတ်ထိမခံကြပါဘူး။ အစာချေစနစ်အားနည်း ကြပါတယ်။ ကလေးအများစုက ၃ လ၊ ၄ လသားအရွယ်တွေမှာ လေနာ ပိုကြီးထွားလာတတ်ပါတယ်။

ဒါဆို ကလေးမှာ လေနာဖြစ်နေပြီဆိုရင် ဘာလုပ်ပေးလို့ရသလဲ။

ကလေးက ဆတ်ဆတ်ထိမခံအောင် နိုးကြားနေတတ်သူဆိုရင်တော့ မိဘတွေအနေနဲ့ ဆူညံသံ တွေမဖြစ်အောင် သတိပြုသင့်ပါတယ်။ နောက်တစ်ခုက ကလေးလေနာရောဂါဖြစ်တဲ့အခါ မိဘနဲ့ကလေးကြားက ပေါင်းသင်းဆက်ဆံရေးကို တစ်နည်းတစ်ဖုံထိခိုက်လာစေပါတယ်။ ကလေးနဲ့ပတ်သက်ပြီး မိခင်အနေနဲ့ တစ်ခုခုအပြစ်ရှိသလို ခံစားရတာမျိုး၊ ကလေးအပေါ် ဒေါသထွက်မိတာမျိုးကနေ စိတ် ကျရောဂါမျိုးအထိ ခံစားရတတ်ပါတယ်။ ဒါကြောင့် လေ နာရှိတဲ့ကလေးရဲ့မိဘတွေအနေနဲ့ ဒါဟာ အမြဲတမ်းကြုံတွေ့သွားရမယ့်အရာမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ကလေးအပေါ် ပိုမိုလုံခြုံနွေးထွေးမှုပေးခြင်းဖြင့် မိဘနဲ့သားသမီးကြား ခိုင်မြဲတဲ့ဆက်ဆံရေးတည်ဆောက်သင့်ပါတယ်။

စာချစ်သူမိဘများရဲ့ရင်သွေးလေးတွေကျန်းမာရေးအတွက် ဗဟုသုတရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။