မှန်ကန်တဲ့လူတစ်ယောက်ကို စောင့်လိုက်ပါ

blank

စာချစ်သူတို့ရေ…

အသည်းကွဲခြင်းကြောင့် ငိုကြွေးပင်ပန်းနေလား။

တကယ်တော့ ဘဝမှာ ဆိုးရွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ သင့်နှလုံးသားက မှားယွင်းစွာ ရွေးချယ်မိလိုက်တဲ့ လူတွေကြောင့်ပါ။ သူတို့ဟာ သင်နဲ့ဝေးရာကို ထွက်ပြေးဖို့ ရည်ရွယ်နေသူတွေပါ။ သူတို့ဟာ သင်နဲ့နီးစပ်ဖို့ ဘယ်တော့မှ စိတ်ကူးမရှိသူတွေပါ။ ဒါပေမဲ့ မှန်ကန်တဲ့လူတွေကတော့ သင်နဲ့ နီးစပ်ဖို့ ကြိုးစားနေကြပါတယ်။

မှန်ကန်တဲ့လူတွေဟာ ဘဝမှာ အဆင်ပြေပါစေ၊ အခက်အခဲတွေ ကြုံရပါစေ အားလုံးကိုကျော်ဖြတ်ပြီး သင့်အနားမှာ ပေါ်လာတတ်ကြပါတယ်။ မှန်ကန်တဲ့လူတွေဟာ အခွင့်အရေးကို အရယူပြီး သင်က သူတို့ကို ရွေးချယ်သလိုပဲ သူတို့ကလည်း သင့်ကို ယုံယုံကြည်ကြည် ရွေးချယ်ကြပါတယ်။ သူတို့နှလုံးသားကို သင့်အပေါ် အပ်နှင်းထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတို့ဘဝကို သင့်အပေါ် လောင်းကြေးထပ်ထားပါတယ်။ သင်ဟာ ခံစားချက်တွေကို မျှဝေပေးတယ်၊ သူတို့အပေါ်မှာလည်း မျှော်လင့်ချက် အပြည့်အဝပေးထားတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဒီလိုမှန်ကန်တဲ့လူတွေကို ရဲရဲဝံ့ဝံ့စောင့်နေလိုက်ပါ။ မပြည့်ဝတဲ့အချစ်တွေကို လက်မခံပါနဲ့။ သင့်နှလုံးသားတန်ဖိုးကို နားမလည်သူအတွက် သင့်ဘဝထဲမှာ နေရာမပေးလိုက်ပါနဲ့။ သင့်လက်ထဲကနေ လူတွေ ထွက်ပြေးနေတယ်ဆိုတာ အချိန်မတန်သေးလို့ပါ။ သင့်ကို အချိန်ပေးချင်စိတ် မရှိကြလို့ပါ။ ဒါ့ကြောင့် အချိန်ကိုက်ရောက်ရှိလာမယ့် မှန်ကန်တဲ့လူတစ်ယောက်ကိုသာ စောင့်နေလိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။