ဖေဖေမေမေတို့ဖတ်ထားသင့်တဲ့ screen time ရဲ့အန္တရာယ်အကြောင်း သိကောင်းစရာ

blank

ဖေဖေမေမေတို့ရေ…

မိမိတို့ရင်သွေးတွေကို ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ အရွယ်ရောက်ကြီးပြင်းစေချင်တာ မိဘတိုင်းရဲ့ဆန္ဒဖြစ်မှာပါနော်။ ဒီလိုဆိုရင်တော့ ကလေးတွေနဲ့ပတ်သက်ပြီး သတိထားပေးသင့်တဲ့ အရာတွေထဲမှာ Screen time လို့ခေါ်တဲ့ တီဗွီ၊ ကွန်ပျူတာ၊ ဂိမ်း၊ ဖုန်း၊ လက်တော့ပ်အသုံးပြုချိန်တွေ လည်း ပါနေပါပြီ။ ယေဘုယျအားဖြင့် Screen time ကို…

၁။ ဂိမ်း၊ ချက်တင်တွေအတွက် ဆက်သွယ်ရေးကြားခံအဖြစ် အသုံးပြုခြင်း

၂။ ဇာတ်လမ်းတွေ၊ တီဗွီအစီအစဉ်တွေ၊ YouTube ဗွီဒီယိုတွေကြည့်ဖို့ ဖျော်ဖြေရေးအနေနဲ့ သုံးခြင်း

၃။ ပညာရေးအတွက်သုံးခြင်း

၎။ ရည်ရွယ်ချက်မရှိဘဲ အပျင်းပြေသုံးခြင်း

စတဲ့ အကြောင်းရင်းတွေနဲ့ လူတွေအသုံးပြုကြပါတယ်။ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ နည်း ပညာခေတ်ကြီးမှာ ကလေးတွေကို နည်းပညာနဲ့ထိတွေ့စေတာ ကောင်းတယ်ဆိုပေမဲ့ တန်ဆေးလွန် ဘေးဆိုသလို မှန်ကန်စွာအသုံးမပြုရင် အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် အန္တရာယ် ရှိပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Screen time အတွက် အချိန်ပေးပါ များလွန်းရင် ကလေး တွေရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လုံခြုံမှုနဲ့ တခြားသောအန္တရာယ်တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • စကရင်ကို အချိန်ကြာမြင့်စွာစိုက်ကြည့်ပါများလာရင် မျက်စိနာတာ၊ မျက်စိကျိန်းတာ၊ မျက်ခမ်း ခြောက်တာ၊ ခေါင်းကိုက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ပေါ်စေပါတယ်။
  • ဖုန်းကို ခေါင်းငုံ့ပြီးကြည့်ခြင်းက ကလေးရဲ့လည်ပင်းနဲ့ ကျောရိုးကို မသက်မသာ ဖြစ်စေပါတယ်။
  • စကရင်တွေရှေ့မှာပဲ အချိန်ဖြုန်းနေခြင်းက ဖျတ်လတ်တက်ကြွမှုတွေလျော့နည်းပြီး အဝလွန် မှုဆီ ဦးတည်သွားစေပါတယ်။

အဲ့ဒီအန္တရာယ်တွေကနေ ကာကွယ်ဖို့ဆိုရင် ကလေးကို အောက်ပါအမူအကျင့်လေးတွေ မွေးမြူပေးသင့်ပါတယ်။

  • အဝေးက စိမ်းလန်းတဲ့အရာတွေဆီ လှမ်းကြည့်တတ်တဲ့အကျင့်လုပ်ပေးပါ။
  • ဖုန်း၊ ဒါမှမဟုတ် tablet အသုံးပြုတဲ့အခါ လည်ပင်းကို မတ်မတ်ထားခိုင်းပါ။
  • ကြာကြာထိုင်ပြီးတိုင်း မတ်တပ်ရပ်ခိုင်းပါ။ နေရာရွှေ့ခိုင်းပါ။
  • တစ်နေ့တာအချိန်ဇယားထဲမှာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန် ထည့်ထားပေးပါ။

စာစောင်လေးက ဂန္ထဝင်စာချစ်သူဖေဖေမေမေတို့အတွက် အသုံးတည့်လိမ့်မယ်လို့ မျှော်လင့် ပါတယ်ရှင်။ သိမှတ်စရာလေးတွေ မျှဝေဖို့ တခြားသူတွေကိုပါ ပြန် SHARE ပေးလိုက်ပါဦးနော်။