သင့်ချစ်သူနဲ့သင်နဲ့ တစ်ဘဝလုံး လက်တွဲသွားရမှာလား

blank

ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ တွေ့ရင်တော့ သူနဲ့အတူတူဖြတ်သန်းမယ့် အနာဂတ်အကြောင်းကိုတွေးပြီး ပျော်ရွှင်ကြည်နူးကြတာ သဘာဝပါပဲ။ အထူးသဖြင့် တစ်ဦးနဲ့တစ်ဦး စိတ်ချင်းနီးစပ်ပြီး သိပ်ကိုချစ်နေကြတဲ့အချိန်မျိုးမှာပေါ့။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာတစ်ခုက သူကိုယ့်ဘေးမှာ ထာဝရရှိနေနိုင်ပါ့မလားဆိုတာကို မသိနိုင်တာပါပဲ။ လောကကြီးက မမြဲခြင်းတရားတွေနဲ့ ပြည့်နေတာမဟုတ်လား။ ပေါင်းဖက်ဖို့ စိတ်ကူးယဉ်ထားသလို ခွဲခွာဖို့လည်း ကြိုတွေးထားသင့်ပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ့်ချစ်သူက ကိုယ့်ကို တစ်သက်လုံးချစ်သွားမလားဆိုတာကို တချို့လက္ခဏာလေးတွေကြည့်ပြီး သိနိုင်ပါတယ်။

၁။ ကတိကဝတ်တွေထားပြီး စကားတည်တယ်ဆိုရင်

Commitment ဆိုတာ တာဝန်ယူစိတ်ရှိပြီး ကတိသစ္စာတည်ခြင်းတစ်မျိုးပါ။ အပြန်အလှန်ယုံကြည်လေးစားခြင်းလည်း ပါပါတယ်။ သင့်အချစ်ရေးမှာ ဒီအရာတွေပိုင်ဆိုင်ထားတယ်ဆိုရင် သင်တို့အချစ်ရေးက ခိုင်မာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အမှားလုပ်တိုင်း ဝန်ခံတောင်းပန်တယ်ဆိုရင်

        ဒါဟာသင့်ခံစားချက်ကို အလေးထားလို့ပါ။ သူ့ကြောင့် ခံစားရတာမျိုးမဖြစ်အောင် အမှားလုပ်မိတိုင်း တောင်းပန်ပြီး ချော့တယ်ဆိုတာ သင့်ကို တစ်သက်လုံးချစ်မယ့်သူမို့ပါ။

၃။ အသေးအဖွဲလေးကအစ ဂရုစိုက်တတ်တယ်ဆိုရင်

အဲဒီအသေးအဖွဲလေးတွေကပဲ အချစ်မှာ အရေးပါတဲ့အရာတွေပါ။ ဒီလို ဂရုစိုက်ကြင်နာတတ်တဲ့သူဆိုရင် တစ်ဘဝလုံးပေါင်းရဖို့က သေချာသလောက်ပါပဲ။

၎။ အခွင့်အရေးရှိတိုင်း သူ့ရဲ့ တန်ဖိုးထားမှုတွေကို ထုတ်ဖော်ပြသတတ်တယ်ဆိုရင်

ချစ်သူတစ်ယောက်လိုတင်မဟုတ်ပဲ လူသားတစ်ယောက်အဖြစ်ပါ လေးစားတန်ဖိုးထားတယ်၊ အဲဒါကိုလည်း အခွင့်သင့်တိုင်း ထုတ်ဖော်ပြတယ်ဆိုရင် သူက တစ်သက်လုံးအတွက် သင့်ကိုလက်တွဲသွားမယ့်သူပါ။

တခြားဘယ်လို လက္ခဏာမျိုးတွေရှိသေးလဲ။ သင်သိထားတာတွေ မျှဝေခဲ့ပါဦး။ သင့်ချစ်သူကို mention ခေါ်ဖို့ မမေ့နဲ့နော်။