ဇနီးသည်ရဲ့အလှဆုံးအပြုံးတွေကိုမြင်ရဖို့ ဒီလိုလေးတွေလုပ်ပေးလိုက်ပါ

blank

 အိမ်ထောင်သည်အမျိုးသားတို့ရေ…

ပူဖောင်းတွေ၊ နှင်းဆီပန်းတွေ၊ တန်ဖိုးကြီးလက်ဆောင်တွေ၊ အစားအသောက်ကောင်းတွေမပါဘဲ ဇနီးသည်ကို ရင်ခုန်ပျော်ရွှင်သွားအောင် လုပ်ပေးနိုင်မယ့် အပြုအမူလေးတွေလည်း ရှိနေပါတယ်။ ပြောရရင်တော့ ဇနီးသည်တွေအတွက် လုပ်ဆောင်ပေးသင့်တဲ့ ရိုမန်တစ်မဆန်ပေမဲ့ ပီတိဖြာစေနိုင်တဲ့အပြုအမူလေးတွေပေါ့။

၁။ ရှင်တို့ဇနီးသည်တွေ TV ကြည့်နေရင်း၊ facebook သုံးနေရင်း ရုံတင်နေတဲ့ရုပ်ရှင်ကားကြီးရဲ့ ထွေလာပြတာကို ကြည့်ပြီး “မောင်ရေ… ဒီကားလေး ကောင်းမယ့်ပုံပဲ၊ ကြည့်ကြည့်ပါဦး၊ ချစ် ကြည့်ချင်လိုက်တာ” ဆိုပြီး ပြောလာရင် စိတ်မဝင်စားတဲ့ပုံမပြပါနဲ့။ “အင်း သွားကြည့်ကြတာပေါ့” ဆိုပြီးတော့လည်းမပြောပါနဲ့။

ရှင်တို့ဘက်က ဘာလုပ်ရမှာလည်းဆိုတော့ အဲဒီလိုကြားတာနဲ့ ရုပ်ရှင်ရုံကို ချက်ချင်းဖုန်းဆက်ပြီး လက်မှတ်သာမှာထားလိုက်ပါတော့။ ကြိုက်ကြိုက်မကြိုက်ကြည့်ဖို့ ပြင်ထားပါ။ ပြီးတော့မှ သူမကို ကြိုတင်အသိမပေးဘဲ ရုပ်ရှင်ရုံကို ခေါ်သွားလိုက်ပါ။ သူမပျော်သွားမှာ အသေအချာပေါ့။

၂။ ဇနီးသည်ဘာကြိုက်တတ်လဲဆိုတာ မှတ်ထားပါ။ ပြီးရင် အချိန်ပေးပြီး သူစားချင်တာလေးတွေကို ဝယ်ပြီး သူမရုံးကို သွားပို့ပေးလိုက်ပါ။ သူ့ရဲ့အကြိုက်တွေသိလို့ အံ့သြဝမ်းသာသွားမယ့်အပြင် ရုံးမှာလည်း အားကျတဲ့အကြည့်နဲ့ ကြည့်ခံရတာပေါ့။ အိမ်ထောင်ရှင်အမျိုးသမီးတွေကြားမှာ ကြွားလို့အကောင်းဆုံးက ကိုယ့်ခင်ပွန်းကကိုယ့်ကို ဘယ်လိုဂရုစိုက်တယ်ဆိုတဲ့အကြောင်းပါပဲ။

၃။ ဇနီးသည်ညောင်းညာပင်ပန်းနေပြီဆိုရင် Spa ကို ခေါ်သွားပြီး အတူတူ therapy လုပ်ပါ။ သူလည်းအညောင်းပြေ၊ ကိုယ်လည်း ပင်ပန်းနေတာတွေပြေပျောက်ပြီး ဇနီးသည်က ရှင်တို့ကို အလိုက်သိတယ်ဆိုပြီး ပိုချစ်လာမှာပါ။

၎။ ဇနီးသည်ရဲ့ မေမေ၊ ရှင့်ရဲ့ချစ်ယောက္ခမကြီးကိုခေါ်ပြီး အပြင်လိုက်ပို့တာ၊ ဈေးဝယ်လိုက်ပို့တာ၊ ညစာလိုက်ကျွေးတာမျိုးလုပ်ပါ။ ယောက္ခမဆီကရော၊ မိန်းမဆီကပါ အမှတ်တွေပိုရမှာပါ။ ယောက္ခမကြီးရှိနေလို့ ရိုမန်တစ်မဆန်ဘူးလို့ထင်ရပေမဲ့ ကျေနပ်နေတဲ့ ချစ်ဇနီးရဲ့ အပြုံးလေးတွေကို မြင်ရမှာပါ။

၅။ ဇနီးသည်ရဲ့ အိမ်အလုပ်လေးတွေကို သူမအကူအညီမတောင်းခင်မှာ အလိုက်တသိနဲ့ ကူညီလုပ်ကိုင်ပေးပါ။ အဲဒီလို အလုပ်တွေကို ကူညီလုပ်ကိုင်ပေးချင်းက နှင်းဆီပန်းတွေ၊ ချောကလက်တွေထက် ပိုသာတဲ့လက်ဆောင်တစ်ခုပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မိန်းမသားတွေတိုင်း တစ်လမှာ ၄ရက်လောက်တော့ နာကျင်မှုဝေဒနာ၊ စိတ်မတည်ငြိမ်တဲ့ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။ ဇနီးသည်ရဲ့ အနီရောင်နေ့ရက်တွေမှာ သူ့ကို အစားအသောက်တွေစီစဉ်ပေးတာ၊ စိတ်ချမ်းသာအောင်ထားတာ၊ နေသာထိုင်သာရှိအောင် စီစဉ်ပေးတာတွေ လုပ်ပေးပါ။ ရိုမန်တစ်မဆန်ပေမဲ့ ဇနီးသည်က တကယ့်ကိုကျေးဇူးတင်နေမှာပါ။

၇။ ဇနီးသည်က ရှင့်အကြိုက်အစားအစာတွေကို မကြာခဏချက်ကျွေးနေတယ်ဆိုရင် ဇနီးသည်ကြိုက်တဲ့အစားအစာလေးတွေ လုပ်ကျွေးဖို့ရော မစဉ်းစားမိဘူးလား။ အင်တာနက်ခေတ်မှာ ချက်နည်းပြုတ်နည်းတွေ ရှာရလွယ်ပါတယ်။ ဇနီးသည်နိုးလာတဲ့အချိန်မှာ သူကြိုက်တဲ့မနက်စာလေးကို အသင့်ပြင်ပေးထားတာမြင်ရင် သူမရဲ့ အပျော်တွေဘယ်လောက်တောင် မြင့်တက်သွားမလဲ စဉ်းစားကြည့်ပါ။ ဒါကြောင့် အမြဲတမ်းမဟုတ်တောင် အားလပ်ရက်လေးမှာ ဇနီးသည်စားချင်တာလေးတွေ ချက်ကျွေးနိုင်ဖို့ ကြိုးစားပါ။

ချစ်ရသူကို ဒီစာစောင်လေးဖတ်ခိုင်းဖို့ mention ခေါ်လိုက်ဦးနော်။