အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ရလာတဲ့ သင်ခန်းစာများ

blank

၁။ ကျွန်မက ထမင်းဟင်းချက်ကျွေးတဲ့အခါလုံးဝ ချေးမများပါနဲ့။ စောဒကမတက်ပါနဲ့။ ကျွန်မမချက်ရင် ရှင်ချက်ရမှာပါ။

၂။ နေ့ရက်တစ်ရက်ကို ဆူပူခြင်း၊ ဗျစ်တောက်တောက်ပြောခြင်းနဲ့ မစတင်ပါနဲ့။ ကျွန်မလည်း မနက်ခင်းတွေမှာ ဆူပူတာမျိုး မလုပ်ပါဘူး။

၃။ ကျွန်မဘက်က ပြိုင်မငြင်းချင်လို့ အလျှော့ပေးလိုက်တဲ့အခါ သဘောတူလက်ခံတယ်လို့ မမှတ်ယူလိုက်ပါနဲ့။

၎။ ရှင် ကျွန်မအပေါ် ထားတဲ့အချစ်တွေကို မကန့်သတ်ပါနဲ့။

၅။ PMS ဝေဒနာ၊ နေမကောင်းတာနဲ့ တခြားကျန်းမာရေးအခြေအနေတွေကြောင့် စိတ်အပြောင်းအလဲများနေချိန်မှာ ကျွန်မကို စိတ်ချမ်းသာအောင်ထားပါ။

၆။ ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်ကြောင်းလေးတွေ မကြာခဏ ပြောကြမယ်။

၇။ ရက်ရောခြင်း၊ စေတနာထားခြင်းက ပျော်ရွှင်မှုရဲ့ သော့ချက်ဖြစ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် စေတနာထားပါ။

၈။ ဖြတ်လမ်းလိုက်ပြီး အလွယ်လုပ်မိတာတွေကို ဝန်ခံပါ။ ကျွန်မလည်း ဝန်ခံမယ်။

၉။ ရန်ဖြစ်တယ်ဆိုတာ မရင့်ကျက်ခြင်းရဲ့ သက်သေတွေပါ။ ရင့်ကျက်လာရင် ရန်ဖြစ်တာတွေလည်းမရှိတော့ဘူး၊ ပိုပြီးတော့လည်း ပျော်ရွှင်လာမယ်။

၁ဝ။ “အချစ်ခံရတယ်” ဆိုတာက “ချစ်တယ်” ဆိုတာထက်ပိုပြီး ဖျော့တော့တယ်။ သူချစ်နဲ့ ကိုယ်ချစ် မတူသလိုပေါ့။

၁၁။ အိမ်ထောင်ရေးကို စိတ်ကုန်လာပြီလို့ တွေးနေမိတယ်ဆိုတာ အိမ်ထောင်ရေးကို မပြတ်သားနိုင်သေးလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၂။ အရာအားလုံးကို အကောင်းဆုံးနားလည်ထားရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားပါနဲ့။

၁၃။ အိမ်ထောင်ရေးမှာ မှန်တယ်ဆိုတိုင်းလည်း ခေါင်းမာနေလို့မရပါဘူး။

၁၄။ တစ်ခါတလေမှာ တိုက်ခိုက်ပြီးရအောင်ယူခဲ့တဲ့အရာတွေက အဲဒီတိုက်ခိုက်ရယူမှုနဲ့တောင် မတန်တာတွေ ရှိနေတတ်တယ်။ အရေးမပါတဲ့အရာတွေကြောင့် ကျွန်မတို့ရဲ့ အချိန်တွေကို ရန်ဖြစ်ရင်းနဲ့ မကုန်ဆုံးပါစေနဲ့။

၁၅။ ဘာပြဿနာပဲဖြစ်ဖြစ် အရင်တောင်းပန်ပြီး ချော့ပါ။ လင်မယားအချင်းချင်း တောင်းပန်တာက အောက်ကျို့ရတာမှ မဟုတ်ပဲ။

