လေ့လာမှုတွေအရခဏခဏငြင်းခုံတဲ့စုံတွဲတွေဟာတစ်ယောက်နဲ့တစ်ယောက် ပိုချစ်ကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သဘောထားကွဲလွဲမှုလေးတွေရှိပေမဲ့ သူတို့ရဲ့အချစ်ဟာစစ်မှန်ပြီးရိုးသားမှုရှိတာကိုသိလို့ပါပဲ။ဒါကြောင့် ငြင်းခုံခြင်းဟာစုံတွဲတွေကြားမှာဘာကြောင့် ကောင်းမွန်စေတယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်နော်။
ငြင်းခုံခြင်းအားဖြင့် ….
၁။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဖြစ်လာစေတယ်။
၂။ သံယောဇဉ်ပိုလာစေတယ်။
၃။ချစ်သူနှစ်ဦးကြားဆက်ဆံရေးကိုပိုမိုလွယ်ကူလာစေတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၎။ ခိုင်မာမြဲမြံတဲ့ အချစ်ရေးတစ်ခုပိုင်ဆိုင်စေတယ်။
၅။ အချစ်တွေကိုပိုမိုခိုင်မာလာစေပါတယ်။
၆။ ပြဿနာတွေကိုမျက်နှာချင်းဆိုင် ရှင်းတတ်လာစေတယ်။
အသေးအဖွဲလေးတွေကို ငြင်းခုံရခြင်းဟာသင်တို့နှစ်ယောက်ရဲ့အချစ်ရေးကိုဆိုးဝါးစေတယ်လို့ ထင်နိုင်စေပေမယ့် တကယ်တော့ အဲ့ဒါဟာမမှန်ကန်ပါဘူး။ ငြင်းခုံခြင်းကပြဿနာတွေပေါ်မှာအာရုံစိုက်စေပြီး ပြဿနာတွေအရမ်းမကြီးလာခင်မှာဖြေရှင်းဖြစ်စေပါတယ်။ ဒါ့ကြောင့်ပဲရန်ခဏခဏဖြစ်တဲ့ စုံတွဲတွေဟာအချိန်တော်တော်ကြာကြာအတူနေထိုင်နိုင်တာပါ။
သင်ကောသင့်ချစ်သူနဲ့ ခဏခဏရန်ဖြစ်တတ်သလား။ ရန်ဖြစ်ပြီးတော့ကောအချင်းချင်းပြန်လည်ညှိယူတတ်လား။ သင့်အချစ်ရေးအတွေ့အကြုံလေးတွေကို comment box မှာ မျှဝေပေးခဲ့ပါဦးနော်။