၁၆။ ရှင့်ဘက်က ဘာတွေအမှားလုပ်နေလဲဆိုတာကို ပိုပြီး ဂရုစိုက်ပါ။ ကျွန်မ ဘာတွေလုပ်နေလဲဆိုတာကို သိပ်ပြီးအာရုံမထားပါနဲ့။ ကျွန်မလည်း ကျွန်မ အမှားတွေကို အာရုံထားပြီး ဆင်ခြင်ပါ့မယ်။

၁၇။ ကျွန်မပြောတဲ့စကားတွေထက် ကျွန်မရဲ့ မျက်နှာအမူအရာကို မြင်အောင်ကြည့်ပါ။ ကျွန်မလည်း အလိုက်တသိနဲ့ ရှင့်ကို ဖြည့်ဆည်းပေးပါ့မယ်။

၁၈။ ဘာပြဿနာပဲရှိရှိ ပေါ်တင်ဖွင့်ပြောမယ်၊ အတူတူ ဖြေရှင်းမယ်။ ဒါမှမဟုတ်ရင် အိပ်ပျော်အောင် အိပ်ပစ်လိုက်၊ နောက်တစ်နေ့ကို သာသာယာယာဖြတ်သန်းကြမယ်လေ။

၁၉။ အိမ်ထောင်ရေးပညာက ခက်တယ်လို့ သူများတွေကပြောလာရင် လက်ခံလိုက်ပါ။ ကျွန်မတို့အတွက်လည်း ခက်ခဲနေတာ ကိုယ်တွေ့ပဲလေ။

၂ဝ။ တစ်ခုခုနဲ့ ပတ်သက်ပြီး စောဒကတက်မယ်ဆိုရင် ဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းတစ်ခုပါ ရှာပြီးမှ စောဒကတက်ပါ။

၂၁။ တစ်ခါတလေမှာ ကျွန်မက မုန်းတယ်လို့ပြောတာကို အတည်မယူပါနဲ့။

၂၂။ တစ်ခါတတလေ အတွေးတွေ သိပ်မများပါနဲ့။

၂၃။ အရင်တုန်းက ချစ်စရာကောင်းတယ်ဆိုတဲ့ ကျွန်မရဲ့ ကလေးဆန်တဲ့အကျင့်တွေကို အခုမှ မငြိုငြင်ပါနဲ့။ အရင်တုန်းကအတိုင်းပဲ မေတ္တာမပျက်ကြေးလေ။

၂၄။ ဘယ်အရာကိုမဆို လိုချင်တယ်ဆိုရင် တောင်းယူပါ။ လင်မယားချင်းဆိုပေမဲ့ လေးစားမှုလေးတွေ ထားကြမယ်လေ။

၂၅။ ကျွန်မတို့နှစ်ယောက်ကြား တစ်ယောက်က အသံကျယ်လေ၊ တစ်ယောက်က ငြိမ်ပြီး အလျှော့ပေးရအောင်လေ။

၂၆။ စိတ်ပျက်စရာတွေဆိုတာ ခဏပါ။ ခံယူတတ်မယ်ဆိုရင် ဘဝကပျော်စရာကြီးပါ။

၂၇။ တစ်ယောက်နဲ့တစ်ယောက် တောင်းပန်တယ်ဆိုရင်လည်း သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးကြရအောင်။

၂၈။ “ပျော်ရွှင်စွာ လက်ထပ်ပြီးစီးကြောင်း” ဆိုတာ “တစ်သက်တာလုံး ပျော်ရွှင်စွာ ပေါင်းဖက်နေထိုင်သွားကြလေသတည်း” ဆိုတာနဲ့ မတူပါဘူး။ လက်ထပ်ပွဲက ဘယ်လောက်ပဲ ခမ်းနားပါစေ၊ တစ်ဘဝလုံး ပျော်ရွှင်သွားဖို့က ရှင်နဲ့ကျွန်မ အတူတူလက်တွဲကြိုးစားသွားရမှာပါ။

သင့်အိမ်ထောင်ဖက် ဖတ်ဖို့ SHARE ပေးလိုက်ပါဦး။